Sunday, February 1, 2026

စစ်ကောင်စီ

ညောင်ရွှေရောက် စစ်ဘေးရှောင် (၈၀၀)ကျော် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ နှစ်လကျော်ကြာရောက်ရှိနေသည့် စစ်ဘေးရှောင် (၈၀၀)ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ် နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် လက်ရှိချိန်ထိ အမိုးအကာ၊စောင် နှင့် အနွေးအထည်များ...

တောင်ကြီး လူငယ်ရှိ အိမ်တိုင်း စစ်ကောင်စီ ငွေ (၁)သိန်းကောက်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင် အသက် ၁၈ နှစ်မှအသက် ၃၅ နှစ်ကြား လူငယ်ရှိသည့် နေအိမ်ကို စစ်ကောင်စီမှ ကျပ်ငွေ တစ်သိန်း ကောက်ခံနေသည်ဟု မြို့ခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စပြီး စဝ်စံထွန်း ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက်၊ ချမ်းမြ၊ ရွှေတောင်၊...

ဗန်းမော်မြို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက် နေအိမ်များမီးလောင် 

ကချင်ပြည် ဗန်းမော်မြို့ကို စစ်ကောင်စီက နေ့စဉ် ရက်ဆက်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံနေအိမ်များလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀) ရက် မနက်ပိုင်းတွင် ဗန်းမော်မြို့ နှစ်မိုင်ရပ်ကွက်၊လေယာဉ်ကွင်း အနီး တစ်ဝိုက်ကို စစ်ကောင်စီက လေကြာင်းဖြင့်ဗုံးကြဲ ‌တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း၌ မီးလောင်းမှုများဖြစ်ပွားခဲ့ကြောင်း  ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “နှစ်မိုင်ဘက်ရယ် မြို့ထဲက လေယာဉ်ကွင်းအနီးတွေမှာ တိုက်ပွဲတွေ‌ကြောင့် မီးလောင်းနေတာတော့...

လေကြောင်းတိုက်ခိုက်မှု စစ်ရာဇာဝတ်မှုမြောက်ကြောင်း မျက်ကွယ်ပြု အားပေးနေတဲ့ စစ်လော်ဘီအပေါင်းအပါများ

၂၀၂၄ စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ "လက်နက်ကိုင်အကြမ်းဖက်သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလို တုံ့ပြန်သွားမည်” ဟု ပြောဆိုခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ဦးဆောင်ပြီး...

စစ်ကောင်စီ တြိဂံတိုင်းစစ်ဌာနချုပ်သည် UWSA နှင့် ထိုင်းစစ်တပ်ကြား အငြင်းပွားနေသည့် နယ်စပ်သို့သွားရောက်

မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်စပ်အနီးသို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၅ နာရီခန့်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၆၅)...

တာချီလိတ်မြို့ လွယ်စတုံကျေးရွာ တရုတ်နိုင်ငံသား အယောက် (၅၀)ကျော်ကို ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် တာာချီလိတ်မြို့အနီး လွယ်စတုံးကျေးရွာတွင် တရုတ်နိုင်ငံသား အယောက်(၅၀) ကျော်ကို စစ်ကောင်စီလက်အောက်ခံ ရဲဌာနနှင့် ပြည်သူစစ်အဖွဲ့များ သွားရောက်ဖမ်းဆီးထားမိကြောင့် စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ရက်)နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ရဲဌာနနှင့် ပြည်သူစစ် အဖွဲ့များ တာချီလိတ်မြို့အနီး လွယ်စတုံကျေးရွာအတွင်းတွင် နေထိုင်နေသည့် တရုတ်နိုင်ငံသား အယောက် (၅၀)...

ဗန်းမော်မြို့ တိုက်ပွဲပြင်းထန် ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်၊ ပိတ်မိနေသူများလည်းရှိ

ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင် နေကြရကာ မြို့အတွင်း၌ ပိတ်မိသူများလည်းရှိနေကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မှစတင်၍ စစ်ကောင်စီတပ် နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့...

ကျောက်ဂူ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံး DPLF ပြော

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀ )ကျော်သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု DPLF မှ ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀ ရက်) မှ ဒီဇင်ဘာလ ၉ ရက် အထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် စစ်ကောင်စီတပ်တို့...

လားရှိုး-နမ္မတူကြား အီနိုင်းတံတား ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့်မရသေး

သျှမ်းပြည် လားရှိုးနှင့် နမ္မတူမြို့အကြားရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဖြတ်သန်းခ ‌ဈေးအဆမတန် ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းမှ စတင်၍ လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပေးပြီးနောက်...

SSPP/SSA လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေ

ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေများ တွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီမှ စက်သုံးဆီ တင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မိုင်းနောင်၊ မိုင်းရှူး၊ကျေးသီး၊ မိုင်းကိုင်၊မိုင်းရယ် စသည့် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ သျှမ်းပြည်...

Latest news