သျှမ်းတောင် နှင့် ဗမာပြည်အောက်ပိုင်း အထိ တိုက်ပွဲဖော်ဆောင်သွားမည်ဟု DPLA ပြော

သျှမ်းပြည်တောင်ပိုင်း နှင့် ဗမာပြည်အောက်ပိုင်းပြည်မအထိ တော်လှန်ရေးတပ်ဖွဲ့အင်အားစုများနှင့်အတူတူ တိုက်ပွဲတွင် ပါဝင်သွားမည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ DPLF/DPLA ထံစုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်မှစ၍ ဇန်နဝါရီ ၇ ရက် အထိ သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ၊ အင်တောမြို့များတွင် စစ်ကောင်စီ နှင့် DPLA တို့၏ စစ်ရေးတင်းမာနေလျက်ရှိကြောင်း DPLF/DPLA ဥက္ကဌ ကိုထွန်းထွန်းနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ ကျောက်ဂူဘက်မှာ တိုက်ပွဲစဖော်ကတည်းက ဒီချိန်ထိတော့ စစ်ရေးတွေတင်းမာနေဆဲရှိပါတယ်။ တိုက်ပွဲကတော့ အမြဲမဖြစ်ဘူး။ ရံဖန်ရံခါဖြစ်နေပါတယ်။ လက်ရှိကတော့ ကျနော်တို့လည်း နောင်ချို တောင်ခမ်းတိုက်ပွဲ ၊ ကျောက်ဂူအင်တောတိုက်ပွဲ ၊ အဲဒီ ၂ ခုကိုပဲ တိုက်ပွဲဖော်ဆောင်နေတာပဲရှိပါသေးတယ်” ဟု DPLF/DPLA ဥက္ကဌ ကိုထွန်းထွန်းနိုင်ကပြောသည်။

ထိုအပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့အနေဖြင့် ဓနုဒေသအပြင် မြန်မာပြည်မအထိ တော်လှန်ရေးတပ်ပေါင်းစုများနှင့် ပူးပေါင်းကာ တိုက်ပွဲပါဝင်သွားမည်ဟု ပြောသည်။

DPLA

“ ကျနော်တို့ကတော့ ဓနုဒေသမှရယ်တော့မဟုတ်ဘူး။ သျှမ်းတောင်ဒေသ ၊ ဓနုဒေသ ၊ ဗမာပြည်အောက်ပိုင်း ပြည်ထိလည်း ကျနော်တို့တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူတူ တိုက်ပွဲဝင်ဖို့ရှိပါတယ်” ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဂူ – အင်တောဘက်မှာ DPLA တပ်ဖွဲ့တစ်ခုသာ စစ်ကောင်စီ နှင့် တိုက်ခိုက်နေပြီ တစ်ခြားမဟာမိတ်တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တိုက်ခိုက်နေခြင်းမရှိကြောင်း ကိုထွန်းထွန်းနိုင်က ဆက်ပြောသည်။

DPLAသည်လက်ရှိသျှမ်းပြည်အတွင်း တိုက်ပွဲဖော်ဆောင်နေပြီ “၁၀၂၇ စစ်ဆင်ရေး” တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ သီပေါ ၊ နောင်ချိုဘက် တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

DPLF

သျှမ်းပြည်ရပ်စောက်မြို့နယ်အတွင်းကို DPLA က ဇန်နဝါရီ ၄ ရက်ကစပြီ တိုက်ပွဲဖော်ဆောင်ခဲ့ပြီ ယနေ့အထိ တင်းမာနေလျက်ရှိကြောင်းသိရသည်။

ထိုတိုက်ပွဲကာလအတွင်းမှာ DPLA မှ စစ်ကောင်စီ၏ ဒရုန်း ၁ စီးကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်သည် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းအကြား ချိတ်ဆက်ထားသည့် အချက်အချာ နေရာတွင် တည်ရှိပြီး စစ်ကောင်စီတပ်၏ ဗိုလ်သင်တန်း လေ့ကျင့်ရေးကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်များ အခြေစိုက်သည့် ဗထူးတပ်မြို့လည်း တည်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

စစ်တပ် နှင့် SSPP စစ်ရေးတင်းမာမှုဖြစ်ပွား၊ စစ်အင်အားအပြိုင်ဖြည့်တင်းနေ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ကြား စစ်ရေးတင်းမာမှုရှိနေပြီး အပြိုင်အဆိုင် စစ်အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည့်သူစစ် (PNO)တို့က မိုင်းပွန်ဒေသရှိ SSPP/SSA ကို တပ်ဆုတ်ခိုင်းရာမှ စစ်ရေးတင်းမာမှုဖြစ်လာခဲ့ပြီး အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း...