ကွတ်ခိုင် MNDAA တပ်စွဲနေရာကို TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူ

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်စွဲသည့်နေရာကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်နေရာယူသဖြင့် အချင်းချင်းကြားစစ်ရေးတင်းမာမှုရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ်အချိန်တွင် ကွတ်ခိုင်မြို့ ကောင်းခါးလမ်းခွဲရှိ စိုက်ပျိုးရေးခြံတွင် တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA နေရာကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တပ်သားများက ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်နေရာယူရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“မနေ့ကတော့ စိုက်ပျိုးရေးခြံမှာ သူတို့နေရာလုကြတာ။ ကိုးကန့်တွေရှိတဲ့ စိုက်ပျိုးရေးခြံ နေရာမှာ TNLA က မပြောမဆိုနဲ့ နေရာသန့်ရှင်းရေးတွေလုပ်၊ အလံတွေထူ အဲ့လိုမျိုးလုပ်လို့ ရန်ပွဲဖြစ်လာတယ်။ ငြင်းခုံတာထက်ပိုတာ ရန်ဖြစ်တာပေါ့၊ ပစ်ခတ်ကြတယ်လို့ ပြောတယ်”ဟု ကွတ်ခိုင်မြို့မှ အသက် (၅၀) ကျော်အရွယ်ရှိ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တင်းမာမှုဖြစ်ပွားခဲ့သည့် ၎င်းစိုက်ပျိုးရေးခြံ နေရာရှိ TNLA တပ်သား ၅ ဦးထက်မနည်း၏ သေနတ်များကို MNDAA တပ်သားများက သိမ်းဆည်းလိုက်ပြီးနောက် နှစ်ဘက်တပ်ဖွဲ့စလုံးက စစ်အင်အား ဖြည့်တင်းလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် ယမန်နေ့ (ဧပြီလ ၂၇ ရက်) ည ၁၁ နာရီခန့်တွင် ကွတ်ခိုင်မြို့ အနောက်ဘက်ရှိ TNLA တပ်စခန်းထဲမှ တစ်ဖက်သက် ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်အသံများကို ခပ်စိပ်စိပ် ကြားခဲ့ရကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“မနေ့ညကဆိုရင် ၁၁ နာရီကျော်မှာ TNLA တွေ နေတဲ့ဘက်မှာ သေနတ်သံ လက်နက်ကြီးကော လက်နက်ငယ်ကော တော်တော်များများတော့ အသံမြည်တယ်။ တစ်ဖက်သက်ကြီးပဲ အဲ့လိုခံရတော့ မကျေနပ်မှုတွေကို သူတို့ရှိတဲ့ စစ်တပ်ထဲကနေ လက်နက်နဲ့ ပြန်ပြီးမှ စိတ်ဖြေတာပေါ့။ စမ်းသပ်ပစ်တာ မဟုတ်ဘူး၊ ထင်တာကတော့ သူတို့အနေနဲ့ လက်နက်ကြီးတွေ ပစ်ပြီးမှ သူတို့ရဲ့ ဒေါသကို စိတ်ဖြေတဲ့သဘောပေါ့”ဟု ကွတ်ခိုင်မြိုမှ ၎င်းဒေသခံ အမျိုးသားက သုံးသပ်ပြောဆိုသည်။

ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခြိမ်းခြောက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနမှူးထံသို့ လည်းကောင်း၊ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ လည်းကောင်း သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း နှစ်ဘက်စလုံးက ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ဧပြီလ ၁၉ ရက်ကလည်း ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့အကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီး တအာင်း(ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ကြောင်းတို့ နှစ်ဘက်ထိတွေ့မှု ဖြစ်ပွားပြီး ညီနောင်မဟာမိတ်အချင်းချင်း သေနတ်ခြိမ်းခြောက်ပစ်ခတ်မှု ရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“သူတို့ကိုယ်စီကိုယ်ငှ တော်တော်များများက ကွတ်ခိုင်ကနေ စစ်သားတွေကိုယ်စီနဲ့ ကာလိုင်ဘက်ကို ဆင်းလာတာတွေ့တယ်။ ပြဿနာ ဖြေရှင်းပြီးသွားလို့ ဆင်းလာတဲ့သဘောပေါ့လေ။ အဲ့တာကို ကြည့်ရရင် တမျိုးမျိုး ဖြစ်လာရင် သူတို့က နေရာတကာကနေပြီးမှ လူတွေအလုံးအရင်း စုပြီးလာတယ်ဆိုတာ တွေ့ရတာပေါ့”ဟု ကွတ်ခိုင်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”တွင် အတူတကွ တိုက်ပွဲဆင်နွှဲခဲ့ကြသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ကွတ်ခိုင်မြို့နယ်တွင် နယ်မြေစိုးမိုးရေးနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် စစ်ရေးတင်းမာလာကြခြင်း ဖြစ်သည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအထွက်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ စစ်ဆေးရေးဂိတ်တွင် MNDAA ကိုးကန့်တပ်သားများက လာရောက်ပြီး အချင်းချင်း စကားများ၍ ရိုက်နှက်ကန်ကျောက်ခဲ့ခြင်းကြောင့် တင်းမာမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...