နမ့်ဆန်စစ်ရှောင်ကို ကူရန်သွားသည့် အဖွဲ့အစည်း စစ်ကောင်စီ စစ်ဆေးမေးမြန်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့အတွင်းရှိ စစ်ဘေးရှောင်များကို သွားရောက် ကူညီသည့်အဖွဲ့အစည်းများအား အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ကြောင်း သတင်းသိရသည်။

Photo: Ta’ang Women’s Organization – TWO

ယမန်နေ့ (ဒီဇင်ဘာလ ၁၄) ရက်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီး ဘုန်းကျောင်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို စားနပ် ရိက္ခာနှင့် အဝတ်အထည်များ သွားရောက် ကူညီထောက်ပံ့ပေးသည့် အဖွဲ့များကို ဘုရားကြီးကျေးရွာ အဝင် နှင့် နမ့်ဆန် ပြည်သူ့ဆေးရုံအနီး၌ စစ်ကောင်စီတို့က တားမြစ် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သွားရောက်ကူညီသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က ကား ၅ စီးနဲ့ သွားကြတာ၊ ဘုရားကြီး အဝင်နဲ့ ဆေးရုံ အနီးမှာ စစ်ဆေးခံရတယ်၊ လူသားချင်းစာနာ ထောက်ထားမှုအနေနဲ့ စစ်ရှောင်ကို သွားကူ မလို့ပါ ပြောတော့ စစ်ရှောင်က ဘယ်ကလဲဆိုပြီး မေးသေးတယ်၊ နောက်ဆုံး ဘယ်အချိန် ပြန်လာပါ့မယ်လို့ ပြောပြီးမှ အဲ့ဂိတ်ကနေ ဖြတ်ခွင့်ပြုတာ” ဟု စစ်ဆေးမှုကို ကြုံတွေ့ရ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ဆေးမှု ပြုလုပ်သည့် စစ်ကောင်စီ တပ်သားများထံမှ အရက်နံ့များ ရနေသည့်အပြင် စစ်ရှောင်ကူညီ ရန် သွားသည့် အဖွဲ့ကိုလည်း လိုအပ်သည်ထက် စစ်ဆေးမေးမြန်းမှု ပြုလုပ်ကြောင်း သိရသည်။

ထို့အပြင် စစ်ရှောင်စခန်းသို့ ရောက်ရှိရာ၌ စစ်ကောင်စီတပ်ဖွဲ့တို့မှ TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လေယာဥ်ဖြင့် ဗုံးများထပ်မံကြဲချသည့်အတွက် စစ်ရှောင်စခန်းနေရာထိ အသံကြားရပြီး မြေပြင်ပါ တုန်သွား ကြောင်းလည်း သိရသည်။

“စစ်ရှောင် စခန်းရောက်နေချိန်မှာ ကုန်းသာဘက် ရဟတ်ယာဥ်နဲ့ ဗုံးထပ်လာကြဲလို့ မြေပြင်တောင် တုန်တယ်၊ ဗုံး ၃ လုံးလောက် ကျပြီဆို ကလေးတွေ သက်ကြီးရွယ်အိုတွေက မြေကြီးတွေ အော်တို မှောက်ပြီးသားပဲ၊ ကြောက်ကြ တာလေ၊ ကျနော်တို့လည်း တတ်နိုင်သလောက်တော့ အားပေးစကား ပြောပေးခဲ့ပါတယ်” ဟု ၎င်း အမျိုးသား က ဆက်ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ဇယန်းကြီး ဘုန်းကြီးကျောင်းရှိ စစ်ရှောင်များ လိုအပ်သည့် အစားအသောက် အပါအဝင် စောင်၊ အိပ်ယာခင်း၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ သွားတိုက်ဆေး/တံ နှင့် စသည့် အခြေခံ အသုံးအဆောင်ပစ္စည်းများ သွားရောက် ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းရောက် စစ်ရှောင်များသည် နမ့်ဆန်မြို့နယ် ဟူးမန်း၊ ကုန်းသာ၊ မန်လုံး၊ တာလတ်၊ ဆာငါမ်ကျေးရွာ များမှ ဖြစ်ကြပြီး အိမ်ထောင်စု ၅၇၁ စုနှင့် လူဦးရေ (၁,၇၀၀) ကျော်ရှိနေကြောင်း သိရသည်။

“ကျမတို့ သွားကူညီပေးခဲ့တာ ဟုတ်ပါတယ်။ စားနပ်ရိက္ခာကတော့ နောက်တစ်ပတ်လောက်ထိ လုံလောက်နိုင် ပါသေးတယ်။ ဒါပေမဲ့ ဆောင်းရာသီ ဖြစ်နေတော့ စောင်တွေ အနွေးထည်တွေ ပြီးတော့ ကလေးဒိုင်ဘာတွေက လိုအပ်တယ်၊ ပြီးတော့ အိမ်သာလည်း လုံလောက်မှု မရှိဘူး” ဟု TWO မှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဆန်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်နေ့အထိ တစ်ပတ်ခန့်ကြာအောင် စစ်ကောင်စီနှင့် TNLA ကြား ထိတွေ့တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ယနေ့အချိန်ထိ စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ပစ်ကွင်းရှာပြီး ဗုံးကြဲချ တိုက်ခိုက်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...