တာချီလိတ်မြို့ ရေကြီးရေလျှံမှု ရပ်ကွက်တွင်းရှိ လမ်းများ ဆိုးရွားစွာပျက်စီးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် ရပ်ကွက်တချို့ရှိ လမ်းများ ပျက်စီးကာ ပြည်သူများ သွားလာရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

မယ်ခေါင် ရပ်ကွက် (၃) တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း လမ်းရှေ့ နှင့် တာချီလိတ် လေယာဉ်ကွင်းလမ်းတလျောက် စသည့် မြို့တွင်းရှိ ရပ်ကွက်လမ်းများမှာ အကြိမ်ကြိမ် ရေတိုက်စားခြင်းခံရပြီးနောက် လမ်းများ ဆိုးရွားစွာ ပျက်စီးနေကြောင်း တာချီလိတ်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

“လမ်းတွေက ရေတိုက်စားသွားတော့ ပျက်စီးသွားတာ။ ချိုင့်ခွက်တွေဖြစ်ပြီး ဆိုင်ကယ်စီးရင် အရမ်းခုန်တယ်။ အဲ့လိုတွေဖြစ်သွားတော့ ဘယ်သူမှ မြန်မြန် မစီးတော့ဘူး။ အခုပျက်စီးသွားတာ ဆိုင်ကယ်၊ ကားတွေသွားဖို့ အဆင်မပြေတော့ဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ဖြစ်ပွား

အဆိုပါ ရပ်ကွက်တွင်းရှိ လမ်းများ ဆိုးရွားစွာ ပျက်စီးနေပြီး လက်ရှိတွင် ပြည်သူများ သွားလာရန်အတွက် ခက်ခဲနေသောကြောင့် စည်ပင်သာယာရေးဌာန အနေဖြင့် အမြန်ဆုံး ပြုပြင်ပေးရန် လိုအပ်နေကြောင်း တာချီလိတ် ဒေသခံများက ဆိုသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေ လမ်းတွေ အမြန်ပြင်ပေးဖို့ တောင်းဆိုချင်တယ်။ သွားဖို့ လာဖို့လဲ အခက်အခဲဖြစ်နေတယ်။” ဟု တာချီလိတ် ဒေသခံ တစ်ဦး ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ် နှင့် မိုင်းဆတ်မြို့နယ်တို့တွင် ယခုနှစ်ရေကြီးမှုသည် ယခင်ကထက် ပိုမိုများလာကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တုတူးဖော်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြသဖြင့် သဘာဝ ပတ်ဝန်းကျင်များသည် ယခင်ကထက် ပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပြီး၊ နွေရာသီတွင် ရေခန်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...