Tuesday, January 27, 2026

ပင်လောင်း စစ်ရှောင် ၂ ဦး ခွဲစိတ်ကုသမှု ကုန်ကျစရိတ်လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေသည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ခွဲစိတ်ကုသမှု ကုန်ကျစရိတ် အကူညီ လိုအပ်နေကြောင်း သိရှိရသည်။

ပင်လောင်းစစ်ရှောင်စခန်း

စစ်ရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသည် ခြေထောက် ပေါင်တွင် မွေးရာပါ အဖုအတိပ် များဖြစ်ပြီး ခွဲစိတ်ရမည်ဟုဆိုသဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပင်လောင်းမြို့နယ် ဆေးရုံမှ တစ်ဆင့် ပြည်နယ်ဆေးရုံ တောင်ကြီးမြို့သို့ ပို့ဆောင်ပြီး ခွဲစိတ်ကုသနေရကြောင်း သိရသည်။

အလားတူ အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးက အစာအိမ်ရောဂါ အခံရှိရာကနေ အစားအသောက် ပုံမှန်မရသည့်အတွက် အူတက်ပေါက်ဖြစ်ပြီး တောင်ကြီးဆေးရုံတွင် ခွဲစိတ်ကုသနေရကြောင်း ပင်လောင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပေါင်ခွဲစိတ်ရတဲ့ ကလေးတစ်ယောက်က ရက် ၂၀ လောက်ကြာပြီရှင့်..။ ဆေးရုံကနေ မဆင်းလာ ရသေးဘူး။ သူက မွေးရာပါလို့ဘဲ ပြောရမလား ပေါင်ပေါ်မှာ အဖုအတိပ် အကြီးဖြစ်လို့ ခွဲစိတ်ရတာ။ နောက်တစ်ယောက် အူတက်ပေါက်ဖြစ်တာ၊ ခွဲစိတ်ဖို့ ကုန်ကျစရိတ်၊ စားစရိတ်၊ ဆေးရုံမှာ နေထိုင်စရိတ်တွေ ကျပ်သိန်း ၂၀ လောက်၊ အများကြီး လိုအပ်နေတယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အရေးပေါ် ခွဲစိတ်ရန်လိုအပ်သည့် စစ်ရှောင် ကလေးတစ်ဦး နှင့် အမျိုးသားတစ်ဦးသည် ပင်လောင်းမြို့နယ် ဆေးရုံ၌ ကုသနေစဉ် ဆေးဝါးလုံလောက်မှု မရှိခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူ ဝန်ထမ်းများ အားနည်းခြင်းကြောင့် ခွဲစိတ်မရသဖြင့် ၎င်းတို့မှာ ပြည်နယ်ဆေးရုံ တောင်ကြီးမြို့သို့ ခွဲစိတ်ရန် ပို့ဆောင်ရသည်ဟု သိရသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်း မရှိသည့် (ပင်လောင်း) မြို့က စစ်ရှောင်များမှာ အလှူရှင် ပြတ်တောက် လာသည့်ချိန်မှစပြီး ပုံမှန် ထမင်းမစားရခြင်း၊ ဆေးဝါးများ လုံလောက်မှု မရှိခြင်း စသည့်ဖြင့်ကြောင့် ရောဂါအခံရှိသူ စစ်ရှောင်အချို့မှာ ကျန်မားရေး စောင့်ရှောက်မှုမှာ ကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရသည်။

“အူတက်ပေါက် ဖြစ်တဲ့တစ်ယောက်က အရင်က သူအစာအိမ်ရောဂါ ဖြစ်ဖူးတယ်တဲ့။ အခု အူမကြီး ထွက်ပေါက်သွားတဲ့ အဆင့်ထိဖြစ်သွားတာ။ သူက အစားအသောက်ကို ပုံမှန်မစားတာရယ်၊ ဆေးဝါး လုံလောက်မှု မရှိတာတွေကြောင့် အဲ့အဆင့်ထိ ဖြစ်သွားတာ “ လို့ ၎င်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ကရင်နီ (ကယားပြည်) စစ်ဘေးရှောင် ဒေသခံပြည်သူများမှာ မှတ်ပုံတင် နှင့် အိမ်ထောင်စုဇယား ကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် ခရီးသွားလာမှုလည်း ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည် ဦးရေမှာ (၅,၀၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...