နှစ်သစ်ကူးပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပရေး စစ်ရှုံး စစ်ကောင်စီ ပြင်ဆင်

နိုင်ငံတဝှမ်း အရှုံးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက နှစ်သစ်ကူးပွဲတော် ခြိမ့်ခြိမ့်သဲ စည်ကား သိုက်မြိုက်စွာ ကျင်းပရေး ပြည်နယ်နှင့်တိုင်း အလိုက် စီစဉ်ရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) တွင် ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် အရှုံးကြီး ရှုံးနေပြီး တိုင်းစစ်ဌာနချုပ် (အမ်း) ကျဆုံးရန် နီးကပ်နေစဥ် နေပြည်တော်နှင့် ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိမ်းချုပ်ထားဆဲ မြို့ကြီးများတွင် နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။

“နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး အဲလို မြို့ကြီးတွေမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ၃၁ ရက် နှစ်သစ်ကူးည အထိ ပွဲလုပ်ဖို့ ညွှန်ကြားထားတာရှိတယ်။ ဈေးရောင်းပွဲတွေ၊ စတိတ်ရှိုးတွေ အစုံပါမှပေါ့။ ဒီမှာ (နေပြည်တော်) တော့ ပြင်ဆင်နေပြီ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း (၁) (၂) တွင် Myanmar Countdown ဟု ခေါင်းစဥ်တပ်ထားသည့် နှစ်သစ်ကူး ဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်နေရာ စစ်ကောင်စီကို ထောက်ခံသည့် အနုပညာရှင် ၃၀ ကျော် ပါဝင်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၃၁ နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

လူစည်ကားစေရန် ဝင်ကြေး အခမဲ့ သတ်မှတ်ထားသည့် အဆိုပါ ပွဲတွင် Bobby Soxer၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J ၊ Team 143 ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ ၊ Jewel ၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ဟဲလေး၊ နောနော်၊ အိုင်းရင်းဇင်မာမြင့်၊ ရဲရင့်အောင်၊ ယွန်းမြတ်သူ၊ ရတနာမိုင်၊ J Fire ၊ အစ္စဏီ၊ သိန်းလင်းစိုး၊ အောင်ထက်၊ Jason Ace ၊ မဟော်၊ ချစ်ကောင်း၊ project K ၊ Awasome Boyz တို့ ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။

နိုင်ငံတဝှမ်း စစ်ရှုံးနေစဉ် နေပြည်တော်၌ ပွဲတော် အမျိုးမျိုး ကျင်းပ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အား “ပွဲတက် ဗျူဟာ” ကျင့်သုံးနေသည်ဟု စစ်တပ် ထောက်ခံသူများက လူမှုကွန်ရက်တွင် လှောင်ပြောင်နေသည်ကိုလည်း တွေ့ရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် လားရှိုး တိုင်းစစ်ဌာနချုပ် ကျဆုံးစဥ်က ဆိုကရေးတီး ပြိုင်ပွဲ၊ တောင်ကုတ် ဒစက ကျဆုံးစဥ် အမျိုးသား အားကစားပွဲများ တက်ရောက်နေသဖြင့် စစ်ကောင်စီ ထောက်ခံသူများ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယခု တိုင်းစစ်ဌာနချုပ် (အမ်း) ကျဆုံးရန် နီးကပ်စဉ် နှစ်သစ်ကူးပွဲတော် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...