နမ့်ခမ်းတွင် နေ့စဥ်နီးပါး အိမ်များဖောက်ထွင်းခံရ

နမ့်ခမ်းမြို့တွင် TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ပြည်သူနေအိမ်များ နေ့စဉ်နီးပါး ဖောက်ထွင်းခံနေရကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းနေအိမ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြသည်။

ထို့နောက် နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့မှ ဒီဇင်ဘာ ၁၉ရက် နံနက် ၁နာရီကျော်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာ နမ့်ခမ်းမြို့ဒေသခံ နေအိမ်များ နေစဥ် ဖောက်ထွင်းခံနေရပြီး၊ နေအိမ်အတွင်းရှိ ပစ္စည်းအကောင်းများ၊ တန်ဖိုးကြီးပစ္စည်းများ သယ်ဆောင်သွားကြောင်း နမ့်ခမ်းမြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” ကျမတို့ နေအိမ်ပြန်ကြည့်တော့ အိမ်ထဲက တန်ဖိုးရှိတဲ့ပစ္စည်းတွေဘာတစ်ခုမှ မကျန်ခဲ့ဘူး။ အိမ်တွေလည်း ရစရာမရှိပျက်စီးကုန်ပြီ” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသမီး ကဆိုသည်။

နမ့်ခမ်းနေအိမ်ပျက်စီး

လက်ရှိ နမ့်ခမ်းမြို့အတွင်း TNLA တပ်သားများ နေရာယူထားသော်လည်း စစ်ရှောင်ပြည်သူများ၏နေအိမ်ကို နေ့စဥ် ဖောက်ထွင်းခံရပြီး နေအိမ်ထဲရှိ ပစ္စည်းများခိုးယူခံနေရခြင်း ဆက်ရှိနေသေးကြောင်း၊အိမ်များသည် လက်နက်ကြီးကြောင့်ပျက်စီးမှုရှိသကဲ့သို့ အချို့နေအိမ်များမှာ တမြင်လာရောက်ဖျက်ဆီးသွားကြောင်း တိုက်ပွဲငြိမ်သက်ပြီးနောက် နေအိမ်ပြန်သွားကြည့်သူများက ပြောသည်။

“တချို့အိမ်တွေက လူမရှိလို့ အခန်းတွေဝင်ရှာသွားတာပေါ့။ ဘယ်သူ နေရဲမလဲ။အိမ်ကလူတွေ ပစ္စည်း သယ်ချင် တောင် ပေးမသယ်ဘူး။ ဆေးရုံမှာလည်း သူတို့ပဲ နေနေတာလေ။ ကိုယ့်ပစ္စည်းကိုယ်ဝင်ယူတာ တောင်မရဘူး။ နောက်အိပ်ခန်းတွေ သော့ဖျက်ထားတာ၊ သူတို့သတင်းတွေကို ဖွရင် အိမ်မီးရှို့ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်” ဟု နမ့်ခမ်းမြို့ အသက် ၄၀အရွယ်ရှိ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်တွင် နမ့်ခမ်းမြို့ SMILE လက်ဖက်ရည်ဆိုင်ရှေ့ရှိ အာဇာနည်ကျောင်တိုင်ကို လည်း TNLA က မြေကော်ကားဖြင့် လာ‌ရောက်ဖျက်ဆီးသွားကြောင်း နမ့်ခမ်းပြည်သူဒေသခံများက ပြောသည်။

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် TNLA မှ တစ် လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက် လာစဉ်အတွင်း တပ်သား ၅၀ နီးပါးကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရရှိကြောင်း ထုတ်ပြန်ခဲ့ပြီး တစ်ပတ်အကြာ တပ်စခန်းများ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများအား အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

သို့နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို မသိမ်းပိုက်နိုင်ခင် ရက်ပိုင်းအလိုမှာလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့သည် တရုတ်နိုင်ငံ​ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...