ပင်လောင်း စစ်ရှောင် ၂ ဦး ခွဲစိတ်ကုသမှု ကုန်ကျစရိတ်လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေသည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ခွဲစိတ်ကုသမှု ကုန်ကျစရိတ် အကူညီ လိုအပ်နေကြောင်း သိရှိရသည်။

ပင်လောင်းစစ်ရှောင်စခန်း

စစ်ရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသည် ခြေထောက် ပေါင်တွင် မွေးရာပါ အဖုအတိပ် များဖြစ်ပြီး ခွဲစိတ်ရမည်ဟုဆိုသဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပင်လောင်းမြို့နယ် ဆေးရုံမှ တစ်ဆင့် ပြည်နယ်ဆေးရုံ တောင်ကြီးမြို့သို့ ပို့ဆောင်ပြီး ခွဲစိတ်ကုသနေရကြောင်း သိရသည်။

အလားတူ အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးက အစာအိမ်ရောဂါ အခံရှိရာကနေ အစားအသောက် ပုံမှန်မရသည့်အတွက် အူတက်ပေါက်ဖြစ်ပြီး တောင်ကြီးဆေးရုံတွင် ခွဲစိတ်ကုသနေရကြောင်း ပင်လောင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပေါင်ခွဲစိတ်ရတဲ့ ကလေးတစ်ယောက်က ရက် ၂၀ လောက်ကြာပြီရှင့်..။ ဆေးရုံကနေ မဆင်းလာ ရသေးဘူး။ သူက မွေးရာပါလို့ဘဲ ပြောရမလား ပေါင်ပေါ်မှာ အဖုအတိပ် အကြီးဖြစ်လို့ ခွဲစိတ်ရတာ။ နောက်တစ်ယောက် အူတက်ပေါက်ဖြစ်တာ၊ ခွဲစိတ်ဖို့ ကုန်ကျစရိတ်၊ စားစရိတ်၊ ဆေးရုံမှာ နေထိုင်စရိတ်တွေ ကျပ်သိန်း ၂၀ လောက်၊ အများကြီး လိုအပ်နေတယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အရေးပေါ် ခွဲစိတ်ရန်လိုအပ်သည့် စစ်ရှောင် ကလေးတစ်ဦး နှင့် အမျိုးသားတစ်ဦးသည် ပင်လောင်းမြို့နယ် ဆေးရုံ၌ ကုသနေစဉ် ဆေးဝါးလုံလောက်မှု မရှိခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူ ဝန်ထမ်းများ အားနည်းခြင်းကြောင့် ခွဲစိတ်မရသဖြင့် ၎င်းတို့မှာ ပြည်နယ်ဆေးရုံ တောင်ကြီးမြို့သို့ ခွဲစိတ်ရန် ပို့ဆောင်ရသည်ဟု သိရသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်း မရှိသည့် (ပင်လောင်း) မြို့က စစ်ရှောင်များမှာ အလှူရှင် ပြတ်တောက် လာသည့်ချိန်မှစပြီး ပုံမှန် ထမင်းမစားရခြင်း၊ ဆေးဝါးများ လုံလောက်မှု မရှိခြင်း စသည့်ဖြင့်ကြောင့် ရောဂါအခံရှိသူ စစ်ရှောင်အချို့မှာ ကျန်မားရေး စောင့်ရှောက်မှုမှာ ကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရသည်။

“အူတက်ပေါက် ဖြစ်တဲ့တစ်ယောက်က အရင်က သူအစာအိမ်ရောဂါ ဖြစ်ဖူးတယ်တဲ့။ အခု အူမကြီး ထွက်ပေါက်သွားတဲ့ အဆင့်ထိဖြစ်သွားတာ။ သူက အစားအသောက်ကို ပုံမှန်မစားတာရယ်၊ ဆေးဝါး လုံလောက်မှု မရှိတာတွေကြောင့် အဲ့အဆင့်ထိ ဖြစ်သွားတာ “ လို့ ၎င်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ကရင်နီ (ကယားပြည်) စစ်ဘေးရှောင် ဒေသခံပြည်သူများမှာ မှတ်ပုံတင် နှင့် အိမ်ထောင်စုဇယား ကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် ခရီးသွားလာမှုလည်း ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည် ဦးရေမှာ (၅,၀၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...