ညောင်ရွှေမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာ (၁၀) ရွာခန့်ရှိ ဒေသခံ ၃ ‌ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရ‌ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုများဖြစ်ပွားခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များတွင် အမှတ် ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PK PDF-2)၊ ပျားစစ်ကြောင်း၊ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ (SSRY) တို့ပါဝင်သည်။

ထိုစစ်ရေးတင်းမာမှုကြောင့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ဘေးရှောင်များနေရာ

“အခုက အင်းရဲ့ အနောက်ဘက်ခြမ်းကိုလည်း လုံးဝ ရှောင်လို့မရဘူး။ မြောက်အင်းဘက်က အသိရှိတဲ့ရွာမှာ ရှောင်နေကြရတယ်။ ကိုယ့်ရွာနဲ့ နီးနေတဲ့ရွာတွေမှာပဲ အများစုက ရှောင်ကြတယ်။ တချို့တော့လည်း ဖယ်ခုံမြို့ဘက်ကို ရှောင်ကြတယ်။ ဘယ်ရွာမှာ ရှောင်နေလဲဆိုတာတော့ အတိအကျ ပြောပြလို့မရဘူးရှင့်”ဟု အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် နီးစပ်ရာ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် နေရာထိုင်ခင်းအပြင်၊ စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“လက်ရှိမှာ အလှူရှင်တွေလည်း မရှိဘူး။ သူတို့မှာ ပါလာတာလေးတွေနဲ့ ရှိတာနဲ့ပဲ ချက်ပြုတ်စားသောက် နေရတယ်။ တချို့ဆို အစကတည်းက တခြားရွာမှာ ရှောင်နေရတာ၊ ဒီလို ထပ်ဖြစ်တော့ အဲ့ရွာကနေတဆင့် ထပ်ပြေးရတယ်။ အလုပ်ကလည်း တိုက်ပွဲနဲ့ နီးကပ်တဲ့ နေရာမှာ ဖြစ်တော့ တချို့ဆို ရိတ်သိမ်းခါနီး စပါးတွေ၊ ပဲတွေ မသိမ်းလိုက် ရတာမျိုးတွေရှိတယ်။ လနဲ့ကြာမယ် ဆိုရင်တော့ ပိုပြီး အခက်အခဲတွေ ရှိလာနိုင်တယ်”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများမှာ ဘုရားတောင်၊ လွယ်နွဲ့၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ အိမ်မူ၊ တောင်ပို့ကွဲ၊ ဟိုပန် စသည့် ကျေးရွာဒေသခံများဖြစ်ပြီး လူဦးရေ (၃) ‌‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ဘေးရှောင်များ နေရာ

ထို့အပြင် စံကားဒေသတွင် လာရောက်တိမ်း‌ရှောင်နေသည့် စစ်ဘေးရှောင် လူဦးရေ (၅၀၀) ခန့် ရောက်ရှိနေပြီး နီးစပ်ရာဆွေမျိုးနှင့် ပြောင်းပွဲရုံတို့တွင် လာရောက်ခိုလှုံ နေထိုင်ကြပြီး စားနပ်ရိက္ခာအတွက် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျမတို့ကတော့ ပြေးလာတာ ကြာနေပါပြီ။ အခု နောက်ပိုင်းမှ ပြေးလာတဲ့လူတွေကို စာရင်း ကောက်ထားပေးတာပါ။ အခု လောလောဆယ် (၅၀၀) ဝန်းကျင်လောက်ရှိမယ်။ ဂိုဒေါင်တွေမှာ နေ နေကြတာ။ စားဖို့ သောက်ဖို့ ကတော့ ရေရှည်အတွက်ဆိုရင် စိုးရိမ်ရတယ်။ စားနပ်ရိက္ခာတွေ အတွက်ကလည်း အဆင်မပြေကြဘူး”ဟု ၎င်းစစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဘက်ကမ်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...