စစ်ရှောင်
မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာ
သျှမ်းပြည် မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် မန်တုံမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၀ ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မန်တုံမြို့သည် နမ့်ဆန်၊ နမ့်ခမ်းနှင့်...
နမ့်ခမ်းတွင် နေ့စဥ်နီးပါး အိမ်များဖောက်ထွင်းခံရ
နမ့်ခမ်းမြို့တွင် TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ပြည်သူနေအိမ်များ နေ့စဉ်နီးပါး ဖောက်ထွင်းခံနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် နမ့်ခမ်းမြို့တွင် "၁၀၂၇ စစ်ဆင်ရေး" စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြသည်။ ထို့နောက် နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့မှ ဒီဇင်ဘာ ၁၉ရက် နံနက် ၁နာရီကျော်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး...
မူဆယ်မြို့ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်ပြတ်သွား
သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရွှေလီမြစ်(နမ့်မောဝ်) ကမ်းဘေး နွားခြံတစ်ခုအနီးတွင် ယနေ့ (ဒီဇင်ဘာလ ၂၃) ရက် နေ့လည် ၁ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦး...
နမ္မတူမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ရာ ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွား ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၅ နာရီကျော်မှ ၁၀ နာရီဝန်းကျင်အထိ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ၏...
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၉ ထောင်ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲများကြောင့် ဒေသခံများသည်...
သီပေါမြို့နယ်၊ ကျင်သီရွာခံ စစ်ရှောင်များ စားသောက်ရေး နှင့် အနွေးထည် အကူအညီများလိုအပ်
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှ စစ်ဘေး တိမ်းရှောင်ထွက်ပြေး နေရသည့် ဒေသခံ များသည် နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စားသောက်ရေး နှင့် အနွေးအထည် အကူအညီများ လိုအပ်နေ ကြောင်းစုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား...
နေရပ်ပြန် ပစ္စည်းပြန်ယူသည့် ကရင်နီပြည်စစ်ရှောင်များ ပျောက်ဆုံးနေ
SHAN -
သျှမ်းတောင် ဒေသများသို့ တိမ်းရှောင်လာကြသော စစ်ရှောင်အချို့သည် နေရပ်တွင်ကျန်ရှိနေသော ပစ္စည်းများကို ပြန်ယူရာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ "၁၁.၁၁ စစ်ဆင်ရေး" ကြောင့် သျှမ်းပြည်သို့ တိမ်းရှောင်လာသည့် ကရင်နီပြည်သူများသည် မိမိနေအိမ်များဖော်ထွင်းခံနေရသည်ဆိုသည့် သတင်းကြောင့် အရဲစွန့်နေရပ်ပြန်ကာ ပစ္စည်းပြန်ယူနေကြသည်။ ထိုသို့ ပြန်ယူကြသူများ စုစုပေါင်း (၄၀)ကျော်ရှိပြီး၊ ထိုသူများသည် လက်ရှိအချိန်ထိ...
မန်တုံမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီး
သျှမ်းပြည် မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အရပ်သားဒဏ်ရာရရှိခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် မန်တုံမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း...
နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅...
ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) ညနေ ၅...





