လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း လားရှိုးဒေသခံများက ပြောသည်။

“စစ်တပ်ထိန်းထားတဲ့ မြို့ထဲကနေ သိန္နီဘက် ထွက်တဲ့ ကားတွေကိုပါ ကိုးကန့်ဘက်က စစ်နေတာ။ ကိုးကန့်ဘက်က အမှန်ဆို မြို့အဝင် စစ်စရာ မလိုဘူး၊ အခုက မြို့ထဲကို ဝင်ထွက်မယ့် ကားတွေကို တားပြီး စစ်တယ်။ မြို့ထဲက စစ်တပ်ဂိတ်ကတော့ ကုန်တင်လာရင် ပိုက်ဆံတောင်းပြီးတော့ ပေးဖြတ်နေတာပဲ။ ဟိုပိတ်သွားဖို့ပဲကို တန်းစီစောင့်ရတာ စိတ်တိုတယ်” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ တရုတ်နှစ်သစ်ကူးမတိုင်မီ ဖေဖော်ဝါရီ (၁၃) ရက်တွင် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လားရှိုး-သိန္နီကြားရှိ ရေပူစစ်ဆေးရေးဂိတ်နှင့် သိန္နီ-ကွတ်ခိုင်ကြားရှိ အေးရှားဝေါလ်တိုးဂိတ်တို့တွင် MNDAA ဘက်မှ ခရီးသည်ယာဉ်များပေါ် လက်နက်ခဲယမ်းများ တင်ဆောင်မှု ရှိ၊ မရှိ စစ်ဆေးတင်းကြပ်ခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။

ထို့နောက် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့မှ ထွက်ခွာလာပြီး ကိုးကန့်တပ် ထိန်းချုပ်နယ်မြေသို့ ဖြတ်သန်းသွားလာမည့် ကားများကိုပါ MNDAA ဘက်မှ စစ်ဆေးမှုများ ထပ်တိုးလုပ်ဆောင်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“အခုတလော ပလောင်နဲ့ ကိုးကန့်က အချင်းချင်း မတည့်တော့ အစစ်အဆေး ကြမ်းတာလား၊ ဒါမှမဟုတ် ပြည်သူကို တမင်သက်သက် ဒုက္ခပေးတာလားပေါ့။ မြို့နားတဝိုက် တိုက်ပွဲပြန်ဖြစ်မယ်လို့ အထင်မှားအောင် လုပ်တာလား ဆိုတာလည်း မခန့်မှန်းတတ်တော့ဘူး။ အမျိုးမျိုး ဖြစ်နိုင်တာပေါ့၊ လူတိုင်းက ထင်ကြေးနဲ့ပဲ ပြောနေတာ” ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

အခြားတစ်ဖက်တွင် စစ်ကော်မရှင်ဘက်မှ လားရှိုးမြို့နှင့် နမ့်ကျန်ကျေးရွာကြားရှိ လမ်းကို ဖေဖော်ဝါရီ လဆန်းပိုင်း စတင်ပိတ်ထားခဲ့ရာမှ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် လမ်းပေါ် ဗြုန်းထပ်မံလာချပြီး ပိတ်ဆို့ထားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင်လည်း လားရှိုးမြို့ပေါ် ရပ်ကွက်(၁၁) ရှိ လူမနေသည့် နေအိမ်သို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လားရှိုးမြို့အနီးတဝိုက် တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို မြို့ခံအချို့ စိုးရိမ်နေကြပြီး မြို့ပြင်အနီးတဝိုက် ကျေးရွာများတွင် ဗုံးခိုကျင်းများ ပြန်လည်တူးဖော်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“သျှမ်းမြောက်မှာ အင်အားအကြီးဆုံး ‘ဝ’တပ်ကလည်း နောက်ဆုံးမှာ တရုတ်ကို ကြောက်ရတာပဲ။ ဘယ်အဖွဲ့ကမှ တရုတ်ဩဇာကို မလွန်ဆန်နိုင်ဘူး စစ်တပ် အပါအဝင်ပေါ့။ လားရှိုးမြို့က ပြန်တိုက်ယူပြီး ရထားတဲ့ မြို့မဟုတ်ဘူး၊ နှစ်ဘက်စလုံးက သဘောတူပြီးတော့ တရုတ်ကိုယ်စားလှယ် ကိုယ်တိုင် ကြားဝင် လာပြီး လက်မှတ်ထိုး လွှဲပေးထားတာ။ ဒီနေ့အထိလည်း ဆင်နှစ်ကောင်ဟိုတယ်မှာ တရုတ်ဘက်က ကိုယ်စားလှယ်တွေ ထိုင်နေတယ်၊ ဘယ်အဖွဲ့ လုပ်ရဲမလဲ” ဟု လားရှိုးမြို့မှ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

တရုတ်ဖိအားပေးမှုကြောင့် ယမန်နှစ် ၂၀၂၅ ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်တပ်မှ ပြန်လည်အုပ်ချုပ်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကော်မရှင်တပ်အကြား လားရှိုးမြို့ပေါ်တွင် ပုံမှန်တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း နှစ်ဘက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိဘဲ ယခုနှစ် ၂၀၂၆ ဇန်နဝါရီလမှ စတင်ပြီး လားရှိုးမြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့မှ အပြိုင်အဆိုင် တပ်သားသစ် စုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...