Tuesday, January 27, 2026

မန်တုံမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီး

သျှမ်းပြည် မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အရပ်သားဒဏ်ရာရရှိခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၉ ရက်တွင် မန်တုံမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

မန်တုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၀ ကို တအာင်း(ပလောင်)တပ် TNLA က ဒီဇင်ဘာလ ၁၉ ရက် နံနက် ၅ နာရီဝန်းကျင်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မန်တုံမြို့အနီးတစ်ဝိုက်ရှိ လွယ်ကန်၊ မန်ဖန်၊ တာလတ်နှင့် ပန်နင်ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူတို့ဖြင့် အကြိမ်ရေများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မန်တုံဒေသခံများက ပြောသည်။

“တိုက်ပွဲမဖြစ်ခင် သုံးလေးရက်ကတည်းက ဖုန်းလိုင်းကော၊ အင်တာနက်ကော ပျောက်သွားတာ။ အခု တော်တော်များများလည်း ရှောင်နေကြပြီ။ လားရှိုးဘက် ရှောင်တဲ့လူကော၊ ရွာဘက်ကို ရှောင်တဲ့လူကော။ ဒီဇင်ဘာ လလယ်ကစပြီး နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတော့ မန်ကန်ရွာဘက်မှာလဲ အိမ်နဲ့ ဘုန်းကြီးကျောင်းကောပဲ ဗုံးထိတယ်လို့ ပြောတယ်”ဟု မန်တုံမြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မန်တုံမြို့နယ်မှ လားရှိုးမြို့သို့ စစ်ဘေးရှောင်မည့်သူများကို စစ်ကောင်စီတပ်က နမ့်ဆန်မြို့လမ်းခွဲတွင် တားဆီးစစ်ဆေးနေကြောင်းလည်း မန်တုံမြို့မှ ၎င်းစစ်‌ဘေးရှောင် အမျိုးသမီးက ဆက်ပြောသည်။

မန်တုံမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ရုံးဌာနအချို့တို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားသည်ဟု မန်တုံဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နမ့်ဆန်နှင့် နမ့်ခမ်းမြို့တို့ကို TNLA တပ်ဖွဲ့က အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး မန်တုံနှင့် နမ္မတူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...