စစ်ကောင်စီနှင့် TNLA ကိုယ်စားလှယ်များ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီ (၁၆) ရက်မှ စတင်ပြီး TNLA နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေး ပြဿနာများကို ပြေလည်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

PSLF/TNLA ကိုယ်စားလှယ်အဖွဲ့တွင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တားမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် (၉) ဦး တက်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

TNLA ထိန်းချုပ် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲပြီးနောက် တွေ့ရစဉ်

“အခုက MNDAA တို့က စစ်ကောင်စီနဲ့ ဆွေးနွေးပြီး တပ်ဆုတ်မယ်လို့ ကြေညာပေမယ့်လည်း အခုချိန်ထိ သူတို့ဆုတ်သွားတဲ့ အနေအထားတော့ မတွေ့ရသေးဘူး။ နောက်ပြီးတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်တာကလည်း TNLA က ကိုးကန့်ဆီက ထောက်ပံ့မှုတွေ မရဘူးဆိုရင် ဆက်လက်ရပ်တည်ဖို့ ခက်သွားလိမ့်မယ်”ဟု စစ်ရေးကျွမ်းကျင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလ (၂၅) ရက်တွင် TNLA မှ စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရသည့် ပြညသူအကျိုးကို ငဲ့ညှာထောက်ထားမှု၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ စစ်ကောင်စီနှင့် နှစ်ဘက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းတွေ့ဆုံဆွေးနွေးရန် ထုတ်ပြန်ပြီးနောက်တွင် TNLA ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု လျော့နည်းသွားခဲ့သော်လည်း MNDAA နှင့် စစ်ကောင်စီတို့အကြား ဇန်နဝါရီ (၁၈) ရက်မှ စတင်ပြီး တရားဝင်အပစ်ရပ်နိုင်ခဲ့ပြီးနောက် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်များကို စစ်ကောင်စီမှ လေကြောင်းဖြင့် တဖန်ပြန်လည် ထိုးစစ်ဆင်ကာ TNLA ကို ဖိအားပေးခဲ့သည်။

TNLA ထိန်းချုပ် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲပြီးနောက် တွေ့ရစဉ်

ဇန်နဝါရီ (၂၁) ရက်မှ (၂၇) ရက်အတွင်း စစ်ကောင်စီက နောင်ချိုနှင့် ကျောက်မဲမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူစည်ကားသည့် လ္ဘက်ရည်ဆိုင်နှင့် ဆေးရုံတို့မှ အရပ်သား (၁၅) ဦး သေဆုံးပြီး (၃၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ဖေဖော်ဝါရီ (၄) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ TNLA ထိန်းချုပ် မိုးကုတ်မြို့တွင်လည်း ကျောက်တူးဖော်နေသည့် လုပ်ကွက်များကို ဖေဖော်ဝါရီ (၁၀) ရက်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား (၅) ဦး သေဆုံးပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...