Tuesday, January 27, 2026

နမ္မတူမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ရာ ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွား ကြောင်း စုံစမ်းသိရသည်။

ယနေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၅ နာရီကျော်မှ ၁၀ နာရီဝန်းကျင်အထိ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ တပ်အမှတ် (၃၂၄) မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး နှင့် အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးအချက်ပေါင်း ၂၀ ကျော်ပစ်ခဲ့တာ။ တစ်ဖက်သတ်ကြီး ရမ်းပစ်နေတာမျိုးပေါ့။ ရပ်ကွက် (၆) ထဲက အိမ်တစ်လုံး၊ ရပ်ကွက် (၉) ထဲက အိမ်တစ်လုံးထိမှန်ပျက်စီးတယ်၊ အိမ်ထဲမှာ ရှိနေတဲ့ အသက် (၆) နှစ်အရွယ် ကလေးနဲ့ အသက် (၂၀) ကျော် အမျိုးသား တစ်ဦးလည်း သေနတ်ကျည်ဆံ ထိခိုက်ဒဏ်ရာရသွားတယ်” ဟု လုံခြုံရေး အရ အမည် မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသည့် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး နှင့် အသက် (၂၀) ကျော် အရွယ်အမျိုးသားသည် နေအိမ်အတွင်း ရှိနေစဉ် ခမရ (၃၂၄) မှ ပစ်လိုက်သည့် စက်သေနတ် ကျည်ဆန်မှ အိမ်နံရံဖောက်ထွင်းကာ လူကို ထိမှန်ခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“လူကိုထိတာကတော့ လက်နက်ကြီး မဟုတ်ပါဘူး၊ သေနတ်ကျည်ဆံထိတာပါ။ လက်နက်ကြီး နဲ့ အတူ စက်သေနတ်တွေလည်း ပစ်ကြတာလေ၊ အဲ့ဒါ ကျည်ဆံက အိမ်ကိုဖောက်ပြီး လူကို လာထိတာ၊ ဒဏ်ရာပြင်းတယ်၊ ဆေးရုံတက်ရမယ်တဲ့” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ ခမရတပ် (၃၂၄) တပ်သည် လက်နက်ကြီး / လက်နက်ငယ်များဖြင့် နေ့/ည အချိန်မရွေ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ဖြစ်နေကြောင်းလည်း ဒေသခံများ ထံမှ သတင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နမ္မတူမြို့အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့က လက်နက်ကြီးဖြင့် အချင်းချင်း ပစ်ခတ်မှု ရှိခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဥ်နီးပါး တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်းသိရသည်။

လက်ရှိအချိန်မှာလည်း တအာင်း (ပလောင်) TNLA ၏ ညွှန်ကြားမှုကြောင့် နမ္မတူမြို့နယ်မှ ကျေးရွာပေါင်း (၂၀) နီးပါးရှိ ဒေသခံ (၅၀၀) ကျော်တို့သည် စစ်ရှောင်ထွက်ပြေးနေရပြီး လားရှိုးဘက် စစ်ရှောင်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်မှ တားမြစ်ပိတ်ပင်ထားကြောင်းလည်း စစ်ရှောင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးဘက် စစ်ရှောင်သွားကြမယ့်သူတွေက လားရှိုးအဝင် စစ်ဆေးရေးဂိတ်မှာ တားမြစ်စစ်ဆေးခံရပြီး စစ်ရှောင်လာတာဆိုရင် မြို့ထဲ ပေးမဝင်ဘူးလို့ ပြောကြတယ်။ ကျနော်တို့ကတော့ တောင်ယာ စိုက်ခင်း တဲမှာပဲ စစ်ရှောင်ခိုလှုံနေတာပေါ့၊ ဒါပေမဲ့ လုံခြုံဘေးကင်းတဲ့နေရာတော့ မဟုတ်သေးဘူး။ တိုက်ပွဲထပ်ဆိုးလာရင်တော့ ထပ်ရှောင်ရမယ်” ဟု နမ္မတူမြို့ခံ အသက် (၃၀) ကျော် စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နမ္မတူမြို့နယ်မှ ၎င်းတို့၏ တပ်စခန်းနေရာ အချို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်ဆုတ်ပေးနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...