စစ်ရေးတင်းမာ

သီပေါမြို့နယ်ထဲ MNDAA အင်အားထပ်ဖြည့်နေဟု SSPP ပြော၊ စစ်ရေးတင်းမာမှုကို နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်ဟုဆို

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်း SSPP ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်အတွင်း SSPP/SSA နှင့် MNDJP/MNDAA တို့ စစ်ရေးထိတွေ့မှု...

သျှမ်းတောင် နှင့် ဗမာပြည်အောက်ပိုင်း အထိ တိုက်ပွဲဖော်ဆောင်သွားမည်ဟု DPLA ပြော

သျှမ်းပြည်တောင်ပိုင်း နှင့် ဗမာပြည်အောက်ပိုင်းပြည်မအထိ တော်လှန်ရေးတပ်ဖွဲ့အင်အားစုများနှင့်အတူတူ တိုက်ပွဲတွင် ပါဝင်သွားမည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ DPLF/DPLA ထံစုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်မှစ၍ ဇန်နဝါရီ ၇ ရက် အထိ သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ၊ အင်တောမြို့များတွင် စစ်ကောင်စီ နှင့်...

ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လလယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို...

လားရှိုး-မိုင်းရယ်ကြားတွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ စစ်ရေးတင်းမာနေ

သျှမ်းပြည် လားရှိုးနှင့် မိုင်းရယ်မြို့ ကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ ကြားရှိ မန်စန့်ကျေးရွာတွင်...

ကွတ်ခိုင် MNDAA တပ်စွဲနေရာကို TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူ

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်စွဲသည့်နေရာကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူသဖြင့် အချင်းချင်းကြားစစ်ရေးတင်းမာမှုရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ်အချိန်တွင် ကွတ်ခိုင်မြို့ ကောင်းခါးလမ်းခွဲရှိ စိုက်ပျိုးရေးခြံတွင် တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မိုင်းပွန်အတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ နှင့် SSPP ကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်နေရ

မိုင်းပွန်မြို့အတွင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ ပအိုဝ်းပြည်သူ့စစ်ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်( SSPP/SSA )တပ်တို့အကြား စစ်ရေးတင်းမာမှု ကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅) ရက်တွင် မိုင်းပွန်မြို့၊ ချိုခမ်းကျေးရွာအတွင်းရှိ ချိုခမ်းဘုန်းတော်ကြီးကျောင်းဝန်း အတွင်း တပ်စွဲနေရာယူထားသည့် စစ်ကောင်စီ...

နောင်ချိုမြို့နယ် မန္တလေးPDF နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်- ပြင်ဦးလွင်မြို့ကြား မန္တလေး PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတို့ဘက် စစ်ဆေးထိုးဆင်လာပြီး ထိတွေ့မှုတွေရှိလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ အခုတော့ စစ်ရေးတင်းမာနေတယ်။ တိုက်ပွဲမဖြစ်တာ၂ ရက်ရှိနေပြီ။ တိုက်ပွဲဖြစ်ပွားတာက နောင်ချိုမြို့နယ် နဲ့ ပြင်ဦးလွင်ကြားမှာဖြစ်တာ။...

စစ်ရေးတင်းမာနေသည့် မိုင်းရှူးဘက်သို့ စစ်ကောင်စီ တိုက်လေယာဥ် နှစ်စီးပျံသန်း

စစ်ရေးတင်းမာနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ၏ တိုက်လေယာဥ် နှစ်စီး ပျံသန်းခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် ၂၇ ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် အချိန်တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်...

ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဆနင်းတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့မှ အင်အား အများအပြားဖြည့်တင်းနေသဖြင့် ဒေသခံများတချို့ ကြောက်လန့်ကာထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ရှိနေသည့် ဆနင်းတောင်ကြော နှင့် အနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီ အင်အားဖြည့်တင်း တိုးချဲ့မှုများ ပြုလုပ်နေခဲ့ကြောင်း...

ကျေးသီးမြို့နယ် RCSS နှင့် SSPP တို့ စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် စစ်အင်အားများလည်း ထပ်မံဖြည့်ကြပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် အတွင်း ဇွန် ၁ရက်မှ စတင်ကာ သျှမ်းတပ်(၂)တပ်သည် နယ်မြေကျူးလွန်မှုဆိုသည့် အငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေသည်။ ထို့ပြင် ဇွန် ၁၃ရက် မှစတင်ကာ သျှမ်းတပ်(၂)တပ်သည်...

Latest news