ဆီဆိုင်တွင် PNOမှ အရပ်သားများကို မက်လုံးပေး ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ အရပ်သားများကို မက်လုံးပေးကာ ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီမှာ ရပ်ရွာအလိုက် အခြေခံ စစ်သင်တန်းပေးနေပြီး ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် စစ်သင်တန်း (၅)ရက်မျှ တက်ရောက်ခဲ့ကြရသည်ဟု ဒေသခံ များက ပြောသည်။

ထိုကဲ့သို့ စစ်သင်တန်း တက်ရောက်ပြီးသူများကို PNOက ကျေးရွာတစ်ရွာလျှင် လူဆယ်ဦးကို ကျပ်(၅သိန်း) ဖြင့် ဆယ်ရက် ကင်းစောင့်ခိုင်းသည်ဟု ကိုယ်တိုင်ကင်းစောင့်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက ကျေးရွာတွေလိုက်ပြီး စစ်သင်တန်း ပေးတာ။ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး သင်ခိုင်းတာ။ ကင်းစောင့်ဖို့အတွက် တစ်ရွာကို (၁၀)ယောက်ခေါ်တယ်။ (၁၀)ရက်စောင့်ရတယ်။ တစ်ယောက်ကို (၅)သိန်းရတယ်။ အရင်က (၃သိန်း)ပဲ ရတာ။အခုက သူတို့ ပိုပေးလာတာ။” ဟု အဆိုပါ ကင်းစောင့်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

PNO/PNA

လွိုင်ကော်-ဆီဆိုင် သွားလမ်းနှင့် ပုန်းလောင်းဂိတ်နှင့် ဘုရားဖြူလမ်းခွဲ မြို့ရှောင်လမ်း ဂိတ်အပါအဝင် ဆီဆိုင်မြို့ အဝင်အထွက် ဂိတ်တို့တွင် ကင်းစောင့် ခဲ့ရသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုကဲ့သို့ ကင်းစောင့်နေရခြင်းမှာ စားဝတ်နေရေး အဆင်မပြေသည့်အတွက် အခကြေးငွေယူပြီး လူစားထိုး ကင်းစောင့်ပေးနေရပြီး တိုက်ပွဲ မဖြစ်ရန် အတွက် မျှော်လင့်သည်ဟု အသက် (၃၀)အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကိုယ်ကင်းစောင့်တဲ့ အလှည့်မှာ ဘာမှ မဖြစ်ဖို့ပဲ မျှော်လင့်ရတာပဲ။ ပိုက်ဆံရလို့သာ လုပ်နေရတာ စိုးရိမ်စိတ်နဲ့ပဲ။ စားဝတ်နေရေးအဆင်မပြေတော့ ဒီလိုပဲ ငွေယူပြီး ကင်းစောင့်ပေးရတာပေါ့။” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ဆီဆိုင်မြို့နေ မနှင်းကလည်း “ အကိုဆိုရင် အဲလိုပဲ ငွေကြေးယူပြီး ကင်းစောင့်ပေးနေတာ။ နောင်ထောဝ်ဘက် ဂိတ်မှာစောင့်ရတာ။ သူ့တာဝန်ချိန်ပြည့်ပြီး ပြန်တော့မဲ့ အချိန်မှာ ရှေ့တန်းက PNOစစ်သားတွေက ပိုက်ဆံပေးပြီး လာခေါ်တော့ လိုက်သွားတာ။ အဲဒီမှာပဲ အတိုက်ခိုက်ခံရပြီး သေသွားတာ။အလောင်းတောင်ပြန်မရဘူး။” ဟု ဆိုသည်။

PNO/PNA

ထို့ပြင် PNOတပ်ဖွဲ့သည် စစ်ကောင်စီနည်းတူ အမျိုးသမီးများစစ်မှုထမ်းရန် အတွက် စာရင်းများ ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOတို့က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ဗုံးကြဲခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...