စစ်ကောင်စီက TNLAနှင့် ဆွေးနွေးမှု အသာစီးရအောင် လေကြောင်းတိုက်ခိုက်၊ စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေ

စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည်တ ရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးချိန် စစ်ကောင်စီမှ လေကြောင်းလိုက်ဖြင့် နောင်ချိုမြို့နယ်အတွင်း ပစ်ခတ်ကာ စစ်ရာဇဝတ်မှု ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီနှင့် TNLA တို့သည် တရုတ်၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ရေးပြဿနာများကို ဖြေရှင်းရန် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၌ ရောက်ရှိပြီး ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆)ရက်နေ့တွင် တွေ့ဆုံဆွေးမှုစတင်ခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးနေချိန်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေခြင်းသည် အသာစီးရအောင်လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ အကြမ်းဖက်နေလျှင် ဆွေးနွေးမှု အဆင်ပြေချော့မွေ့မှုရှိမည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆွေးနွေးမှုအသာစီးရအောင် အပေါ်စီးရအောင်လို့ လေယာဉ်ကြဲတယ် လက်နက်ကြီးနဲ့ပစ်တယ်။ စစ်ရာဇဝတ်မှုတွေ ထပ်ကျူးလွန်တယ်။ ဆွေးနွေးပွဲမှာတော့အပေါ်စီးကနေ ပြောဆို ဆွေးနွေးနေတာက တောက်လျှောက်ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီလိုဆက်လုပ်နေသမျှ ကာလပတ်လုံးဆွေးနွေးပွဲက အဆင်ပြေချောမွေ့မယ်လို့ မထင်ပါဘူး။အကြမ်းဖက်လုပ်ရပ်တွေ ရပ်ဆိုင်းပစ်နိုင်မှ တစ်စုံတစ်ရာ တိုးတက်မှု ခိုင်မာ ငြိမ်းချမ်းရေးအတွက် ညှိနိူင်းလို့ ရနိုင်မယ်ထင်တယ်။” ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီမှ လေကြောင်း ၊လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ခြိမ်းခြောက်ပြီး အပေါ်စီးရအောင် သုံးနေသည့် နည်းပရိယာယ် တစ်ခုဖြစ်ကာ ထိုနည်းပရိယာယ်အောက်မှာ စစ်ကောင်စီကျရှုံးနေခြင်း ဖြစ်သည်ဟု အဆိုပါ ဦးသန်းစိုးနိုင်က လေ့လာသုံးသပ်ထားသည်။

ဆက်လက်ပြီး TNLAထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသောကြောင့် ဒေသခံများက ယခုဆွေးနွေးပွဲကို အောင်မြင်စေချင်ပြီး စစ်ရေးရပ်တန့်စေလိုကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒီလိုဆွေးနွေးတာက ကောင်းတယ်။ ဖြစ်နိုင်ရင် ဒီစစ်ရေး ရပ်စေချင်ပြီ၊ ဒီစစ်ပွဲကြောင့် နောင်ချိုက အကုန်ပျက်စီးသွားပြီ။ ဝမ်းစာအတွက်လည်း မနည်းရုန်းကန်နေရတာ။ လေကြောင်းရန်ကိုလည်း ကြောက်နေရတယ်။ ဒီစစ်ပွဲရပ်မှ ကျနော်တို့ စားသောက်ရေးလည်း အဆင်ပြေမှာ။” ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် လေကြောင်းတိုက်ခိုက်မည့် သတင်းမှားကြောင်း ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အစကတည်းက ပြည်သူတွေက သတိဝရိယနဲ့ နေနေရပါတယ်ဆိုမှ စစ်ကောင်စီ လော်ဘီက မဟုတ်တဲ့သတင်းတွေ တင်လိုက်တော့ လူတွေညတွင်းချင်းပြေးရတာတယ်။ ပုဂ္ဂလိက ဆေးရုံက လူနာတွေကပါ အရေးပေါ် ပြောင်းရွှေ့ပြီး ပြန်သွားကြတယ်။ သတင်းတု သတင်းမှားတွေ ဖြန့်တာက အကြမ်းဖက်မှဟု မြောက်တယ်။ ဒီလိုသတင်းတုတွေကြောင့် သက်ကြီးနဲ့ ကလေးတွေ ပိုပြီး ဒုက္ခရောက်ရတာပေါ့။” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် စစ်ကောင်စီက တောင်ခမ်းစခန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အုမ္မတီးကျေးရွာတွင် စာသင်ကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုးကုတ်မြို့ကို စစ်တပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းကြောင့် ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လလယ်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့သည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ (၁၈)ရက်တွင် အပစ်ခတ်ရပ်ရန် သဘောတူညီခဲ့သည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုလုပ်ကြောင့် စစ်ကောင်စီမှ လားရှိုးမြို့အပါအဝင် MNDAAထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုရပ်တန့်ခဲ့ပြီး MNDAAဘက်မှ ၎င်းတို့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ခဲ့သည့် နယ်မြေများကို အထူးဒေသ(၁) အဖြစ်သတ်မှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...