နမ္မတူမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ရာ ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွား ကြောင်း စုံစမ်းသိရသည်။

ယနေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၅ နာရီကျော်မှ ၁၀ နာရီဝန်းကျင်အထိ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ တပ်အမှတ် (၃၂၄) မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး နှင့် အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးအချက်ပေါင်း ၂၀ ကျော်ပစ်ခဲ့တာ။ တစ်ဖက်သတ်ကြီး ရမ်းပစ်နေတာမျိုးပေါ့။ ရပ်ကွက် (၆) ထဲက အိမ်တစ်လုံး၊ ရပ်ကွက် (၉) ထဲက အိမ်တစ်လုံးထိမှန်ပျက်စီးတယ်၊ အိမ်ထဲမှာ ရှိနေတဲ့ အသက် (၆) နှစ်အရွယ် ကလေးနဲ့ အသက် (၂၀) ကျော် အမျိုးသား တစ်ဦးလည်း သေနတ်ကျည်ဆံ ထိခိုက်ဒဏ်ရာရသွားတယ်” ဟု လုံခြုံရေး အရ အမည် မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသည့် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး နှင့် အသက် (၂၀) ကျော် အရွယ်အမျိုးသားသည် နေအိမ်အတွင်း ရှိနေစဉ် ခမရ (၃၂၄) မှ ပစ်လိုက်သည့် စက်သေနတ် ကျည်ဆန်မှ အိမ်နံရံဖောက်ထွင်းကာ လူကို ထိမှန်ခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“လူကိုထိတာကတော့ လက်နက်ကြီး မဟုတ်ပါဘူး၊ သေနတ်ကျည်ဆံထိတာပါ။ လက်နက်ကြီး နဲ့ အတူ စက်သေနတ်တွေလည်း ပစ်ကြတာလေ၊ အဲ့ဒါ ကျည်ဆံက အိမ်ကိုဖောက်ပြီး လူကို လာထိတာ၊ ဒဏ်ရာပြင်းတယ်၊ ဆေးရုံတက်ရမယ်တဲ့” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ ခမရတပ် (၃၂၄) တပ်သည် လက်နက်ကြီး / လက်နက်ငယ်များဖြင့် နေ့/ည အချိန်မရွေ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ဖြစ်နေကြောင်းလည်း ဒေသခံများ ထံမှ သတင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နမ္မတူမြို့အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့က လက်နက်ကြီးဖြင့် အချင်းချင်း ပစ်ခတ်မှု ရှိခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဥ်နီးပါး တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်းသိရသည်။

လက်ရှိအချိန်မှာလည်း တအာင်း (ပလောင်) TNLA ၏ ညွှန်ကြားမှုကြောင့် နမ္မတူမြို့နယ်မှ ကျေးရွာပေါင်း (၂၀) နီးပါးရှိ ဒေသခံ (၅၀၀) ကျော်တို့သည် စစ်ရှောင်ထွက်ပြေးနေရပြီး လားရှိုးဘက် စစ်ရှောင်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်မှ တားမြစ်ပိတ်ပင်ထားကြောင်းလည်း စစ်ရှောင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးဘက် စစ်ရှောင်သွားကြမယ့်သူတွေက လားရှိုးအဝင် စစ်ဆေးရေးဂိတ်မှာ တားမြစ်စစ်ဆေးခံရပြီး စစ်ရှောင်လာတာဆိုရင် မြို့ထဲ ပေးမဝင်ဘူးလို့ ပြောကြတယ်။ ကျနော်တို့ကတော့ တောင်ယာ စိုက်ခင်း တဲမှာပဲ စစ်ရှောင်ခိုလှုံနေတာပေါ့၊ ဒါပေမဲ့ လုံခြုံဘေးကင်းတဲ့နေရာတော့ မဟုတ်သေးဘူး။ တိုက်ပွဲထပ်ဆိုးလာရင်တော့ ထပ်ရှောင်ရမယ်” ဟု နမ္မတူမြို့ခံ အသက် (၃၀) ကျော် စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နမ္မတူမြို့နယ်မှ ၎င်းတို့၏ တပ်စခန်းနေရာ အချို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်ဆုတ်ပေးနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...