ပင်လောင်းမြို့နယ် ရက်တပတ်ကြာတိုက်ပွဲဖြစ် ရွာ ၇ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကောင်စီ အခြေစိုက်သည့် နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာကွာဝေးသည့် သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ရက်တစ်ပတ် ကြာ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်မှစ၍ စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်အတွင်းသို့ အင်အားအများအပြားဖြည့် စစ်ကြောင်းထိုးလာခဲ့ရာ ကရင်နီတော်လှန်ရေးအင်းအားစုတပ်ဖွဲများနှင့် ထိတွေ့ပြီး ဇွန်လ ၁၈ ရက်က တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ပျားစစ်ကြောင်း Bees Coiumn က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် ဒရုန်းပါအသုံးပြု တိုက်ခိုက်လာသည့်အတွက် ယခင်က စစ်ဘေးမရှောင်ရသော ကျေးရွားများလည်း ယခုတစ်ခါတွင် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ပင်လောင်းမြို့ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ဒီနေ့အထိဆက်ဖြစ်နေတုန်းပဲ။ အခုတိုက်ပွဲကတော့ အရင်ကထက်ပိုပြီး ကြမ်းတယ်လို့ပြောရမယ်။ အရင်နောင်ဝိုးမှာဖြစ်တုန်းက ကျောင်းဒကာတွေလောက်ပဲ ပြေးကြတာလေ။ အခုတစ်ခေါက်ကတော့ အဲ့နားဝန်းကျင်ကလူတွေအကုန်းလုံး ရှောင်ရတယ်။ အခါတိုင်းထက် တိုက်ပွဲက ပိုပြင်းလာတာပေါ့။ ဒရုန်းတွေနဲ့ကော ပါတယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ် နမ်းဖာမှု၊ ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လှန်၊ မိုးဦး၊ လင်ခံနှင့် လွိုင်ကျိုင်းကျေးရွာမှ ဒေသခံဦးရေ ၁ ထောင်ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်သူများအနက် အသက် ၃၉ နှစ်အရွယ် ဦးဇင်းအရှင်နေမိန္တ၊ အသက် ၃၀ ကျော် ဦးခေါင်နှင့် အသက် ၁ နှစ်ကျော် ကလေး ၁ ဦးတို့သည် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းဗုံးမှုကြောင့် သေဆုံးခဲ့ရသည်။

အလားတူ စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အများစုသည် ပင်လောင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ဆွေမျိုးအိမ်သို့ တိမ်းရှောင်လာကြသော်လည်း စားဝတ်နေရေးနှင့် နေရာထိုင်ခင်းကြောင့် အခက်အခဲရှိနေကြောင်း ပင်လောင်းမြို့စစ်ဘေးရှောင်ကူညီသူ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။

“အရင်တစ်ခေါက်ကရှောင်နေရတဲ့သူတွေလည်း အခုတစ်ခါထပ်ရှောင်နေရတဲ့သူတွေရှိတယ်။ အကြိမ်ကြိမ် ရှောင်နေရတော့ အခက်ခဲတွေအများကြီးရှိတာပေါ့ဗျာ။ တချို့တဲတွေက သူတို့(စစ်ရှောင်) ပြန်သွားရင် ဖျက်ပြီးပြန်သွားလိုက်တယ်။ အခုတစ်ခါ ပြန်လာနေတော့ ပြန်ဆောက်ရတယ်။ ဆိုတော့ တည်ဆောက်ဖို့လည်း အလှူရှင်ကမရှိဘူး။ အစားအသောက်ဆိုလည်း အခုသယ်လာနိုင်သလောက်သယ်လာကြတယ်။ ရေရှည်အတွက် ကတော့ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု အသက် ၃၀ ကျော်အမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် ဆီဆိုင်မြို့နယ် သဘက်ကျေးရွာအုပ် နောင်စကာကျေးရွာအနီးတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ဇွန်လ ၂၁ ရက်စ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...