ဆီဆိုင် PNO စစ်သင်တန်းသားများ ကျည်တစ်ထောင့် ကျပ်(၁၅၀၀)ဖြင့် လေ့ကျင့်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က စစ်သင်တန်းသားများကို ကျည်တစ်တောင့် ကျပ်(၁၅၀၀)ပေးစေပြီး စစ်ရေးလေ့ကျင့်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ရာတွင် နေ့အချိန်နှင့် ညပိုင်းအချိန်တွင် လေ့ကျင့်ရပြီး လေ့ကျင့်ချိန်တွင် သင်တန်းသားများကို ကျည် ဆယ်တောင့်ထက် ပိုမပစ်ခိုင်းကြောင်းနှင့် ပိုပစ်၍ လေ့ကျင့်လျှင့် ကျည်တစ်ထောင့် စာငွေပေးရသည်ဟုစစ်သင်တန်းဆင်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စစ်သင်တန်းက (၅)ရက်ကျော်တက်ရတယ်။ အခြေခံ သေနတ်ပစ်နည်းတွေသင်ရတယ်။ အချိန်က နည်းတာရယ် ပြီးရင် ညပိုင်းလုံခြုံရေးယူတဲ့အခါ ပိုထိရောက်မှုရှိအောင်လို့ ညဘက်မှာပါ လေ့ကျင့်ရတာ။ သေနတ်ပစ်တဲ့အခါ ကျည် ဆယ်တောင့် ထက်ပိုပစ်မလေ့ကျင့်ရဘူး။ ပိုသွားရင် ကျည်တစ်တောင့်ကို ကျပ်(၁၅၀၀) ပေးရတယ်။” ဟု စစ်သင်တန်းဆင်း တစ်ဦးက ပြောသည်။

PNO တပ်သား

ထို့အပြင် စစ်ရေးလေ့ကျင့်မှုတွင် ဘုရားဖြူဒေသခံ အပါဝင် တခြားသော ဆီဆိုင်မြို့နယ် ကျေးရွာများမှ ဒေသခံများပါဝင်ကာ စစ်သင်တန်းကို (၅)ရက်မှ (၇) ရက်အထိ သင်ကြားရပြီး တစ်သုတ်လျှင် သင်တန်းသား (၈၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကြောင့် အနီးနားရှိ ကျေးရွာဒေသခံများက ကြောက်လန့်နေကြရပြီး စစ်သင်တန်းရက်ပိုင်း တက်ရောက်ပြီးသူများကို ရပ်ရွာလုံခြုံရေးနှင့် ထောက်ပို့လုပ်သည့်နေရာတွင် ဝင်ရောက်တာဝန်ယူ ထမ်းဆောင်ခိုင်းကြောင်း ဒေသခံများက ပြောသည်။

PNA/PNO

ဆက်လက်ပြီး စစ်ကောင်စီနှင့် PNOတို့က ရှေ့တန်းရိက္ခာပို့ရန်အတွက် ဒေသခံကားများကို ချောဆွဲနေသောကြောင့် ဆီဆိုင်မြို့နယ် ကျေးရွာအများစုတွင် ကျေးရွာ ရန်ပုံငွေဖြင့် စစ်တပ်ရိက္ခာပို့ရန် ကားတစ်စီးစီ ဝယ်ထားပေးရကြောင်း ဆီဆိုင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ကားပဲခေါ်တာ မဟုတ်ဘူး။ လူကိုပါ ကားမောင်းပို့ခိုင်းတော့ ဘယ်သူမှ မလိုက်ချင်ဘူး။ဒါကြောင့် ရွာက စုပြီး စစ်တပ်အတွက် ဟိုက်ဂျက် ကားတစ်စီး ဝယ်ထားပေးရတယ်။ အရင်က ကားတွေယူသွားပြီး ပြန်မပေးဘူး။ ထောက်ပို့ဆိုပြီး ယူသွားတာ ပြန်မရတော့ဘူး။” ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိဆီဆိုင်မြို့တွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း လေကြောင်းရန်ကို ဒေသခံများ အထူးသတိထားနေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ ဟိုပုံးမြို့တွင်လည်း စစ်တပ်၏ လေ့ကျင့်ရေးတပ်အတွင်းမှ လက်နက်များ ပစ်ခတ်လေ့ကျင့်နေသောကြောင့် တပ်နှင့် အနီးတဝိုက်တွင် နေထိုင်သည့် ဒေသခံများ စိုးရိမ်ထိပ်လန့်ခဲ့ရသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...