မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာ

သျှမ်းပြည် မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာကြောင်း စုံစမ်းသိရသည်။

မန်တုံမြို့ TNLA သိမ်းပိုက်နိုင်ခဲ့

ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် မန်တုံမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၀ ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မန်တုံမြို့သည် နမ့်ဆန်၊ နမ့်ခမ်းနှင့် မိုင်းလုံမြို့တို့ကဲသို့ TNLA တပ်ဖွဲ့က စတုတ္ထမြောက် အလုံးစုံ ထိန်းချုပ်ထားနိုင်သည့် မြို့ဖြစ်လာသည်။

မန်တုံမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို TNLA တပ်ဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ ဒီဇင်ဘာလ ၂၂ ရက်တွင် မန်တုံမြို့အခြေစိုက် ခလရ-၁၃၀ ဗျူဟာကုန်း အပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့၏ မန်တုံမြို့သိမ်းတိုက်ပွဲ ၄ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ နီးပါးပြုလုပ်ခဲ့ပြီး စံချိန်တင် ဗုံးကြဲချမှုအဖြစ် အကြိမ်ရေ ၁၀၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လက်နက်ကြီးဖြင့်လည်း အကြိမ်ရေ ၁၀၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန်တုံမြို့ TNLA သိမ်းပိုက်နိုင်

ထို့အပြင် မန်တုံတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ TNLA တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး နမ့်ခမ်း၊ နမ့်ဆန် စသည့် မြို့ကြီးများကို အလုံးစုံ ထိန်းချုပ်လာနိုင်သည့် အနေအထားကို သျှမ်းသံတော်ဆင့်က TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်ထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပါ။

မန်တုံမြို့နယ်တွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ ပြင်းထန်သည့် နှစ်ဘက်တိုက်ပွဲအကြား ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်ပျက်စီးမှုတို့ကို အသေးစိတ်မသိရှိရသေးဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီဇင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...