မန်တုံမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီး

သျှမ်းပြည် မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အရပ်သားဒဏ်ရာရရှိခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၉ ရက်တွင် မန်တုံမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

မန်တုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၀ ကို တအာင်း(ပလောင်)တပ် TNLA က ဒီဇင်ဘာလ ၁၉ ရက် နံနက် ၅ နာရီဝန်းကျင်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မန်တုံမြို့အနီးတစ်ဝိုက်ရှိ လွယ်ကန်၊ မန်ဖန်၊ တာလတ်နှင့် ပန်နင်ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူတို့ဖြင့် အကြိမ်ရေများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မန်တုံဒေသခံများက ပြောသည်။

“တိုက်ပွဲမဖြစ်ခင် သုံးလေးရက်ကတည်းက ဖုန်းလိုင်းကော၊ အင်တာနက်ကော ပျောက်သွားတာ။ အခု တော်တော်များများလည်း ရှောင်နေကြပြီ။ လားရှိုးဘက် ရှောင်တဲ့လူကော၊ ရွာဘက်ကို ရှောင်တဲ့လူကော။ ဒီဇင်ဘာ လလယ်ကစပြီး နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတော့ မန်ကန်ရွာဘက်မှာလဲ အိမ်နဲ့ ဘုန်းကြီးကျောင်းကောပဲ ဗုံးထိတယ်လို့ ပြောတယ်”ဟု မန်တုံမြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မန်တုံမြို့နယ်မှ လားရှိုးမြို့သို့ စစ်ဘေးရှောင်မည့်သူများကို စစ်ကောင်စီတပ်က နမ့်ဆန်မြို့လမ်းခွဲတွင် တားဆီးစစ်ဆေးနေကြောင်းလည်း မန်တုံမြို့မှ ၎င်းစစ်‌ဘေးရှောင် အမျိုးသမီးက ဆက်ပြောသည်။

မန်တုံမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ရုံးဌာနအချို့တို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားသည်ဟု မန်တုံဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နမ့်ဆန်နှင့် နမ့်ခမ်းမြို့တို့ကို TNLA တပ်ဖွဲ့က အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး မန်တုံနှင့် နမ္မတူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...