ပြည်ထောင်စု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြေအနေအပေါ်မူတည်ပြီးတော့ ဆွေးနွေးသွားမယ်လို့ RCSS ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ဆုံဆွေးနွေလိုကြောင်း ယမန်နေ့ (အောက်တိုဘာ ၁၀) ရက်နေ့မှာ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။


အဆိုပါ ကမ်းလှမ်းမှုသည် အောက်တိုဘာ (၁၀) ရက် မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်အထိ သတ်မှတ်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုအား လျှော့ချနိုင်ရေး၊ နားလည်မှု ရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေး နှင့် လူထု တိုင်းပြည်အကျိုးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများအား ဖြေရှင်းနိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး RCSS အနေဖြင့် မည်သည့်ပုံစံဖြင့် ဆောင်ရွက်သွားဖို့ရှိပါသလဲ၊ ထုတ်ပြန်ချက်အတိုင်း ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းဘယ်လောက်ရှိမလဲဆိုတာကို (RCSS/SSA) ပြောခွင့်ရ ဒု- ဗိုလ်မှူးကြီး အုမ်ခေးကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က ဆက်သွယ်မေးမြန်ထားသည်။

မေး ။ ။ ပထမဆုံးအနေ နဲ့ ပြည်ထောင်စုအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆွေးနွေးဖို့ ထုတ်ပြန်လာခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ အချိန်ကလည်း ၄ လပဲ ထားရှိထားတယ်ဆိုတော့ အဲဒီ (၄) လ အတွင်းမှာ ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။ ဘယ်အဖွဲ့စည်းတွေနဲ့ အရင်ဆုံး ဆွေးနွေးသွားမလဲ။


ဖြေ ။ ။ အဲ့ဒီ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြေညာချက်ထုတ်ပြီးတာ နဲ့ အဖက်ဖက်က အခြေနေကို လေ့လာနားထောင်ပြီး စမ်းကြည့် ကြည့်ရမှာပေါ့နော်။ အဲ့ခါကျမှပဲ ဘယ်အဖွဲ့တွေနဲ့ စပြီးတော့ တွေ့ဆုံကြမယ်။ ဆွေးနွေးကြမယ် ဆိုတာကတော့ အဲ့ဒီဘက်ကတော့ အခြေအနေအရပေါ်ကြည့်ပြီး လုပ်ဆောင်သွားမယ်။ အခု ချက်ချင်း လက်ငင်းတော့ ဘယ်လိုလုပ်မယ်။ ဘာတွေလုပ်မယ်ဆိုတာတော့ အတိကျတော့ မပြောသေးဘူး။


မေး ။ ။ သတ်မှတ်ထားတဲ့ အချိန် (၄) လ ကာလအတွင်းမှာ ပြည်ထောင်စု တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ တွေ့ဆုံနိုင်မလား။


ဖြေ ။ ။ ဟုတ်။ အခြေနေအရပေါ်မူတည်ပြီးတော့ ဘယ်လောက် ဆွေးနွေးနိုင်မယ်လို့တော့ အဲ့ဒီ အခြေနေပေါ်မှာ မူတည်တယ်။ အတိကျတော့ မပြောနိုင်သေးဘူး။


မေး ။ ။ ဘာကြောင့် အချိန်ကာလ က ၄ လ ပဲ သတ်မှတ်ထားတာလဲ။

ဖြေ ။ ။ အဲ့ဒီ အချိန်ဆိုတဲ့ ဟာကတော့ ပုံသေတော့ မဟုတ်ဘူးပေါ့လေ။ အဖက်ဖက်ရဲ့ အခြေအနေအရ အကယ်၍ နောက်ထပ် လိုအပ်ရင်လည်း အချိန်ထပ်တိုးသင့်ရင်လည်း တိုးရမှာပဲလေ။ မလိုအပ်တော့ဘူး။ လုံလောက်ပါတယ်ဆိုတော့လည်း ဆက်မတိုးတော့ဘူးလေ။ အဲ့တာတော့ ပုံသေတွက်လို့မရဘူး။


မေး ။ ။ ဒီ ဆွေးနွေးမှုမှာကော တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်တွေကို RCSS ဘက်ကနေ ကမ်းလှမ်းပြီး ဆွေးနွေးဖို့ရှိပါသလား။


ဖြေ ။ ။ အဲ့လိုတော့ ကြိုးစားသွားမယ်။


မေး ။ ။ တစ်ခြားအဖွဲ့နဲ့ကော ကမ်းလှမ်းလာတာမျိုးကော ရှိပါသလား။


ဖြေ ။ ။ အဲ့လိုမျိုး ကမ်းလှမ်းလာတာတော့ မရှိသေးဘူး။ ထုတ်ပြန်ထားတာလည်း မကြာသေးဘူးဆိုတော့လေ။

ဒု – ဗိုလ်မှူးကြီး အုမ်ခေး


မေး ။ ။ ဒီလို ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် RCSS ဘက်ကနေကော ဘယ်လောက်ထိ အဆင်သင့် ဖြစ်နေပြီလဲ။


ဖြေ ။ ။ ဟုတ်။ အဖွဲ့အစည်းပေါင်းလည်းများတယ်ဆိုတော့ ဟိုအဖွဲ့ ဒီအဖွဲ့ သူ့အခြေအနေ နဲ့ သူဆိုတော့ ဘယ်အဖွဲ့နဲ့ စပြီး တွေ့ဆုံမယ်ဆိုတာကို အခြေနေအပေါ် မူတည်ပြီးတော့ ဆောင်ရွက်သွားမယ်။ ကျနော်တို့ဘက်ကတော့ အသင့်တော့ ဖြစ်ထားပြီပေါ့။


