မိုင်းပွန်အတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ နှင့် SSPP ကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်နေရ

မိုင်းပွန်မြို့အတွင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ ပအိုဝ်းပြည်သူ့စစ်ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်( SSPP/SSA )တပ်တို့အကြား စစ်ရေးတင်းမာမှု ကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

မိုင်းပွန် ဆိုင်းဘုတ်

ယမန်နေ့ (ဖေဖော်ဝါရီလ ၅) ရက်တွင် မိုင်းပွန်မြို့၊ ချိုခမ်းကျေးရွာအတွင်းရှိ ချိုခမ်းဘုန်းတော်ကြီးကျောင်းဝန်း အတွင်း တပ်စွဲနေရာယူထားသည့် စစ်ကောင်စီ နှင့် ပူးပေါင်းတပ်ဖွဲ့ PNA တို့နှင့် စစ်ကြောင်းထိုး ဝင်လာသည့် SSPP တို့အကြား တင်းမာမှု အခြေအနေ ရှိခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဒီဘုန်းကြီးကျောင်းမှာ စစ်ကောင်စီ နဲ့ PNO တပ် ရှိနေတာကို SSPP က မသိလို့ ဝင်လာတာခဲ့တာတဲ့။ SSPP အင်အား ၅၀ ကျော် ၆၀ ဝန်းကျင်လောက်တော့ ရှိတယ်။ အဲ့ကျောင်းဝန်းထဲမှာ ခဏလောက် စကားပြောကြပြီး၊ ဘုန်းကြီးနဲ့ ရွာခံတွေလည်း ဖြန်ဖြည်ပေးကြလို့ SSPP က တပ်ပြန်ဆုတ်သွားတယ်။” ဟု ဖြစ်စဥ်ကို သိရှိသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ SSPP မှတပ်ပြန်ဆုတ်သွားသော်လည်း ဒေသတွင်း၌ နှစ်ဖက် တပ်ဖွဲ့၏ လှုပ်ရှားမှုများ ရှိနေသေးသည့်အပြင် စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပေါ်လာမှာကို စိုးရိမ်ရကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျောင်းထဲကနေ SSPP က ထွက်ခဲ့ပေမဲ့ ဒေသအတွင်းမှာ လှုပ်ရှားတဲ့ စစ်ကြောင်းတွေ ရှိနေသေးပါတယ်။ ပြီးတော့ PNO အဖွဲ့တွေက ဘုန်းကြီးကျောင်းမှာပဲ နေတာမဟုတ်ဘူး။ ရွာက နတ်စင်နားမှာလည်း သူတို့ စခန်းချ နေရာယူထားတယ်။ အဲ့လိုတွေကြောင့် ဒီနှစ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်လာပြီး စစ်ရှောင်ရမှာကို ကြောက်နေကြတာ။” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုထားသည်။

SSPP တပ်သည် မိုင်းပွန်မြို့ အတွင်း ပုံမှန်သွားလာလှုပ်ရှားမှုများ ရှိသော်လည်း စစ်ကောင်စီ နှင့် ပူးပေါင်းတပ် PNA တို့က ချိုခမ်းဘုန်းကြီးကျောင်းဝန်းအတွင်း ရောက်ရှိ စခန်းချ နေထိုင်မှုသည် တစ်ပတ် / ၁၀ ရက်ဝန်းကျင် ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်သည် မိုင်းပွန်မြို့ ဒေသခံများအနေဖြင့် ဆီဆိုင်ဘက် တိုက်ပွဲအခြေအနေ သတင်းများကြောင့် မိုင်းပွန် အထိ တိုက်ပွဲ ကူးဆက် ဖြစ်ပွားမှာကို စိုးရိမ်နေရကြောင်း နှင့် ယခုကဲ့သို့ စစ်ကောင်စီနှင့် PNO တပ်တို့မှ ကျေးရွာအတွင်း နေရာယူ တပ်စွဲထားသည့်အတွက်ကြောင့် လုံခြုံရေးအတွက် စိတ်ပူနေရကြောင်းလည်း သိရသည်။

မိုင်းပွန်မြို့သည် ပွန်ချောင်းကို အစွဲပြုကာ ခေါ်တွင်သည့် မြို့ဖြစ်သည့်အပြင် သျှမ်းစော်ဘွားကြီးများကိုယ်တိုင် အုပ်ချုပ် စံမြန်းခဲ့ဖူးသည့် နေရာဒေသလည်း ဖြစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...