Tuesday, May 7, 2024

စစ်ဘေးရှောင်

သျှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား ဒေသခံများစစ်ဘေးရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့ တပ်မတော်တို့တိုက်ပွဲများဖြစ်ပွါးရာ လက်နက်ကြီးပစ်ခတ်မှု ရဟတ်ယာဉ်ဖြင့် ၀ဲပျံမှုများရှိသဖြင့်ဒေသခံရွာသားများတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။ နိုဝင်ဘာ ၂၀ ရက် ယနေ့ မနက် ၈ နာရီအချိန်ခန့်က မြန်မာ့တပ်မတော်သည် မိုင်းငေါ့မြို့နယ် ဘက်မှ နမ့်ဆန်မြို့နယ် စခန်းသာဘက်သို့...

နမ့်ဆန်မြို့နယ် နမ့်ခေး ဒေသခံများ စစ်ရှောင်နေစဉ် နေအိမ်ဖောက်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေစဉ် နေအိမ်များ ဖောက်ထွင်းခံရကြောင်း သတင်းရရှိသည်။ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း စက်တင်ဘာ ၁၆၊ ၁၇ ရက်တွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့...

လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းများကစစ်ရှောင်များ စိုးရိမ်ထိတ်လန့်မှုကြားက နေရပ်ပြန်ရ

  တိုက်ပွဲကြောင့် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ဘုန်ကြီးကျောင်းသို့ရောက်ရှိခိုလှုံသည့် စစ်ဘေးရှောင်များမှာ စိုးရိမ် ထိတ်လန့်မှု ကြား နေရပ်ပြန်သွားကြရကြောင်း သိရသည်။ လက်ရှိ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေပြီဖြစ်သဖြင့် သီရိမင်္ဂလာ မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင် များ နေရပ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်သွားကြပြီဖြစ်ကြောင်း...

သျှမ်းမြောက်တိုက်ပွဲ  စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိလာ

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် တိုက်ပွဲများပြန်လည် ပြင်းထန်လာသဖြင့် စစ်ဘေးရှောင် ၅၀၀၀ ကျော် တိုးများလာကြောင်း သိရသည်။ စစ်ဘေးရှောင် ၅၀၀၀ကျော်သည် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်နှင့် နမ့်ခမ်းအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် ခိုလှုံနေထိုင်နေကြကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူမှု အဖွဲ့အစည်းများ ကောက်ခံထားသည့်...

သျှမ်း ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းများ လုံခြုံရေး ခြိမ်းခြောက်ခံနေရ

သျှမ်း - ထိုင်းနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည် ၆ ထောင်ကျော်၏ ဘဝလုံခြုံရေးခြိမ်းခြောက်ခံနေရကြောင်း သတင်းရရှိသည်။ သျှမ်း-ထိုင်းနယ်စပ် တလျှောက်ရှိ သျှမ်းဒုက္ခသည်စခန်း (၅) ခုအနီးသို့ မြန်မာအစိုးရတပ် နှင့် UWSA တပ်တို့ မှ လုံခြံုရေး တိုးမြှင့်ဝင်ရောက်လာနေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များ ဆိုင်ရာကော်မတီ...

သီပေါတွင်လက်ကျန်စစ်ဘေးရှောင် ရ၀ ခန့် စစ်ရေးငြိမ်ပါက ရွာပြန်မည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့သို့ရောက်ရှိခိုလှုံနေကြသော ကျေးလက်မှစစ်ဘေးရှောင်များအနက် နောက်ဆုံးကျန်ရှိနေသေးသော ရ၀ နီးပါးမှာ စစ်ရေးအခြေအနေငြိမ်သက်ပါက နေရပ်ပြန်တော့ မည်ဖြစ်ကြောင်းသိရသည်။ သီပေါမြို့နားလွယ်ရွာရှိ ဦးလုံးလှဖွန်းဂိုဒေါင်တွင်ခိုလှုံနေသော စစ်ဘေးရှောင် ၆၉ ဦးအနက် ၁၈ ဦးမှာ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက နေရပ်သို့ပြန်သွားကြပြီး အခြေအနေကြည့်ရှုနေကြောင်းသိရသည်။ စစ်ဘေးရှောင်များကူညီရေးကော်မတီဝင်တဦးက - “တခြားစခန်းကစစ်ရှောင်တွေတော့နေရပ်ကိုအသီးသီးပြန်သွားကြပြီ။ ဦးလုံးလှဖွန်းဂိုဒေါင်ကကျန်နေတဲ့ ၆၉...

