ဆီဆိုင်မြို့နယ်က စစ်ရှောင်တွေရဲ့ ဘဝများ

မြေနီနီပေါ်မှာ ဝါးလုံးကို ယာယီထောင်ထားပြီး တာလပတ် မိုးကာ အစိမ်းရောင်တွေနဲ့ ယာယီ တည်ဆောက်ထားတဲ့ တဲတွေကတော့ ကွင်းပြင်ထဲမှာ အများအပြားပါပဲ။

စစ်ရှောင်စခန်း

အဲ့ စစ်ရှောင်တွေဟာ ဆီဆိုင်မြို့ကနေ မိနစ် ၃၀ ခန့် ဆိုင်ကယ် နဲ့ သွားမှသာ ရောက်ရှိတဲ့ နေရာဖြစ်ပြီး စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့် နိုဝင်ဘာ ၁၈ ရက်နေ့ က စတင်ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။

လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာအုပ်စုအတွင်း နေထိုင်တဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို မကြာခဏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထွက်ပြေးလာခဲ့ရတယ်လို့ ကုန်းဆွတ်ရွာသူကြီးက ပြောပါတယ်။

စစ်ရှောင်စခန်း

“ လက်နက်ကြီးတွေ နဲ့ ရွာထဲပစ်ချင်သလို ပစ်နေတဲ့ အနေထားမှာ ဖြစ်နေတဲ့အတွက် ကျနော်နေတဲ့ရွာက ပစ်ကွင်းပုံစံလိုမျိုး ကျရောက်နေတယ်။ မကြာခဏ မထင်သလို မဆင်မချင် အမြောက်တွေ ကျကျလာတော့ နေရပ်ပြန်ဖို့အတွက် ခက်ခဲတယ်။ ဒီတစ်ကြိမ်နဲ့ဆို ကျနော်တို့ ၂ ကြိမ်မြောက် ပြေးလာခဲ့ရတာပါ “ ဟု ၎င်း ရွာသူကြီးက ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင် စခန်းတစ်ခုတွင် အမျိုးသမီး (၁၅၀) ဦး၊ အမျိုးသား (၁၀၀) ဦး၊ ကလေးငယ် (၅၀) ဝန်းကျင်၊ ကိုယ်ဝန်သည် ၂ ဦး နဲ့ သက်ကြီးရွယ်အိုတွေ ရှိနေပါတယ်။

စစ်ရှောင်စခန်း

အဝတ်တစ်ထည် ကိုယ်တစ်လုံး နဲ့ ထွက်ပြေးလာခဲ့တဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိ ဆောင်းရာသီကာလ အချိန်မှာ အနွေးထည်၊ အိပ်ယာခင်း၊ မိုးကာ နဲ့ ဆောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

“ အရင်တစ်ခေါက်က အလှူရှင် မိုးကာအထည် ၅၀ လောက် လာပေးတယ်။ စစ်ဘေးရှောင်အသစ်တွေ ထပ်ရောက် လာတော့ မလောက်ဘူးဗျ။ တချို့က တတ်နိုင်တဲ့သူက အခင်းဝယ်နိုင်တယ်။ မတတ်နိုင်တဲ့ သူက ရှိတဲ့မိုးကာနဲ့ဘဲ ခင်းအိပ်ရတယ်။ အခုဆောင်းရာသီ ရောက်လာတော့ မိုးကာနဲ့ခင်းအိပ်ရင် အရမ်းအေးတယ် “ လို့ ၎င်း အမျိုးသားက ပြောပါတယ်။

စစ်ရှောင်စခန်း

စစ်ရှောင်တွေ အတွက် အိမ်သာတစ်လုံးထဲသာ ရှိတာကြောင့် တခါတလေ အပေါ့အပါး သွားချင်ပါက ချုံကြားထဲမှာ သွားရပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအတွက် စိတ်လုံခြုံမှု မရှိကြောင်း စစ်ဘေးရှောင် အမျိုးသမီး အသက် ၂၁ နှစ်အရွယ် နန်းချယ်ရီက သူရဲ့ အခက်ခဲကို ပြောပြလာပါတယ်။

“ အပေါ့အပါး သွားဖို့အတွက် ခက်ခဲတယ်ရှင့်။ ဒီမှာ အိမ်သာတစ်လုံးထဲရှိတယ်ဆိုတော့ လူအများနဲ့ အဆင်မပြေဘူးရှင့်။ မနက်ပိုင်း အိပ်ယာက ထလာပြီး အပေါ့အပါး သွားမယ်ဆိုရင် လူအများနဲ့ တန်းစီပြီး စောင့်ရတယ်။ အချို့က မစောင့်နိုင်တော့ အပြင်က ချုံကြားတိုးရတယ်။ ချုံကြားထဲသွားရတယ်ဆို စိတ်မလုံခြုံဘူး “ လို့ နန်းချယ်ရီက ပြောပါတယ်။

စစ်ရှောင်စခန်း

လတ်တလော စစ်ဘေးရှောင် တွေရဲ့ စားဝတ်နေရေးကိုတော့ အလှူရှင်တွေပေးတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ကုလားပဲ၊ ကြာဇံတို့ကို ချက်ပြုတ်ပြီး တစ်နေ့ကို ပုံမှန် ထမင်း ၂ နှပ် စားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် လစဉ်သုံးမှာ ဝယ်ယူရန် ခက်ခဲတဲ့အတွက် လက်ရှိမှာ အခက်ခဲ ကြုံတွေ့နေရသည်ဟု နန်းချယ်ရီက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်း

“ အမျိုးသမီး လစဉ်သုံးက အခက်ခဲရှိတယ်ဗျ။ ဝယ်ပေးမယ့် လူလည်းမရှိ၊ ဝယ်လာလည်း မပေးတော့ အခု အဲ့ပြသာနာတော့ ရှိနေတယ်ရှင့်။ ရာသီလာရင် အဆင်ပြေသလိုဘဲ လုပ်ရတယ် “ လို့ နန်းချယ်ရီက ထပ်လောင်းပြောပါတယ်။

ကရင်နီ (ကယားပြည်) မှ ထွက်ပြေးလာပြီး စစ်ဘေးရှောင်စခန်းတွင် ၁ လကျော်ကြာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ တောင်ပေါ်ဒေသက ချောင်းရေကို ကြိုချက်ပြီး သောက်သုံးနေရတဲ့အတွက် သောက်သုံးရေမှာလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...