စစ်ကောင်စီ
ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေ (၅)နာရီ ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့သည် ဖယ်ခုံ အနောက်ဘက်ကမ်းမှ...
မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) စတင်ကောက်ခံ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ စတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူစစ်မှုထမ်းရန် ဇန်နဝါရီလ မှ စပြီး စစ်မှုထမ်း အပတ်စဉ် (၁) အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမျိုးသမီး စစ်မှုထမ်းစာရင်းများကို...
တောင်ကြီးတွင် စက်သုံးဆီ အလုအယက် ဝယ်ယူနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီဈေး မြင့်တက်နေပြီး စက်သုံးဆီများကို အလုအယက် ဝယ်ယူမှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၅ ရက်) နေ့ နံနက်အစောပိုင်းမှ စတင်ပြီး အွန်လိုင်းကျားဖြန့်ကိစ္စကြောင့် ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်ပို့ရောင်းချနေသည့် လျှပ်စစ်မီး၊ ဖုန်းအင်တာနက်လိုင်း နှင့် စက်သုံးဆီများကို မြန်မာနယ်စပ်တကြော တာချီလိတ်မြို့၊...
မိုင်းရယ်မြို့နယ် တစ်ပတ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀) ကျော်ကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် ကျားဖြန့်လုပ်ကိုင်သူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများ အပါအဝင် လူ (၁၀၀) ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ (၅) ရက်မှ (၉) ရက်အတွင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို...
တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များအား စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီထုတ်ပြန်
အာဏာသိမ်း စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေကြောင်း စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်)တွင် ထုတ်ပြန်သည်။ စစ်သင်တန်းများကို နေပြည်တော်အပါအဝင် သျှမ်းပြည် တောင်ကြီးမြို့၊ မွန်ပြည် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်း ကမာရွက်မြို့နယ်နှင့်...
မိုးကုတ် ဗုံးကြဲခံရမှုအတွင်း TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးဟု သတင်းအမှားဖြန့်
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးကြောင်း သတင်းအမှားဖြန့်ချိ နေပါသည်။ စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “...
Facebook Platform မှာ ပေါ်လစီပြောင်းလဲမှုအပြီး ပြန်လည်ခြေချရန် ကြိုးပမ်းနေသည့် စစ်လော်ဘီများနှင့် သတင်းတု၊ သတင်းမှားအန္တရာယ်
Facebook ပေါ်လစီအပြောင်းအလဲအား ကြေညာပြီးသည့်နောက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ် နေသည့် ဝါဒဖြန့် ချန်နယ်အကောင့်များသည် Facebook Platform ပေါ်သို့ ပြန်လည်ခြေချ၍ သတင်းမှား ဖြန့်ချိမှုများ စတင် ပြုလုပ်နေကြောင်း တွေ့ရသည်။ သတင်းမှားဖြန့်ချိကြောင်း နာမည်ကြီးသည့် Bad Actor Influncer အကောင့်များ ဖြစ်သည့် ကျော်စွာနှင့် ကိုသက်တို့သည် Facebook Platform သို့ ပြန်လည်ခြေချ၍ သတင်းမှားဖြန့်ချိမှုများ စတင်ပြုလုပ်လာသည်။ Meta ၏ အွန်လိုင်းလူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင်...
ဆီဆိုင်ရှိ ကျေးရွာအုပ်စုအချို့ကို စစ်ကောင်စီနှင့် PNO ကဈေးသုံးခွင့် ပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စုကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က ဆီဆိုင်မြို့အတွင်း ဈေးလာသုံးခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၊ PNOနှင့် PNLA တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက် တွင်ရှိသည့် တောင်ရှေ့ကျေးရွာအုပ်စုသည် ဆီဆိုင်မြို့နှင့် နာရီဝက်မျှသာ သွားလာရပြီး စားသုံးကုန်စည်များကို...
မူဆယ် နမ့်ဖတ်ကာ ပြည်သူစစ်နှင့် မူးယစ်ဆေးသယ်ဆောင်သည့် အမျိုးသားတစ်ဦး ပစ်သတ်မှုဖြစ် တစ်ဉီးသေဆုံး
SHAN -
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ နမ့်ဖတ်ကာ ပြည်သူစစ်နှင့် မူးယစ်ဆေးသယ်ဆောင်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်ဆေးသယ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက်ပိုင်းအစောပိုင်းတွင် KTV မှ ပြန်လာသည့် အမျိုးသား တစ်ဦးကို လမ်းတွင် စောင့်ဆိုင်းစစ်ဆေးနေသည့် ပြည်သူ့စစ်နှင့်ထိပ်တိုက်တွေ့ဆုံရာ...
စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ရွှေတွင် ရွာလုံးကျွတ်ထွက်ပြေးနေရ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာ...