သီပေါမြို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ၁၅၀ ကျော်ကျန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင်များအနက် စစ်ရေးတင်းမာမှုကြောင့်နေရပ်မပြန်နိုင်သေးသူ ၁၅၇ ဦးကျန်နေသေးကြောင်းသိရသည်။ မတ်လ ၂၈ ရက် ယနေ့မနက် ၁၀ နာရီခန့်က သီပေါမြို့နယ် လုံးလှဖွန်းဂိုဒေါင်တွင် ခိုလှုံနေသော လွယ်မောက်ရွာသား ၄၂ ဦးနှင့် နမ့်ဟူးနွဲ့ကျောင်းတိုက်တွင်ခိုလှုံနေသော နမ္မတူမြို့နယ် ပန်လုံအုပ်စုမှ ရွာသား ၅၁...

စက်ဘီးစီးခရီးသွားသျှမ်းညီအကို သျှမ်း၊မြောက်စစ်ဘေးရှောင်များရိက္ခာရရှိရေး လှုပ်ရှားမှုပြုမည်ဟုဆို

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ မြန်မာပြည်အနှံ့ စက်ဘီးစီး ခရီးသွား သျှမ်းညီအကိုသည် လမ်းခရီး ၂ လ ကြာမြင့်ချိန် မန္တလေးမြို့သို့ရောက်ရှိကာ သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေးအတွက် စက်ဘီးစီး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ လူငယ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်များရိက္ခာရရေး စက်ဘီးစီးလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း စက်ဘီးစီးလူငယ် စိုင်းအွန်ခေးက သျှမ်းသံတော်ဆင့်အားပြောသည်။ “မန္တလေးကနေ သျှမ်းပြည်မြောက်ပိုင်းကိုတက်ပါမယ်။...

သီပေါစစ်ဘေးရှောင်များ စားနပ်ရိက္ခာအထူးလိုအပ်

သျှမ်းပြည်မြောက်ပိုင်း တွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်မှ စွန့်ခွါနေရသော စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာအထူးလိုအပ်နေကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့အထိ သီပေါမြို့ရောက် စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် စားနပ် ရိက္ခာအထူးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောသည်။ “အခုကျနော်တို့အထူးလိုအပ်နေတာက စားနပ်ရိက္ခာပေါ့။ အဝတ်အထည် အိပ်ရာထိုင်ခင်းမလိုဘူး။ ကျနော်တို့ရှိထားတဲ့ စားနပ်ရိက္ခာကကုန်ခါနီးနေပြီ။...

သျှမ်းတွေရလိုက်တဲ့ အရှုံးထဲက အရှုံး

(ဆောင်းပါးရှင်- ခမ်းအွန်) သျှမ်းလူမျိုးတွေ သျှမ်းခေါင်းဆောင်တွေ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဖြတ်သန်းလာခဲ့တာ ဖေဖော်ဝါရီ ရ ရက် “ သျှမ်းအမျိုးသားနေ့” နှစ် ၇၂တိုင်ခဲ့ပါပြီ။ ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ သျှမ်းပြည်နယ် တဝှမ်း သာမက သျှမ်းလူမျိုးတွေ နေထိုင်တဲ့ ပြည်နယ် နဲ့...

Latest news