မေး ။ ။ ဒီ သျှမ်းပြည်တွင်းက သျှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ဖြစ်နေတဲ့ ပြဿနာကိုကော ဒီထုတ်ပြန်ချက်နဲ့အတူ ဘယ်လို လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်သွားမလဲ။


ဖြေ ။ ။ ဟုတ်တယ်။ အဲ့ဒါလည်း အပါအဝင် လက်တွေ့ကျကျ သူ့ဘက် ကိုယ့်ဘက်က မယုံသင်္ကာမှုတွေ၊ ထင်မြင်လွဲမှားမှုတွေ၊ ဖြစ်ပျက်နေတဲ့ ကိစ္စ ပြဿနာအားလုံးက တွေ့ဆုံဆွေးနွေးပြီးတော့ ပွင့်ပွင့်လင်းလင်း သူ့အမြင် ကိုယ့်အမြင် အလှည့်ကျပြီးတော့မှ အကောင်းဆုံးနည်းလမ်းရအောင်တော့ တွေ့ဆုံတဲ့ နည်းလမ်းကတော့ အကောင်းဆုံးလို့ ယူဆတာပေါ့လေ။


မေး ။ ။ RCSS ဘက်ကနေပြီးတော့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ SSPP ကိုကော ဦးဆောင်ပြီး ကမ်းလှမ်းဆွေးနွေး သွားဖို့ရှိပါသလား။


ဖြေ ။ ။ ကျနော်တို့ သျှမ်းအဖွဲ့ အချင်းချင်းကိုတော့ တကယ်လို့ ဆွေးနွေးပြီးတဲ့အခါမှာ သူ့ဘက် ကိုယ့်ဘက် အမြင် ဖလှယ်ကြပြီးတော့မှ ပွင့်လင်းတဲ့ အချိန်ကျရင်တော့ ပြေလည်သွားလိမ့်မယ်လို့တော့ ယုံကြည်ထားတာပေါ့။


ဘာဖြစ်လို့လဲဆိုတော့ သူ့ဘက် ကိုယ့်ဘက်ကလည်း ကိုယ်ကျိုးအတွက် လုပ်နေကြတာ မဟုတ်ဘူးလေ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်ပြည်သူတွေ ငြိမ်းချမ်းရေး တိုးတက်ရေးအတွက် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတယ်ဆိုတော့ အဆင်ပြေလိမ့်မယ်လိုတော့ ယုံကြည်တာပေါ့လေ။


မေး ။ ။ ဘယ်အဖွဲ့အစည်း နဲ့ အရင်ဆုံး ဆွေးနွေးသွားမယ်ဆိုတာကို စီစဉ်ထားတာရှိပါသလား။


ဖြေ ။ ။ အခု လောလောဆယ်တော့ ဘယ်အဖွဲ့နဲ့ စပြီး ဆွေးနွေးမယ်လို့တော့ ပုံသေတော့ မတွက်ထားသေးဘူး။ အခြေနေအရပေါ်မူတည်ပြီးတော့ ကမ်းလှမ်းသွားမယ် ဆောင်ရွက်သွားမယ်ပါမယ်။


မေး။ ။ ပြီးခဲ့တလောက ဆိုရှယ်မီဒီယာပေါ်မှာ RCSS နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဆိုတာကော ဘယ်လို ရှင်းပြချင်ပါသလဲ။


ဖြေ ။ ။ အဲ့ဒီ သတင်းက မဟုတ်မမှန်သတင်း ဖြစ်တယ်။ အဲ့ဒါ လုပ်ကြံသတင်းဖြစ်တယ်။ PNO နဲ့ RCSS က နယ်မြေကိစ္စနဲ့ပတ်သက်ပြီး နယ်မြေပိုင်းခြား ခွဲဝေမှုတွေ လုပ်တယ်ဆိုတဲ့ဟာက လုံးဝမဟုတ်ဘူး။ အဲ့ဒါ မရှိသေးဘူးနော်။ PNO နဲ့ RCSS က အမြဲတမ်း ဒီလိုပဲ သူ့ဘက် ကိုယ့်ဘက် အလေးထားပြီးတော့ သွားလာလှုပ်ရှားတဲ့နေရာမှာ ညှိညှိနှိုင်းနှိုင်း နဲ့ အကြောင်းကြားပြီးတော့ သွားလာလှုပ်ရှားနေတာဆိုတော့ ပြဿနာမရှိဘူး။ အဲ့တာကြောင့် နယ်မြေပိုင်းခြားပေးကြတယ်ဆိုတာ မဟုတ်ဘူးနော်။

မေး ။ ။ ဘာကြောင့်မလို့ ဒီလိုသတင်းထွက်ပေါ်လာလဲလို့ ထင်ပါသလဲ။ ကောလဟလ ဖြစ်တယ်လို့ ပြောလို့ရပါသလား။


ဖြေ။ ။ ဟုတ်တယ်။ ကောလဟလ သတင်းပဲဖြစ်တယ်။ PNO နဲ့ RCSS တို့ အဆင်ပြေနေတဲ့ဟာကို သွေးခွဲချင်တဲ့ သဘောမျိုးပဲလို့ ယူဆပါတယ်။ PNO နဲ့ RCSS က အဆင်ပြေနေတဲ့ဟာကို တစ်ချို့က သိပ်ပြီးတော့ ဘဝင်မကျတဲ့ အဖွဲ့လည်းရှိနိုင်တာပဲလေ။

မေး ။ ။ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။


ဖြေ ။ ။ မရှိတော့ပါဘူး။


အခုလို အချိန်ပေး ဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...