သီပေါမြို့နယ်၊ ကျင်သီရွာခံ စစ်ရှောင်များ စားသောက်ရေး နှင့် အနွေးထည် အကူအညီများလိုအပ်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှ စစ်ဘေး တိမ်းရှောင်ထွက်ပြေး နေရသည့် ဒေသခံ များသည် နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စားသောက်ရေး နှင့် အနွေးအထည် အကူအညီများ လိုအပ်နေ ကြောင်းစုံစမ်းသိရသည်။

စစ်ကောင်စီဝင်ရောက်မွှေနှောက် ပစ္စည်းသိမ်းယူသွားသည့် ကျင်သီတံတားအနီးရှိရွာပုံ

ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) တို့၏ တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ကျင်သီကျေးရွာမှ ဒေသခံများသည် တစ်လကျော်ကြာအထိ နေရပ်မပြန်နိုင်ကြသေးဘဲ စားနပ်ရိက္ခာ နှင့် အနွေးထည် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်နေသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ စစ်ရှောင်နေရတာ တစ်လကျော်ကြာပြီ။ TNLA စစ်သားတွေက ကျင်သီတံတားထိပ်နဲ့ ရွာနားမှာ ရှိနေ သေးလို့ ရွာထဲကိုလည်း မပြန်ရဲသေးဘူး၊ အခုက တောထဲက ယာခင်းတဲမှာ ခိုလှုံနေရတာ။ ဟိုတစ်စု ဒီတစ်စု နဲ့ ကျမတို့ စုစုပေါင်း အိမ်ခြေ ၁၀၀ ကျော်ရှိတယ်၊ စားဖို့သောက်ဖို့ရော၊ စောင်တွေ အနွေးထည်ရော လိုအပ်တယ်” ဟု စစ်ရှောင်နေရသူ ကျင်သီရွာခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်၌ ဒေသအတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း တအာင်း (ပလောင်)တပ် TNLA မှ ကျေးရွာ အနီးတစ်ဝိုက် ဆက်လက်နေရာယူ တပ်စွဲထားသည့်အတွက် စစ်ကောင်စီ တပ်နှင့် ထပ်မံ တိုက်ပွဲဖြစ်ပွားကို စိုးရိမ်ပြီး နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

ထို့အပြင် ကျင်သီတံတား ဖျက်ဆီးခံရပြီးသည့်နောက်TNLA တပ်သားများသည် ကျင်သီချောင်းကူးရန်အတွက် ဒေသခံများ လှေအသုံးပြုမှုကို တားမြစ်ထားသည့် အတွက် သွားလာဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးတို့ အတွက်လည်း အခက်အခဲများ ရှိနေကြောင်း အထက်ပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကျမတို့ဆီကို စစ်ရှောင်ကူညီပေးတဲ့သူတွေကနေ နှစ်ခေါက်ရောက်တယ်။ သူတို့ တစ်ခေါက်ရောက်လာရင် မိသားစုတစ်စုကို ဆန် သုံးပြည်၊ ငါးပြည် အဲ့လို ခွဲတမ်းတော့ရတယ်။ ဒါပေမဲ့ ခုတော့ မလာနိုင်တော့ဘူး၊ ကျမတို့ ဝယ်ခြမ်းဖို့ မြို့တက်ဖို့ TNLA က ချောင်းကို ကူးဖို့ လှေကို အသုံးပြုခွင့်မပေးဘူး၊ ကျမတို့မှာ ရှိတာလေးနဲ့ အချင်းချင်းမျှပြီး ချွေတာ စားနေရတာ ၊ တော်တော်ခက်ခဲတယ်” ဟု အထက်ပါ စစ်ရှောင်အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိအချိန်သည် ဆောင်းရာသီလည်း ဖြစ်သည့်အတွက် တောတောင်ထဲရှိ တောင်ယာစိုက်ခင်းများ၌ စစ်ရှော င်ခိုလှုံနေရသည့် ကျင်သီဒေသခံများတွင် ကလေးငယ် နှင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများအတွက် အနွေးထည်၊ စောင်များလည်း အရေးကြီး အကူအညီလိုအပ်နေကြောင်း သိရသည်။

သီပေါ ကျင်သီး တံတား ဖျက်ဆီး

“ညဘက်ဆို ကလေးငယ်တွေ နွေးအောင်ဆိုပြီး ကောက်ရိုးပုံထဲ ကွေးနေအောင်အိပ်တာ၊ လူကြီးတွေလည်း အဲ့လိုပဲ၊ စောင် နဲ့ အနွေးထည်က လုံလုံလောက်လောက် မရှိကြလို့လေ၊ ရွာပြန်ယူဖို့လည်း စစ်သားကို ကြောက်ရ တာနဲ့ လမ်းမှာတခုခုဖြစ်မှာကြောက်ရတာနဲ့ ဒီလိုပဲ တောထဲမှာ အတော် ဒုက္ခရောက်နေကြတယ်” ဟုလည်း အထက်ပါ အမျိုးသမီးက ဆက်ဆိုသည်။

ကျောက်မဲမြို့ နှင့် သီပေါမြို့ (ဘော်ကြို)ကြားရှိ ကျင်သီတံတားကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်တွင် TNLA တပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးမှုကြောင့် သွားလာ၍ မရခြင်းဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်တို့၏ သီပေါမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တောင်ယာစိုက်ခင်း၊ တောထဲ စစ်ရှောင်နေရသည့် ဒေသခံများ အပြင် သီပေါမြို့ပေါ်ရှိ ဘိုးတော်ကျောင်း၊ စံဖိတ်၊ နားလွယ်၊ နောင်ကတ် ဘုန်းကြီးကျောင်းများနှင့် ရွှေမောင်းသိလရှင်ကျောင်းတို့မှာလည်း စစ်ဘေးရှောင် ၁၀၀၀ နီးပါး ရောက်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...