ရပ်စောက် သျှမ်းတပ် (၂) တပ် ထပ်မံပစ်ခတ်မှုဖြစ်၊ ဒေသခံများ တောင်ယာလုပ်ကိုင်ရန် အခက်တွေ့

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၁၉) ရက် နံနက် ၉ နာရီခန့်မှ စတင်ပြီး ရပ်စောက်မြို့နယ် အရှေ့မြောက်ဘက်ရှိ အင်တောမြို့အနီး ကျိုင်းခမ်းကျေးရွာအုပ်စုတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ရာ ပြောင်းဖူးစိုက်ပျိုးနေသည့် တောင်သူများ စိုးရိမ်ထိတ်လန့်ပြီး နေအိမ်သို့ ပြန်လာခဲ့ကြရကြောင်း အင်တောမြို့ဒေသခံများက ပြောသည်။

“ သျှမ်းတပ်နှစ်တပ် အချင်းချင်း ပစ်ကြတဲ့ သေနတ်သံက ကောင်းကောင်းကြားရတယ်။ ဝမ်ဟွေနဲ့ နားလင်းဘက်က ပြောင်းစိုက်ဖို့ ခြံမှာ သွားအိပ်တဲ့လူတွေ သေနတ်ပစ်သံ ကြားတော့ ရွာထဲအပြေးပြန်လာကြတယ်”ဟု အင်တောဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်တွင် SSPP နှင့် RCSS တပ်ဖွဲ့တို့၏ ထိတွေ့ပစ်ခတ်မှု ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ တို့ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အလားတူ ဇွန်လ (၁၆) ရက် နံနက် ၈ နာရီကျော်တွင် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ရှိ တောင်ထိပ်ကျေးရွာအနီးတွင် ထိပ်တိုက်ထိတွေ့မှုဖြစ်ကာ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသခံများက ပြောသည်။

“သျှမ်းတပ်အချင်းချင်း ပစ်ကြတာ တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စလေ၊ သျှမ်းလူထုက သူတို့ကို စိတ်နာတာမျိုးပဲ ဖြစ်မှာလေ။ ပြည်သူတွေဆီ စစ်သားကောက်ပြီးတော့ ကိုယ့်လူမျိုးအချင်းချင်း ပြန်တိုက်ရတာ ရှင်းရှင်းပြောရရင် ဘယ်အဖွဲ့မှ အသုံးမကျဘူး။ ဒီလထဲပဲ ပစ်ကြတာ ၃/၄ ခေါက် မနည်းတော့ဘူး ရှိပြီ”ဟု အင်တောမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့သည် ရပ်စောက်မြို့နယ်အတွင်းရှိ အင်တောမြို့၊ ကျိုင်းခမ်း၊ နောင်လုံ၊ ကျောက်ဂူကျေးရွာအုပ်စု အနီးတဝိုက်တွင် နှစ်ဘက်တင်းမာမှု ဖြစ်ပေါ်လျက်ရှိပြီး မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းများ (၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ဇွန်လ ပထမပတ်အတွင်းကလည်း ရပ်စောက်မြို့နယ် တောင်ထိပ်ကျေးရွာ ကျောက်အိုးတံတားအနီးတွင် လှုပ်ရှားသွားလာနေသည့် SSPP စစ်ကြောင်းကို RCSS တပ်ဖွဲ့မှ ပဒေသာမိုင်းထောင် ဖောက်ခွဲခဲ့စဉ်အတွင်း အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကျောက်ဂူဆေးရုံနှင့် တောင်ကြီးဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်စောက်မြို့နယ်အတွင်း မိုင်းထောင်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားလာခြင်းကြောင့် တောင်ထိပ်၊ လွယ်ကန်၊ ဆီဆုံဂနိုင်၊ ကုန်ဟန်း၊ ဝမ်ဟွေနှင့် နားလင်း စသည့် ကျေးရွာများမှ ပြည်သူများမှာ တောင်ယာသွားရောက် လုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...