Saturday, April 20, 2024

စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံ PDF ပစ်ခံရသည့်နေရာ

ယမန်နေ့( အောက်တိုဘာ ၆)ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ မနေ့က စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ်တာကြောင့် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ သူတို့ဘက်က တစ်ဖက်သတ်ပစ်ခတ်လာတာ။ ထိခိုက်သွားတဲ့ PDF က ဒဏ်ရာပြင်းထန်တယ်” ဟု ဖယ်ခုံ PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ညနေပိုင်း စစ်ကောင်စီဘက်မှ တဖတ်သတ်ပစ်ခတ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၇)ရက် နံနက်ပိုင်းတွင် မိုးဗြဲမြို့ ညောင်ဝိုင်း လွိုင်ကော်ဘက် ပီကင်းကောခူတို့မှာ စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့ကြောင်းသိရသည်။

ထိုအပြင် စစ်ကောင်စီက ဆောင်ကမ်းဘက်ကို စစ်ရေးထိုးစစ်ဆင်ဖို့ ပြင်ဆင်သဖြင့် ပြည်သူများတစ်ချို့က နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေလျက်ရှိ အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ဒီနေ့ မနက် ညောင်ဝိုင်းဘက်မှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ စစ်ကောင်စီက ဆောင်ကမ်းဘက်ကို စစ်ရေးထိုးဖို့ပြင်ဆင်နေတယ်လို့ ကြားတယ်။ ပြည်တွေ အများလည်း ပြောင်းရွှေ့နေကြတယ်။ တစ်ချို့က ဆွေမျိုးရှိတဲ့အရပ်ကိုပြောင်းရွှေ့သွားကြတယ်” ဟု ၎င်းက ပြောသည်။

ဖယ်ခုံမြို့နယ်ထဲတွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက တစ်ဖက်သတ်ပစ်ခတ်မှုရှိနေကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံ နှင့် မိုးဗြဲမြို့ထဲတို့တွင် စစ်ကောင်စီတပ် နှင့် PDF တပ်ဖွဲ့တို့က စစ်ရေးတင်းမာနေဆဲ ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article