စစ်ရှောင်
ကွတ်ခိုင် – လားရှိုး တောလမ်းကြမ်းတမ်းမှုကြောင့် အရေးပေါ်လူနာများနှင့် ကားများ အခက်ကြုံနေ
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် - လားရှိုး ခရီးစဉ်ကို တောလမ်းမှ ကွေ့ပတ်၍ သွားလာနေရသည့်အတွက် အရေးပေါ်လူနာများနှင့် လူနာတင်ယာဉ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ သွားလာသည့် လမ်းတလျှောက်တွင် တောလမ်းမှ ကွေ့ပတ်၍ သွားလာနေရပြီး ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် လမ်းခရီးများ ကြမ်းတမ်းခက်ခဲနေပြီး...
ပင်လောင်းမြို့နယ် ရက်တပတ်ကြာတိုက်ပွဲဖြစ် ရွာ ၇ရွာလုံးကျွတ် ထွက်ပြေးနေရ
စစ်ကောင်စီ အခြေစိုက်သည့် နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာကွာဝေးသည့် သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ရက်တစ်ပတ် ကြာ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်မှစ၍ စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်အတွင်းသို့ အင်အားအများအပြားဖြည့် စစ်ကြောင်းထိုးလာခဲ့ရာ ကရင်နီတော်လှန်ရေးအင်းအားစုတပ်ဖွဲများနှင့် ထိတွေ့ပြီး ဇွန်လ ၁၈ ရက်က...
ပင်လောင်းမြို့နယ် လက်နက်ကြီးထိ မိသားစုဝင် ၄ဦးအနက် အငယ်ဆုံးသမီး သေဆုံး
SHAN -
သျှမ်ပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လင်ခံကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင်၄ဦးသည် ဆေးကုသနေစဉ် အငယ်ဆုံးသမီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်းသိရသသည်။ ပြီးခဲ့သည့် ဇွန် ၂၀ရက် ညအချိန်တွင် ပင်လောင်းမြို့နယ် လင်ခံကျေးရွာ အတွင်းသို့ စစ်ကောင်စီ၏ ဆောင်းပြောင်းတပ်စခန်းမှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် မလပြည့်ဝန်းတို့ နေသောတဲအိမ်ပေါ်ကျပြီးနောက် တစ်မိသားစုလုံး...
PNLA နှင့် PDF တို့လက်နက်ကြီးပစ်ခတ်မှုကြောင့် လွယ်ကျိုင်းကျောင်းထိုင်ဆရာတော် တစ်ပါးပျံလွန်တော်မှုသွားဟု သတင်းအမှားဖြန့်နေ
သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မှုသွားသည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတစ်ခုဖြစ်သည့် People Media မှ “ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာအုပ်စု၊လွယ်ကျိုင်းကျေးရွာရှိ...
ရပ်စောက် သျှမ်းတပ် (၂) တပ် ထပ်မံပစ်ခတ်မှုဖြစ်၊ ဒေသခံများ တောင်ယာလုပ်ကိုင်ရန် အခက်တွေ့
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၉) ရက် နံနက် ၉ နာရီခန့်မှ စတင်ပြီး ရပ်စောက်မြို့နယ် အရှေ့မြောက်ဘက်ရှိ အင်တောမြို့အနီး ကျိုင်းခမ်းကျေးရွာအုပ်စုတွင် SSPP...
နေအိမ်ပေါ် လက်နက်ကြီးကျ မိသားစုလေးဦး ပြင်းထန်စွာဒဏ်ရာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊လင်းခေး(လင်ခံ)ရွာတွင် လက်နက်ကြီး လူနေအိမ်ပေါ် ကျရောက်ခြင်းကြောင့် နေအိမ်ထဲရှိ မိသားစုလေးဦးထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပင်လောင်းမြို့နယ် လင်းခေး( လင်ခံ)ကျေးရွာတွင် ယမန်နေ့ (ဇွန်လ၂၀)ရက် ည လူအိပ်နေချိန်၌ စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လင်းခေး (လင်ခံ)ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက...
ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ရက်တွင် ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲပြင်ထန်ပြီး ဒေသခံ တစ်ဦးနှင့် ကလေး နှစ်ဦးထိမှန်ခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့်...
ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ နေရာပြောင်းရွှေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) နံနက်ပိုင်းမှစ၍ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာသည့်အတွက် နမ်းဖာမူ၊...
ဆီဆိုင် မီးလောင် နေအိမ်ထောက်ပံ့ကြေး စစ်ကောင်စီ ဘက်တော်သားနှင့် နီးစပ်သူသာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများကြောင့်မီးလောင်ပျက်စီးခဲ့ရသည့်နေအိမ်များအတွက် ထောက်ပံ့ကြေးကို စစ်ကောင်စီ ဘက်တော်သားများနှင့် နီးစပ်သူများသာ ရရှိကြောင်း မြို့ခံတစ်ဦးက ယနေ့ (ဇွန် ၁၈)ရက်တွင် ပြောသည်။ စစ်ကောင်စီဘက်တော်သားများဖြစ်ကြသည့် စစ်ကောင်စီအသိုင်းအဝိုင်း နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ နှင့် နီးစပ်သူများသာ ရရှိကြသည်။ ထိုမီးလောင်းသွားသည့် နေအိမ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁...
ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့် စစ်ကောင်စီပြန်မလွှတ်သေး
သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ပတ်ကြာသည့် အထိ ပြန်လွှတ်လာခြင်းမကြားရသေးကြ PNLO ဘက်ကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၅၉ ဦးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျေးရွာရှိခန်းမ၌...






