ကွတ်ခိုင် – လားရှိုး တောလမ်းကြမ်းတမ်းမှုကြောင့် အရေးပေါ်လူနာများနှင့် ကားများ အခက်ကြုံနေ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် – လားရှိုး ခရီးစဉ်ကို တောလမ်းမှ ကွေ့ပတ်၍ သွားလာနေရသည့်အတွက် အရေးပေါ်လူနာများနှင့် လူနာတင်ယာဉ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ သွားလာသည့် လမ်းတလျှောက်တွင် တောလမ်းမှ ကွေ့ပတ်၍ သွားလာနေရပြီး ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် လမ်းခရီးများ ကြမ်းတမ်းခက်ခဲနေပြီး အရေးပေါ်လူနာများနှင့် လူနာတင်ယာဉ်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသည်ပို့ဆောင်ပေးနေသည့် ကားသမားများက ပြောသည်။

“လမ်းခရီးအခြေအနေက ရိုးရိုးလေးဆိုးတာ မဟုတ်ဘူး။ မိုးတွေရွာပြီးတော့ ရွှံ့တွေနဲ့ လမ်းတွေက ခက်တာပေါ့။ လမ်းက တောလမ်း ကားကြီးတွေ သွားလိုက်‌တော့ လမ်းတွေ ပိုဆိုးသွားတာပေါ့ မိုးရွာတော့။ ကွတ်ခိုင်-သိန္နီ-ရေပူ-မိုင်းလီဘက်ကိုသွား ပြီးရင် တန့်ယန်း မရောက်ခင် လားရှိုးဘက်ကို ပြန်‌မောင်းရတာ၊ အရေးပေါ်ကားတွေ သွားမယ်ဆိုရင် အခြေအနေ အရမ်း ဆိုးတယ်”ဟု အသက် ၄၀ ဝန်းကျင် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မူဆယ်-ကွတ်ခိုင်-လားရှိုး ခရီးစဉ်တလျှောက် တောလမ်းများကို အဓိကထား အသုံးပြုနေရပြီး မိုးရွာသွန်းမှု‌ကြောင့် ကားကြီး၊ ကားငယ် အပါအဝင် အရေးပေါ် လူနာတင်ယာဉ်များအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွား ယာဉ်မောင်းသမားများက ပြောသည်။

“တန့်ယန်းသွားတဲ့ဘက်ကနေ ဖြတ်တာလေ ကားရဲ့ အောက်ပိုင်းတွေ တော်တော်ထိတယ်။ တစ်ညလည်း အိပ်ရတယ်၊ လူနာကလည်း ပါသေးတယ်။ ကွတ်ခိုင်နဲ့တန့်ယန်းကြား ပြီးတော့ လားရှိုးနားပေါ့ အဲ့နားတွေက လမ်းအရမ်းဆိုးတယ်။ လူနာနဲ့ကျတော့ တောလမ်းတွေ သွားရတာ အဆင်မပြေဘူးလေ။ ကားကလည်း ကိုယ်ဟာကိုယ်ပဲ ပြန်ပြင်ရတာ၊ တစ်ခေါက်ပြင်ရင် ကျပ်သိန်း ၁၀ ထက် မနည်းကုန်တယ်”ဟု ၎င်းယာဉ်မောင်း အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာနှင့် ကွတ်ခိုင်ကြားတွင်လည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးကာ ကားများ ပိတ်မိနေကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။

“အဲ့ဘက်လမ်းကလည်း တချို့က လမ်းမှာ ပိတ်မိနေတာရှိတယ်။ ကားမှောက်တာတွေ ရှိတယ်။ လမ်းကအရမ်းဆိုးတယ်။ ကားကြီးတွေနဲ့ပါ ဆွဲထုတ်ရတာ တောလမ်းတွေ တော်တော်များများ မှာတော့ ကားကြီးတွေ ပိတ်တယ်။ မနေ့က မိုးရွာတော့ ကားတွေပိတ်တယ်။ ဒီနေ့လည်း ထပ် ပိတ်နေနိုင်တယ်”ဟု ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှစ၍ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှ လမ်းပိုင်းများကို ညီနောင်မဟာမိတ်များဘက်မှ ပိတ်ဆို့ထားပြီး လက်ရှိ အချိန်ထိ ဒေသခံများနှင့် ကားသမားများမှာ တောလမ်းကို အဓိက အသုံးပြုသွားလာနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်မှစပြီး စစ်ကောင်စီတပ်မှ လားရှိုး-မိုင်းယော်နှင့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ-သီပေါ လမ်းပိုင်းကို သွားလာ၍ မရအောင် လမ်းမကြီးပေါ် မြောင်းတူးဖျက်ဆီးခဲ့ခြင်းကြောင့် ကားသမားများအပြင် အရေးပေါ်လူနာတင်ယာဉ်များလည်း တောလမ်းကို အဓိကထား အသုံးပြုနေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...