ကျေးသီးမြို့နယ် RCSS နှင့် SSPP တို့ စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် စစ်အင်အားများလည်း ထပ်မံဖြည့်ကြပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။

ကျေးသီးမြို့နယ် အတွင်း ဇွန် ၁ရက်မှ စတင်ကာ သျှမ်းတပ်(၂)တပ်သည် နယ်မြေကျူးလွန်မှုဆိုသည့် အငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေသည်။

ထို့ပြင် ဇွန် ၁၃ရက် မှစတင်ကာ သျှမ်းတပ်(၂)တပ်သည် စစ်အင်အားဖြည့်တင်နေကြပြီး၊ တိုက်ပွဲ အချိန်မရွေး ပြင်းထန်လာနိုင်သဖြင့် ကျေးသီးမြို့နယ် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ခုတလော စစ်တော့ဖြစ်တယ်။ ခဏလေးပဲဖြစ်တယ်။ ပြီးတော့သူတို့ ၂ ဘက်လုံးက စစ်အင်အားဖြည့်လာတယ်။ စစ်ရေးတော့တင်းမာနေသေးတယ်။ တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ကြောက်နေကြတယ်” ဟု စစ်ဘေးရှောင်းများကို ကူညီပေးနေသည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည။

တိုက်ပွဲ ပြင်းထန်မှု ဖြစ်လာနိုင်သဖြင့် တိုက်ပွဲအနီးတွင်တည်ရှိသည် နောင်ဆွမ်းဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်(၅၀၀) ကျော် အတွက် စိုးရိမ်နေရသဖြင့် လက်ရှိမှာ ထိုစစ်ဘေးရှာင်များကို ကျေးသီးမြို့ပေါ်သို့ ပြောင်းရွှေ့ပေးရကြောင်း သိရသည်။

“ သူတို့စစ်ရေးပိုပြင်းထန်းလာရင်တော့ တိုက်ပွဲအနီးမှာရှိတဲ့ နောင်ဆွမ်းကျောင်းမှာရှိနေတဲ့ ပြည်သူတွေအားလုံးက မြို့ထဲပြောင်းပေးရတယ်။ သူတို့နေရာက ကြားထဲမှာတည့်တည့်ရှိနေတာလေ။ စစ်ရေးပိုပြင်ထန်းမှာကို ကြောက်နေရတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် ပြည်သူတစ်ဦးက ပြောသည်။

ကျေးသီးမြို့နယ်တွင် ဇွန် ၁ရက် မှစတင်ခဲ့သည့် သျှမ်းတပ် (၂)တပ်၏ တိုက်ပွဲတွင် အကြီးမာဆုံးတိုက်ပွဲ (၁) ကြိမ်သာရှိခဲ့ပြီး၊ ထိတွေ့မှု တိုက်ပွဲနေ့စဉ်နီးပါး ရှိခဲ့ကြောင်းRCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုချိန်ထိတော့တိုက်ပွဲဖြစ်နေသေးတယ်။ စစ်ရေးတင်းမာနေသေးတယ်။ ကျေးသီးမှာက တိုက်ပွဲ ဘယ်နှကြိမ် လောက်ဖြစ်ခဲ့လဲ ဆိုတော့ မသိတော့ဘူး။ နေ့တိုင်းလိုလိုဖြစ်နေတယ်။ အကြီးကျယ်ဖြစ်တာတော့ ၁ ကြိမ်ပဲရှိတယ်” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက ပြောသည်။


သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် ကျေးသီးမြို့နယ် အတွင်း စစ်ဘေးရှောင် တထောင်နီးပါး ကျန်ရှိသေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...