အခက်အခဲကြားစစ်ဘေးရှောင်များ ခရစ္စမတ်ကို တတ်နိုင်သည့်အားဖြင့် ကျင်းပပြုလုပ်

သျှမ်းတောင် ဒေသများကို ထွက်ပြေး တိမ်းရှောင်လာသည့် ကရင်နီပြည်မှ ဒေသခံ အများစုမှာ ခရစ်ယာန် ဘာသာ၀င်များ ဖြစ်ကြပြီး ယခုနှစ် ခရစ္စမတ်ကာလကို အခက်အခဲများကြား ပွဲအကျဉ်းချုပ်သာ ပြုလုပ်ဖြတ်သန်းနေကြကြောင်း စုံစမ်းသိရသည်။

စစ်ရှောင် ခရစ်စမတ်

ကရင်နီပြည်နယ်ရှိ ဒေသခံအများစုသည် အာဏာမသိမ်းခင် နှစ်များတွင် ခရစ်စမတ်ကာလကို စည်ကား ပျော်ရွှင်စွာဖြင့် ဖြတ်သန်းခဲ့ကြသော်လည်း ယခုနှစ် ခရစ္စမတ်တွင်နေရပ် မဟုတ်သည့် ဒေသများတွင် စစ်ရှောင်ကာ အဆင်မပြေမှုများကြားက အချင်းချင်း အားပေးကူညီရင်း ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ပြုလုပ်ရန် ဆောင်ရွက်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးထံမှ သိရှိရသည်။

“ခရစ္စမတ်ဆိုပေမယ့် မပျော်ရပါဘူး။ ပျော်လည်း မပျော်ရက်ဘူး။ ဒါပေမယ့် ကလေးတွေက ခရစ္စမတ် ဖြတ်သန်းချင်တယ်ဆိုတော့ စုပြီး သီချင်းတိုက်ပေးတယ်။ ကလေးတွေ ကယ်ရိုစင်းထွက်လို့ ရတဲ့ ရန်ပုံငွေနဲ့ ဒီညနေမှာ ဆန်ပြုတ်ချက်ပေးမယ်။ ဒီမနက်တော့ ကျမတို့ မိသားစုတွေနဲ့ ဘုရားကျောင်းတက်မယ်ပေါ့။ လက်ရှိက ဒီလောက်ပဲ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လေ” ဟု အဆိုပါ အမျိုးသမီး ကပြောပြသည်။

စစ်ရှောင် ခရစ်စမတ်

ခရစ္စမတ်ကို အဆင်ပြေသလို အကျဥ်းချုပ် ပြုလုပ်နေသော တိမ်းရှောင်ရသူများအတွက် သျှမ်းတောင် ဒေသခံအချို့မှ စားစရာများနှင့် အမိုးအကာ အခင်းအချို့ လှူဒါန်းပါ၀င်ပေးကြောင်းလည်း ထပ်မံသိရှိရသည်။

“ဒေသခံ အလှူရှင်တွေက ဘုရားကျောင်းကနေ ပြန်လာရင် ခေါက်ဆွဲကြော် စားဖို့ လှူပေးတာ ရှိတယ်။ နောက်ပြီး စောင်အခင်းအချို့ပေါ့၊ စစ်ရှောင်တွေက အရမ်းများတော့ လူသစ်တွေအတွက်ပဲ အဆင်ပြေသလို စီစဥ်ပေးထားပါတယ်။ ခရစ်စမတ်မှာ မပျော်ပဲ ခုလို ဖြတ်သန်းနေရပေမယ့် ဘုရားကျောင်းတက်ခွင့် ရနေသေးတယ် ဆိုပြီးပဲ ပြန်နှစ်သိမ့်မိတယ်” ဟု ၎င်းက ထပ်လောင်း ပြောသည်။

ယခုအချိန်တွင် သျှမ်းတောင်ကို ရောက်ရှိနေကြသော စစ်ရှောင်အများစုမှာ စားနပ်ရိက္ခာ ရှားပါးမှု၊ နေရာထိုင်ခင်း၊ အ၀တ်နှင့် စောင်များ မလုံလောက်မှု ဒဏ်များကို ရင်ဆိုင် ကျော်ဖြတ်နေကြရပြီး စစ်ကောင်စီဘက်မှ စစ်ရှောင်များအတွက် အလှူရှင်များ သွားရောက်လှူဒါန်းခြင်း မပြုနိုင်ရန် ပိတ်ဆိုမှုများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် သျှမ်းတောင်ရှိ စစ်ရှောင်စခန်းအချို့တွင် ဘာသာရေး စုဝေးဆုတောင်းပွဲများ မပြုလုပ်ရန် စစ်ကောင်စီဘက်မှ ပိတ်ပင်တားဆီးထားပြီး ခရစ်ယာန် ဆုတောင်းပွဲပြုလုပ်ရန် အဆောက်အအုံများကို ဖြိုချဖျက်ဆီးခြင်းများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...