ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဆနင်းတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့မှ အင်အား အများအပြားဖြည့်တင်းနေသဖြင့် ဒေသခံများတချို့ ကြောက်လန့်ကာထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

ဆနင်းတောင်ကြော

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ရှိနေသည့် ဆနင်းတောင်ကြော နှင့် အနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီ အင်အားဖြည့်တင်း တိုးချဲ့မှုများ ပြုလုပ်နေခဲ့ကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ အင်အားဖြည့်တင်းမှုများ ရှိနေသည့်အတွက် စစ်ရေးထိတွေ့ပစ်ခတ်မှုများ မရှိသေးသော်လည်း ဒေသခံတချို့က ကြောက်လန့်ကာ ပင်လုံမြို့ပေါ်နှင့် တခြားဒေသရှိ အမျိုးများထံသို့ တိမ်းရှောင်ထွက်ပြေး နေကြောင်း ဆနင်းဒေသမှ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က အင်အားတွေ တိုးတိုးလာတာရှိတယ်၊ ပြီးတော့ ဒီဆနင်းတောင်ကြောမှာ ရှိတယ် လွယ်မုံ၊ လွယ်မိုင်၊ ပန်ပွဲစား (ဒေသအခေါ်များ) စတဲ့ ဒီနေရာတွေအထိကို တိုးလာတယ်၊ ဒီနေရာတွေက SSPP/SSA လည်း ရှိတဲ့နေရာတွေပေါ့နော်၊ အခုထိတော့ ပစ်ခတ်မှုမရှိကြသေးဘူး၊ တချို့ရွာသားတွေတော့ ကြိုတင်တိမ်းရှောင်နေ တာမျိုးတွေရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပင်လုံမြို့ပေါ်သို့ ကြိုတင်တိမ်းရှောင်နေကြသူများအနက် ပန်ဟူကျေးရွာအုပ်စုနှင့် ဆနင်းကျေးရွာအုပ်စုတို့မှ ဒေသခံများ ဖြစ်ကြပြီး တချို့သည် ခြံယာအလုပ်များ ပြစ်ပယ်ထားရပြီး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ဆနင်းတောင်ကြော

ယင်းကဲ့သို့ ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရခြင်းနှင့် ပက်သက်ပြီး ဆနင်းဒေသအတွင်းမှ ရပ်ကျေးတာဝန်ရှိ သူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှု အဆက်မပြတ်ရှိနေသော်လည်း ထိတွေ့မှုမရှိသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကလည်း စစ်ကောင်စီ ဘက်က အယောက် ၃၀၀ လောက်ထပ်ရောက်လာတယ်၊ ဒါပေမဲ့ မြောက်ပိုင်းဘက် ကလည်း (SSPP/SSA) အခြေအနေကြည့်နေသေးလို့လားမပြောတတ်ဘူး၊ အခုဆို အရမ်းနီးတဲ့ အနေအထား ဖြစ်ပေမဲ့ ပစ်ခတ်မှုတွေမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိ မြေပြင်အနေအထားအရ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသည့်အတွက် တိမ်းရှောင်နေသည့် ပြည်သူ များ အနေဖြင့်လည်း နေအိမ်သို့ပြန်လာလိုပါက ပြန်လာနိုင်ကြောင်း နှင့် မိမိတို့ လယ်ယာခြံလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ကြောင်း အထက်ပါ ရပ်ကျေးတာဝန်ရှိသူက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့နှင့် ဒုတိယဥက္ကဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်သော SSPP/SSA တို့ တွေ့ဆုံဆွေးနွေးချိန်တွင် ဆနင်းတောင်ကြောရှိ SSPP/SSA တပ်ဖွဲ့များ ဆုတ်ခွာရန် ပြောဆိုမှုကို လက်မခံရာမှ ယခုလို စစ်အင်အားတိုးချဲ့ မှုတွေ ဖြစ်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...