Tuesday, January 27, 2026

ပင်လောင်းမြို့နယ် လက်နက်ကြီးထိ မိသားစုဝင် ၄ဦးအနက် အငယ်ဆုံးသမီး သေဆုံး

သျှမ်ပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လင်ခံကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင်၄ဦးသည် ဆေးကုသနေစဉ် အငယ်ဆုံးသမီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်းသိရသသည်။

ပြီးခဲ့သည့် ဇွန် ၂၀ရက် ညအချိန်တွင် ပင်လောင်းမြို့နယ် လင်ခံကျေးရွာ အတွင်းသို့ စစ်ကောင်စီ၏ ဆောင်းပြောင်းတပ်စခန်းမှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် မလပြည့်ဝန်းတို့ နေသောတဲအိမ်ပေါ်ကျပြီးနောက် တစ်မိသားစုလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်သိရသည်။

ထိုထဲအနက် အသက် ၁နှစ် ၈လ အရွယ်သာရှိသေးသည့် မလပြည့်ဝန်းသည် ယမန်နေ့ (ဇွန် ၂၂)ရက်တွင် ဆေးကုသနေစဥ် သေဆုံးခဲ့ကြောင်း လင်ခံကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာထဲ လက်နက်ကြီးကျလို့ လင်ခံ၊နမ်းဖာမူ ရွာသားတွေ ဆောက်ထားတဲ့ ဟေားဘေးမှာ သူတို့က တဲအိမ်လေးဆောက်ပြီးနေနေတာ ။လက်နက်ကြီးကျတော့ သူတို့တဲအိမ်ပေါ် တည့်တည်ကျတာ။မိသားစုလေးဦးစလုံးဒဏ်ရာရသွားတယ်။ခုကလေးငယ်က သေဆုံးသွားတော့ စိတ်မကောင်းအရမ်းဖြစ်ရတယ်”ဟု လင်ခံရွာခံတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။

သေဆုံးသော မလပြည့်ဝန်းအတွက် မိဘများဆန္ဒအရ တရားနာပေးခြင်း၊အမျှဝေပေးခြင်း ၊အလှူများ လုပ်ပေးပြီးနောက် ဘာသာတူ သုသာန်တစ်ခုတွင် မြေမြုပ်သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

“ရွာကပြန်လို့မရဘူးလေ ။အဲတာကြောင့် တစ်ခြားရွာမှာဘဲ အသုပွဲလုပ်ရတာ။အဲရွာကလည်း သဘောအရမ်းကောင်းကြပြီးလုပ်ခွင့်ပေးတယ်။ကလေးငယ်ပွဲအတွက် လိုအပ်တာတွေအကုန်ကူညီပေးတယ်။”ဟု အသက် ၄၀အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

လင်ခံကျေးရွာသည် သျှမ်းတိုင်ရင်းသားအများစုနေထိုင်ကြပြီး နေအိမ်၁၀၀ကျော်ရှိကာ ယခုလက်နက်ကြီးကျရောက်ပြီး သေဆုံးမှုသည် ပထမဆုံးဖြစ်ကြောင်းသိရသည်။

ပင်လောင်းမြို့တောင်ဖက် ယခုတွင် ကရင်နီတော်လှန်ရေးတပ်နှင့် စစ်ကောင်စီအပါအဝင် PNOပြည်သူ့စစ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...