စစ်ကောင်စီ ဖိအားပေးမှုကြောင့် ကျောက်မဲစစ်ရှောင်များ မြို့ပေါ်သို့ အိမ်ငှားနေထိုင်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းအတွင်းရှိ စစ်ဘေးရှောင်များ စစ်ကောင်စီမှ နေရပ်ပြန်ရန် ထပ်မံဖိအားပေးပြီးနောက် စစ်ရှောင်များသည် မြို့ပေါ်သို့ အိမ်ငှားနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲစစ်ရှောင်စခန်း

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၅ ) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ရဲမှူး၊ ဦးစီးမှူး နှင့် တခြား တာဝန်ရှိသူ ၃ ဦးတို့မှ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းရှိ စစ်ရှောင်များကို နေရပ်ပြန်ရင် ဖိအားပေးခဲ့သည်။

ထို့ကြောင့် စစ်ရှောင်များသည် နေရပ်ပြန်ရန် အခက်ခဲများစွာ ရှိနေသဖြင့် ကျောက်မဲမြို့ပေါ်၌ အိမ်ငှားနေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး မြို့ပေါ်ရှိ အိမ်ငှားခ တစ်လလျှင် (၈၀,၀၀၀) ကျပ် ကုန်ကျနေသည့်အတွက်ကြောင့် အခက်ခဲ ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အိမ်က ကျဉ်းရင်တော့ စျေးသက်သာတယ် တစ်လကို (၄ သောင်း၊ ၅သောင်း) ကျပ် လောက်တော့ ပေးရမှာပေါ့။ အိမ်က မိုးလှုံ၊ လေလှုံပြီး နည်းနည်းကျယ်ရင်တော့ တစ်လကို (၇သောင်း၊ ၈သောင်း) ကျပ် လောက်တော့ ပေးရတယ်။ ကျမတို့ စစ်ရှောင်တွေက ဘာအလုပ်မှ မရှိဘူး “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းသို့ ရောက်ရှိနေသော စစ်ရှောင်များသည် အိမ်ထောင်စု ၄၈ စု နှင့် လူဦးရေ ၁၇၀ ကျော်ရှိပြီး များသောအားဖြင့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ကျောင်းသို့ ရောက်ရှိနေသော စစ်ရှောင်များသည် ဟူးဆွန်ကျေးရွာ၊ တွန်ဟိတ်ကျေးရွာ၊ ချုံးဟောင်းနှင့် နဲမ်းဆိုင်းရွာတို့မှ ဒေသခံများဖြစ်ရာ လူဦးရေ ၁၇၀ ကျော်တို့သည် ယခုလ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ မြို့ပေါ်သို့ ရွေ့ပြောင်းပြီး အိမ်ငှားနေထိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ကျမတို့ နေရပ်အိမ်ကို မပြန်နိုင်တာ ၁ နှစ်ကျော်ရှိပြီ။ အခြေအနေတွေ ဘယ်လိုရှိမှန်းမသိ၊ အိမ်တွေလည်း ပျက်စီးကုန်ပြီ။ အိုး၊ အိမ်တွေ ဘာမှမရှိတော့ဘူး။ စစ်ကောင်စီကတော့ နေရပ်ကိုပြန်ခိုင်းတယ်။ ပြန်ရင် အိုး၊ အိမ်တွေမရှိဘူး ဘယ်လိုစားသောက်ရမှန်း မသိ၊ ဘယ်လိုနေရမှန်းမသိတော့ အရမ်းကို ပူဆွေးနေတယ်။ အဲ့ကြောင့် မြို့ပေါ်မှာ အိမ်ငှားနေဖို့ ဆုံးဖြတ်ထားတယ် “ ဟု ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် အသက် ၂၀ နှစ်ကျော် စစ်ရှောင် အမျိုးသားတစ်ဦးက မြို့ပေါ်သို့ ရွှေ့ပြောင်းပြီး အိမ်ငှားနေထိုင်လျှင် အလုပ်မရှိပါက စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်း လာနိုင်ကြောင်း ပြောသည်။

“ ကျောက်မဲ သျှမ်းစာပေ နဲ့ ယဉ်ကျေးမှုကျောင်းမှာ နေရင် အိမ်ငှားခ မပေးရဘူး။ နေ့စားအလုပ်သွားရင်လည်း တစ်ရက် ၅ ထောင်ရတယ်။ နေ့စားကရတဲ့ ငွေနဲ့ ဆီ၊ ဆန်၊ ဆား ဝယ်နိုင်တယ်။ မြို့ပေါ်မှာ အိမ်ငှားပြီးနေမယ်ဆို ရင်တော့ အိမ်ငှားခလည်း ပေးရမယ်။ နေ့စားအလုပ်က နေ့တိုင်းမရှိဘူး။ အဲ့ချိန်ကြရင် အိမ်ငှားလည်း မပေးနိုင်၊ စားဖို့သောက်ဖို့လည်း မတတ်နိုင်တော့ ကျနော်တို့ စစ်ရှောင်တွေ အရင်ကထက်ကို ပိုပြီး ခက်ခဲလာနိုင်တယ် “ ဟု ၎င်း အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲ စစ်ရှောင်များကို ကူညီထောက်ပံ့နေသော ကမ္ဘာ့ကုလသမဂ္ဂ UN စားနပ်ရိက္ခာ အစီစဉ်ကို စစ်ကောင်စီက ပိတ်လိုက်ပြီးနောက် (ဒီဇင်ဘာလ) ကုန်ပိုင်းရောက်လျှင် ရပ်တန့်သွားမည်ဖြစ်ကြောင်း စစ်ရှောင်များ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...