စစ်ကောင်စီ

လဲချား-တောင်ကြီးကြား စစ်ဆေးရေးဂိတ်တွင် ကျောင်းသားများထံ ငွေတောင်းခံမှုရှိနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နှင့် တောင်ကြီးမြို့ကြားရှိ ပြည်ထောင်စု လမ်းမကြီးတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ကျောင်းသားများထံ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များသည် အိမ်စီးကားများ၊ လိုင်းကားများနှင့်အတူ ပါလာသည့် ခရီးသည်များကိုလည်း စစ်ဆေးပြီး ခရီးသည်ထံများလည်း ငွေတောင်းယူမှုများ ရှိကြောင်း သိရသည်။ လဲချားမြို့ နှင့်...

ကျောက်မဲမြို့နယ် တစ်နှစ်ကျော်ကြာ မြေမြှုပ်မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ကုသရန် ငွေကြေးခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဟူကျေးရွာအုပ်စု ပန်တောင်ကျေးရွာဒေသခံ တစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းနင်းမိပြီး လက်ရှိအချိန်ထိ ခွဲစိတ်ကုသမှု မပြုလုပ်ရသေးကြောင်း စုံစမ်းသိရှိရသည်။ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသား လုံးအိန္တဂ သည်  အသက် (၅၀) ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ်ကတည်းက တောထဲ နွားသွားရှာရင်း...

ပြည်ထောင်စု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြေအနေအပေါ်မူတည်ပြီးတော့ ဆွေးနွေးသွားမယ်လို့ RCSS ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ဆုံဆွေးနွေလိုကြောင်း ယမန်နေ့ (အောက်တိုဘာ ၁၀) ရက်နေ့မှာ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကမ်းလှမ်းမှုသည် အောက်တိုဘာ (၁၀) ရက် မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်အထိ သတ်မှတ်ထားပြီး...

တောင်ကြီးမြို့ နေအိမ်တစ်လုံး ဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင်းရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်း အများအပြားပါသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့ ည) တွင် အိမ်တွင်းရှိ ပစ္စည်းများ လက်ဝတ် ရတနာများ နှင့် ငွေသားများ တန်ဖိုးကျပ်ငွေ...

မိုင်းကိုင်မြို့နယ် လယ်ယာအတွင်း လက်နက်ကြီး ကျပေါက်ကွဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာရှိ မြေပဲစိုက်ခင်းအတွင်း လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(အောက်တိုဘာ ၁၁) ရက် နံနက် ၄ နာရီကျော်ဝန်းကျင်တွင် စိုင်းတိ၏ မြေပဲစိုက်ခင်းအတွင်း RPG 2 လက်နက်ကြီး အမျိုးအစား ကျပြီး...

မိုးဗြဲမြို့ စစ်ရေးတင်းမာမှု မရှိသော်လည်း တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် လက်ရှိစစ်ရေးတင်းမာမှု မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ထဲ စစ်အင်အား ဖြည့်တင်းထားပြီး လက်ရှိမှာ စစ်ရေး ငြိမ်နေကြောင်း သိရသည်။ “သူတို့က ဟိုဘက်မှာပဲ နေနေတာ။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ သူတို့...

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ရပ်ကွက်တွင်းရှိ လမ်းများ ဆိုးရွားစွာပျက်စီးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် ရပ်ကွက်တချို့ရှိ လမ်းများ ပျက်စီးကာ ပြည်သူများ သွားလာရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ မယ်ခေါင် ရပ်ကွက် (၃) တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း လမ်းရှေ့ နှင့် တာချီလိတ် လေယာဉ်ကွင်းလမ်းတလျောက် စသည့် မြို့တွင်းရှိ ရပ်ကွက်လမ်းများမှာ...

နေပူရှိန်ကို အံ့တုပြီး အလုပ်သမားကဒ်လုပ်သူများ

ကျစ်ကျစ်တောက်ပူနေတဲ့ နေအရှိန်အောက်မှာ စာရွက်စာတမ်းကိုယ်စီ ကိုင်ပြီး ထီးဆောင်းကာ တချို့က ထိုင်နေကြသလို တချို့ကလည်း မတ်တပ်ရပ်ကာ တန်းစီစောင့်ဆိုင်း နေကြပါတယ်။ အဲ့လူတွေဟာ ရာချီရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလုပ်ခွင့်ရဖို့အတွက် Work Permit ကို လာရောက် သက်တမ်းတိုးကြဖို့ အတွက် စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပဲ...

စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( အောက်တိုဘာ ၆)ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။ “...

ဟိုပုံးမြို့မဈေးတွင် သက်ဆိုင်ရာဌာနက လိုင်စင်စစ်ဆေးပြီး ပိုက်ဆံကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မြို့မဈေးတွင် ယနေ့(အောက်တိုဘာ ၇)ရက်တွင် သက်ဆိုင်ရာဌာများက လာရောက်စောင့်ဆိုင်းပြီး ဈေးဝယ်လာသော ပြည်သူများကို ဆိုင်ကယ်လိုင်စင်မေးမြန်းပြီး ပိုက်ဆံကောက်ခံမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်း ၈ နာရီတွင် စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာဌာနများက ဟိုပုံးမြို့မဈေးသို့ ဈေးလာသုံးသော ပြည်သူများကို...

Latest news