ထီရီးရွာတွင် လက်နက်ကြီးများ ကျရောက်၊ ဒေသခံများနှင့်အတူ စစ်ရှောင်များပါ ထပ်မံ တိမ်းရှောင်နေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် ထီရီး ကျေးရွာတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သောလက်နက်ကြီးများ ကျရောက်မှုနှင့် သေနတ်သံများကြောင့် ကျေးရွာ ဒေသခံများအပြင် ကရင်နီပြည်မှ စစ်ရှောင်လာသူများပါ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသဖြစ်သော ထီရီး နှင့် ဆောင်နန်းခဲ ကျေးရွာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁) ရက်မှ (၁၄)ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်ဘက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် ကျေးရွာနေ ပြည်သူများ ထိတ်လန့်ကြောက်ရွံကာ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

“တိုက်ပွဲထပ်ဖြစ်မှာ ကြောက်တာရော၊ လက်နက်ကြီးထိမှာရော ကြောက်ရတာပေါ့။ အမှန်က ကျတော်တိုက ကရင်နီကနေ စစ်ရှောင်လာရတာပါ။ ရှောင်တဲ့နေရာမှာ ဒီလိုဖြစ်တော့ ထပ်ရှောင်နေရတာပေါ့။ စစ်ရှောင်ရတာလည်း သုံး၊လေးခါလောက် ရှိနေပါပြီ။ ရွာခံတွေလည်း သီးနှံရိတ်သိမ်းချိန်မှာ ထွက်ပြေးနေရတော့ ခက်ခဲကြတာပေါ့။ ဒါပေမယ့်လည်း လက််နက်ကြီး ထိမှာတော့စိုးရိမ်ကြတာပေါ့။ တိုက်ပွဲလည်း အချိန်မရွေး ဖြစ်ပွားနိုင်တယ်။ ကျနော်တို့က အခု လောလောဆယ် ညောင်ရွှေက စစ်ရှောင်စခန်းမှာပဲ သွားနေပါတယ်” ဟု စစ်ရှောင်အမျိုးသား တစ်ဦးမှ ပြောကြားသည်။

ရွာထဲထိ လက်နက်ကြီးများ ကျရောက်မှူကြောင့် ရွာခံများမှာ နီးစပ်ရာ ရွာများနှင့် ခိုလှုံနိုင်သော ဒေသများတွင် တိမ်းရှောင်နေကြရပြီး တိုက်ပွဲ အခြေအနေကို သေချာမသိရှိသေးတာကြောင့် အိမ်မပြန်သေးဘဲ အခြေအနေ စောင့်ကြည့်နေကြောင်းလည်း ထပ်မံ သိရှိရသည်။

၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်မှ စတင်၍ ကရင်နီပြည်နှင့် သျှမ်းကယား နယ်စပ်ဒေသများတွင် မြို့သိမ်း တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင်လည်း ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲ ကျေးရွာ တောင်ပေါ်မှ စစ်ကောင်စီ တပ်စခန်းပွိင့်ကုန်းကို တော်လှန်ရေးတပ်ပေါင်းစုများမှ တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်နီပြည် နှင့် သျှမ်း-ကရင်နီ နယ်စပ်မှ စစ်ရှောင် အမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေရပြီး တိုးမြှင့်လာသည့် တိုက်ပွဲ အခြေအနေကြောင့် အကြိမ်ကြိမ် တိမ်းရှောင်ရသူများလည်း ရှိနေပြီး ခက်ခဲစွာဖြင့် စစ်ရှောင်ကာလကို ကျော်ဖြတ်နေကြကြောင်းလည်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...