တောင်ကြီးတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြန်လည်လွတ်မြောက်ရန် ငွေကျပ်သိန်းဆယ်ချီပေးဆောင်နေရ

သျှမ်းပြည် တောင်ကြီးမြို့နယ်အတွင်း ညbက်အစစ်အဆေးများပိုမိုတင်းကြပ်လာကာ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံသူများမှာလည်း ငွေကျပ်သိန်းဆယ်နှင့်ချီပေးဆောင်မှ လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ တောင်ကြီးမြို့အတွင်း ယခင်ကထက် စစ်ဆေးတင်းကြပ်မှုများ များပြားလာပြီးနောက် ညအချိန်အပြင်သည့် အမျိုးသားများကို အဓိက ဖမ်းဆီးမှုပြုလုပ်နေပြီး ဖမ်ဆီးထားသောသူများအား ငွေကျပ်သိန်းဆယ်ချီ ပေးဆောင်မှ ပြန်လည်လွတ်ပေးကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ပိုက်ဆံရှိတဲ့သူ‌တွေကတော့ ပြန်လွတ်ဖို့ သိန်းဆယ်ချီပေးရတယ်၊ မရှိတဲ့သူတွေကတော့ သူတို့ အစားလိုက်ပေးရတာပေါ့၊ တကယ့်လာဘ်ပေးလာဘ်ယူ ဈေးကွက်ကြီးဖြစ်နေတာ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

တောင်ကြီးမြို့နယ်

ထို့အပြင် ဒီဇင်လာလ (၁၄) ရက်က တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်အတွင်း လူငယ် အယောက် ၂၀ ဝန်းကျင်ခန့် ဖမ်းဆီးခံခဲ့ရကြောင်းလည်း အသက် ၄၅ နှစ်အရွယ် မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“မနေ့ရှေ့တစ်ရက်(ဒီဇင်ဘာ ၁၄ရက်) ကတော့ ကန်‌အောက်ရပ်ကွက် က ၂၀ လောက်ပါသွားတယ်၊ ဘာတွေဆက်ဖြစ်လဲ ဆက်လုပ်နေလဲဆိုတာတော့ မကြားသေးဘူး၊ မြို့ထဲမှာတော့ လဒကုန်းနားမှာတော်တော်လေးစစ်နေတယ်” ဟု ၎င်းအမျိုးသမီးကပြောသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များထပ်မံရရှိနိုင်ရန် သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲဖြစ်သည်။
ဖမ်းဆီးခံရသူအများစုသည် လက်လုပ်လက်စား အခြေခံလူတန်းစားများဖြစ်နေသည့်အတွက် ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် သတင်းအစအနပျောက်ကွယ်သွားကာ စစ်သင်တန်းနေရာများသို့ ပို့ဆောင်ခံရခြင်း၊ စစ်ကောင်စီအလိုကျ ရှေ့တန်းသို့ပို့ဆောင်ခံရခြင်းကို လူမသိသူမသိကျူးလွန်ခံနေရသည့် အခြေအနေများစွာရှိနေကြောင်းလည်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ‌ဒေသခံများထံမှသိရသည်။

တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဖမ်းဆီးခံခဲ့ရပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ပို့ဆောင်ခံရသည့် လူငယ် (၁၄၀) ကျော်ရှိခဲ့ကြောင်း ထိုသို့ဖမ်းဆီးခံခဲ့ရသည့် လူငယ်များတွင်လည်း အမျိုးသမီးများလည်းပါဝင်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်တွင်အသက်သွင်းလိုက်သော စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာနိုင်ငံတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများ၏ အနာဂတ်များအပေါ် ဆိုးကျိုးများစွာသက်ရောက်ခဲ့ပြီး လက်ရှိကာလတွင်လည်း ထိုဥပဒေကို အသုံးချကာ စစ်ကောင်စီလက်‌အောက်ခံ စစ်တပ်၊ ရဲ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ဝင်ငွေရနိုင်သည့်နည်းလမ်းအဖြစ် ဖန်တီးအသုံးချနေခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...