နေရပ်ပြန် ပစ္စည်းပြန်ယူသည့် ကရင်နီပြည်စစ်ရှောင်များ ပျောက်ဆုံးနေ

သျှမ်းတောင် ဒေသများသို့ တိမ်းရှောင်လာကြသော စစ်ရှောင်အချို့သည် နေရပ်တွင်ကျန်ရှိနေသော ပစ္စည်းများကို ပြန်ယူရာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

“၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်းပြည်သို့ တိမ်းရှောင်လာသည့် ကရင်နီပြည်သူများသည် မိမိနေအိမ်များဖော်ထွင်းခံနေရသည်ဆိုသည့် သတင်းကြောင့် အရဲစွန့်နေရပ်ပြန်ကာ ပစ္စည်းပြန်ယူနေကြသည်။

ထိုသို့ ပြန်ယူကြသူများ စုစုပေါင်း (၄၀)ကျော်ရှိပြီး၊ ထိုသူများသည် လက်ရှိအချိန်ထိ သျှမ်းပြည် စစ်ရှောင်စခန်းသို့ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင် စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူခိုးကလည်း ရပ်ကွက်တွေထဲ နေ့တိုင်း ၀င်ဖောက်တယ်ကြားတော့ သူခိုးရန် ကြောက်လို့ ပြန်သွားယူကြတာ။ လွိုင်ကော်ကို ပစ္စည်းပြန်၀င်သယ်ဖို့က အန္တရာယ် အရမ်းများတယ်။ လက်နက်ကြီးတွေ၊ ကျည်ဆံတွေနဲ့၊ ပြည်သူကို တွေ့တာနဲ့ စစ်တပ်ဘက်က စနိုက်ပါနဲ့ ပစ်တာတွေလည်းရှိတယ်။ တချို့ကလည်း ၀င်ယူလို့ရတဲ့ ရပ်ကွက်၊ လုံး၀၀င်လို့မရတဲ့ရပ်ကွက် ဆိုပြီး သတင်း တင်ပေးတာတွေလည်း ရှိတော့ အဲ့ဒါကိုကြည့်ပြီး အ၀င်လမ်း၊ အထွက်လမ်း သိတဲ့သူတွေ သွားကြတာ” ဟု စစ်ရှောင်တစ်ဦးမှ ပြောပြသည်။

လွိုင်ကော်မြို့တွင်း နေရာအနှံတွင် ၁၁.၁၁စစ်ဆင်ရေးမှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး စစ်တပ်ဘက်မှ ပြည်သူပိုင် နေအိမ်၊ အဆောက်အအုံများကို မီးရှိဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် ပြည်သူများ ထိခိုက်သေဆုံးရပြီး နေအိမ်များနှင့် သာ့သနာအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်တပ်မှ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးခြင်းနှင့် အခွင့်ကောင်းယူကာ ဖောက်ထွင်းခိုးယူသူများကြောင့် ပစ္စည်း ပြန်သယ်သူများထဲတွင် ပြန်လာသူများရှိသလို ယခုထက်ထိ အဆက်သွယ် မရသေးဘဲ ပြန်မလာသူများလည်း ရှိနေသည်။

“ရပ်ကွက်ထဲ ၀င်လို့မရလို့၊ အိမ်ပျက်ဆီးသွားလို့ လိုတာတွေ သယ်မရပဲ ပြန်လာကြသူတွေလည်း ရှိသလို တချို့ကလည်း အခုထိ အဆက်အသွယ်မရပဲ ပြန်မလာကြတော့ မိသားစု၀င်တွေ စိတ်ပူနေကြတယ်။ ကျတော်တို့ကတော့ အိမ်လည်း ရှိချင်မှ ရှိတော့မှာ၊ ပြန်လည်း မပြန်ရဲဘူး။ ထွက်လာဖို့တောင် မနည်း ကြိုးစားခဲ့ရတာ” ဟု အဆိုပါ စစ်ရှောင် အမျိုးသားမှ ထပ်လောင်း ပြောပြသည်။

လွိုင်ကော်မြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်မှုကြောင့်လည်းကောင်း၊ လက်နက်ကြီး၊ ကျည်ဆန် ထိမှန်မှုကြောင့်လည်းကောင်း၊ စစ်တပ်မှ ဖမ်းဆီးထားခြင်းကြောင့်လည်းကောင်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်း ဖြစ်နိုင်ကြောင်းလည်း စစ်ရှောင်များမှ ပြောကြားသည်။

စစ်ရှောင်အများစုမှာ ပြင်ဆင်ချိန်မရှိဘဲ တိမ်းရှောင်ခဲ့ရသဖြင့် စစ်ရှောင်စခန်းများတွင် ခက်ခဲစွာ နေထိုင်နေကြရပြီး စစ်ရှောင်ဦးရေ များပြားမှုနှင့် အလှူရှင် နည်းပါးမှုတို့ကြောင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ ကျပ်တည်းလျက်ရှိပြီး အဝတ်အထည်၊ စောင်ခင်းများနှင့် ဆေးဝါးအထောက်အပံ့များလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ပစ္စည်းများ #ကရင်နီပြည် #စစ်ရှောင်များ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...