ညောင်ရွှေမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၁ဦးထိခိုက်ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး

သျှမ်းပြည် တောင်ပိုင်း ညောင်‌ရွှေမြို့နယ်ရှိ ကျေးရွာနှစ်ခုကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်းများမီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( ဖေဖော်ဝါရီလ ၁၃ ရက်) ညနေ ၆ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဘက်ကမ်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ ထိသွားတဲ့ ‌ဒေသခံကတော့ ညာဘက်လက်မှာ ထိသွားတယ်။လောလောဆယ်တော့အနားကို ချုပ်ထားရတယ်။ဖယ်ခုံအနောက်ကမ်းကနေ အရှေ့ကမ်းကို ပစ်တာပါ။ဘုရားတောင်ကျေးရွာကိုလည်း ပစ်တယ်။အဲ့ရွာ မှာတော့ လူထိခိုက်မှုမရှိခဲ့ဘူး။”ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

ထိုပြင် စစ်ကောင်စီက ည ၁၁ နာရီ ၂၀ မိနစ်တွင် လက်နက်ကြီးထပ်မံ ပစ်‌ခတ်မှုကြောင့် တောင်ပို့ကွဲ ကျေးရွာ မှ နေအိမ်တစ်လုံးမီး လောင်ကျွမ်း၍ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ညောင်ရွှေမြို့နယ် ၊ ရေပူကျေးရွာအုပ်စု ၊ ဘုရားတောင်ကျေးရွာ ကို စစ်ကောင်စီတို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် နေအိမ်များ ပျက်စီခဲ့ရကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ် ရက်ဆက် ပစ်ခတ်နေသောကြောင့် ကျေးရွာ ၅ ရွာထပ်မနည်း နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...