စစ်ရှောင်

“သူတို့ အသတ်ခံခဲ့ရသည်”

“အလောင်းတော့ ပြန်ရတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မြညှိ က ငိုရင်းပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ အတွင်းက စတင်ခဲ့သည့် သျှမ်းတောင်၊ ဆီဆိုင်မြို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် မြို့ခံများထဲတွင် ဒေါ်မြညှိတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။  ပြင်းထန်သည့် ဆီဆိုင်မြို့ပေါ် တိုက်ပွဲများကြောင့် ဒေသတွင်းရှိ ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ပြီးနောက်...

စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ

ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် ၁၅ရက် နံနက် ၈နဦရီတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး PNOပြည်သူ့စစ် စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း...

စဉ့်အင် ဖောင်ဆိပ်၌ လှုမှုရေးအသင်းကား အပါအဝင် ကား ၂ စီး ရေထဲပြုတ်ကျ

သျှမ်းမြောက်၊ လားရှိုး-သီပေါကြားရှိ တံတားပျက်စီးနေသည့် စဉ့်အင်တွင် ဖောင်ဖြင့် ချောင်းဖြတ်ကူးစဥ် ကား၂ စီး ရေထဲပြုတ်ကျသွားကြောင်း ကူညီကယ်ဆယ်ရာတွင် ပါဝင်သည့် ဒေသခံ တစ်ဦးက ပြောသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) ညနေပိုင်းက ဖောင်ဖြင့် ကား ၂ စီးတင်ဆောင် ဖြတ်ကူးစဉ် တဖက်ကမ်းသို့...

ဆီဆိုင် အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းထပ်မံနင်းမိကာ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းစုံစမ်းသိရှိရပါသည်။ သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ရင်းရွာရှိ ဇွန်လ ၁၃ရက် ညနေ ၅နာရီခန့်တွင် နန်းထားထားရီ သည် နိုင်ငံရပ်ခြားတွင်ရောက်ရှိနေသော အစ်မဖြစ်သူနှင့် ဖုန်းဆက်သွယ်ပြောဆိုရန် ရွာအရှေ့ဘက် ဖုန်းလိုင်းမိသောနေရာသို့သွားရောက်ခဲ့သည်။ ၎င်းအမဖြစ်သူနှင့်ဖုန်းဆက်ပြီးအပြန်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ကာဘယ်ဖက်မျက်လုံး အစထိမှန်ဒဏ်ရာရရှိခဲ့သည်။...

မဲနယ်တောင်ဒေသ စိုက်ပျိုးလုပ်ကိုင်သူများ လျော့နည်းလာ

သျှမ်းပြည် ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ နေထိုင်သူများသည် ထပ်ဆင့်စစ်ဘေးရှောင်ရမည်စိုး၍ စိုက်ပျိုးရေးလုပ်ကိုင်သူများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဇန်နဝါရီ ၂၁ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ် ပအိုဝ်းပြည်သူ့စစ်တပ်မတော်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရပြီး စိုက်ခင်းများပျက်စီးခဲ့ရသည်။ ယခုကာလတွင်...

လွိုင်ကော်ခေတ္တပြန် စစ်ရှောင်များ ဆန်အိတ်သယ်လျှင် စစ်ဆေးမေးမြန်းခံရ

ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့သို့ ခေတ္တပြန်သည့် စစ်ရှောင်များကို လမ်းတွင် စစ်ကောင်စီမှ ဆန်အိတ်ပါလာလျှင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကြောင်းစုံစမ်းသိရှိရသည်။ “လမ်းမှာ ကိုယ်စားဖို့ ဆန်အိတ်ပါရင်တောင်ရစ်တာပါ၊ ကိုယ်အိမ်နဲ့ကိုယ်နေမယ့်သူတွေကတော့ ပြန်ကြတာပေါ့၊ ဒါပေမယ့် ဘာအလုပ် ဘာဝင်ငွေမှမရှိတဲ့အတွက် ဒုက္ခရောက်ပါလိမ့်မယ်၊ ကျမတို့အိမ်ကတော့ ၁၅ ရက်လောက် ပြန်နေခဲ့ပြီးတော့ ညောင်ရွှေကိုပဲပြန်ရောက်လာတာပါ” ဟု ညောင်ရွှေမြို့တွင် စစ်ဘေးရှောင်နေသည့်...

ဝိုင်းမော်တိုက်ပွဲပြင်းထန် စစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် စီစဉ်နေ

ကချင်ပြည် ဝိုင်းမော်မြို့တွင် တိုက်ပွဲများပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်အသစ်သို့ ထပ်မံပြောင်းရွှေ့ရန် အခြေအနေရှိနေပြီး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ ထပ်မံပြောင်းရွှေ့ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက...

ဆီဆိုင်တွင် အသက် ၇၀အရွယ် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်တွင် အသက်၇၀ အရွယ် အမျိုးသမီးတစ်ဦး ယနေ့ ( ဇွန် ၆)ရက် နံနက် ၈နာရီတွင် မြေမြုပ်မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ ၊ မြကန်သာရပ်ကွက်တွင် ယနေ့ မနက် ၈နာရီ၌ အသက် ၇၀ အရွယ်အမျိူးသမီးတစ်ဦးသည်...

ပင်လောင်းမြို့ရှိ စစ်ရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပြီး အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင် ၁သောင်းခန့်သည် ၂၀၂၄ ဇန်နဝါရီလ မှစ၍ လက်ရှိအချိန်ထိ အလှူရှင်မရှိသဖြင့် ကြုံရာကျပန်း လုပ်သော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာများ ပြက်လပ်မှုဖြစ်ပွားနေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ဆီဆိုင်ဒေသခံများ စားဝတ်နေရေး အသက်လောင်းကြေးထပ်ပြီး စိုက်ပျိုးရေး ပြန်လုပ်နေရ

သျှမ်းတောင် ဆီဆိုင်ဒေသခံများသည် စားဝတ်နေရးအခက်ခဲကြောင့် အန္တရာယ်ကြားမှ အသက်လောင်းကြေးထပ်ကာ စိုက်ပျိုးရေး ပြန်လုပ်ကိုင်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ဆီဆိုင်မြို့နှင့် ကျေးရွာများတွင် နေရပ်ပြန်လာသည့်စစ်ရှောင်များသည် စားဝတ်နေရေး အခက်ခဲကြောင့် မြေမြုပ်မိုင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်ကြားကနေ စိုက်ပျိုးရေးကို ပြန်လုပ်ကိုင်နေရပြီး အလှူရှင်များ နည်းပါးလာတာကြောင့် စားဝတ်နေရေးအတွက် စွန့်စားစိုက်ပျိုးနေကြရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မှုများရှိကြောင်း...

Latest news