နမ့်ခမ်းမြို့သိမ်း‌အောင်ပွဲ ဆင်နွှဲမည့် TNLA တပ်ဖွဲ့ကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့က မြို့သိမ်းအောင်ပွဲ ဆင်နွှဲလာမည့်အပေါ် ဒေသခံများက လုံခြုံရေးကို အလွန်အမင်း စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ နမ့်ခမ်းမြို့သိမ်းအောင်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်တွင် ပြုလုပ်မည်ဟု ဒေသခံများအကြား ပျံ့နှံ့နေပြီး ၎င်းလုပ်ရပ်ကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်နေရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“မနက်ဖန် နမ့်ခမ်းမြို့လယ်ခေါင်မှာ TNLA တပ်ဖွဲ့က မြို့သိမ်းအောင်ပွဲလုပ်မယ်ဆိုပြီးတော့ အိမ်စောင့်တဲ့လူတွေမရှိရင် တပ်သားတွေကြောင့် ထိခိုက်ပျက်စီးမှုကို တာဝန်မယူဘူးလို့ ရွာလူကြီးတွေကို ပြောထားတာ။ ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကို ဖောက်ဖျက်တာမျိုးလုပ်လာရင် တာဝန်မယူဘူးလို့ ပြောလာတာ”ဟု နမ့်ခမ်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့ TNLA သိမ်းပိုက်

နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၉ ရက်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့တွင်း၌ TNLA တပ်သားများ နေရာယူထားသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၏နေအိမ်မှာ နေ့စဉ်ဖောက်ထွင်းခံနေရပြီး နေအိမ်ထဲရှိ ပစ္စည်းများ ခိုးယူခံနေရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

ထိုအိမ်များသည် လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုရှိသကဲ့သို့ အချို့နေအိမ်များမှာ တမင်တကာ လာရောက်ဖျက်ဆီးထားသည့် အနေအထားဖြစ်ကြောင်း တိုက်ပွဲငြိမ်သက်ပြီးနောက် နေအိမ်ပြန်သွားကြည့်သူများက ပြောသည်။

“စိတ်ပူတာကတော့ သူတို့စစ်သားတွေ မြို့ထဲမှာ ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်လာတိုက်မှာကိုပေါ့။ ဒီနေ့တောင်မှ လေယာဉ် ၂ ခါလာတယ်။ ဒရုန်းတွေကော မြို့ထဲမှာ ပျံနေတာ။ မနက်ဖန် TNLA တပ်ဖွဲ့က မြို့သိမ်းအောင်ပွဲလုပ်မယ်လို့ ပြောကြတော့ နမ့်ခမ်းက လူတွေက သူတို့စစ်သားတွေ အိမ်ဖျက်တာမျိုး လုပ်မှာကြောက်လို့ အိမ်ပြန်စောင့်ဖို့ လုပ်နေကြပြီ”ဟု ဒေသခံများ၏ စိုးရိမ်ပူပန်မှုကို နမ့်ခမ်းမြို့မှ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ နမ့်ခမ်းမြို့လယ်ရှိ အာဇာနည်ကျောင်တိုင်ကိုလည်း ဒီဇင်ဘာလ ၂၁ ရက်က TNLA တပ်ဖွဲ့မှ မြေကော်ကားဖြင့် လာ‌ရောက်ဖျက်ဆီးသွားခဲ့ပြီး စစ်အာဏာရှင်ချေမှုန်းရေး ပြုလုပ်နေသော ညီနောင်မဟာမိတ်၃ ဖွဲ့တို့အနေဖြင့် သမိုင်းဝင်နေရာများ ထပ်မံဖျက်စီးပြီး လူမျိုးရေးပဋိပက္ခ အသွင်ပြောင်းသွားမည်ကို စိုးရိမ်နေကြကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

ယခုကဲ့သို့ “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ TNLA တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး နမ့်ခမ်း၊ နမ့်ဆန် စသည့် မြို့ကြီးများကို အလုံးစုံ ထိန်းချုပ်လာနိုင်သည့် အနေအထားကို သျှမ်းသံတော်ဆင့်က TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်ထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပါ။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိသည့် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ တစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့စဉ်အတွင်း တပ်သား ၅၀ နီးပါးကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်၌ အပြီးသတ် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကာ နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လနီးပါးကာလအတွင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၆ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး သေဆုံးပြီး ၃၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၂၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...