တောင်ကြီးမြို့ နေအိမ်တစ်လုံး ဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင်းရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်း အများအပြားပါသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့ ည) တွင် အိမ်တွင်းရှိ ပစ္စည်းများ လက်ဝတ် ရတနာများ နှင့် ငွေသားများ တန်ဖိုးကျပ်ငွေ သိန်း (၅၀) ဝန်းကျင် ပါသွားကြောင်း ကျောင်းကြီးစု ရပ်ကွက်ရှိ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ကြီးမှာက နေ့တိုင်းလိုလို အိမ်ဖောက်ခံနေရတာ။ သီတင်းကျွတ် ည ဆိုတော့ အိမ်မှာ လူမရှိဘူးလေ။ အဲ့နဲ့ ဝင်ခိုးသွားတယ်။ လက်ဝတ် ရတနာတွေကော ပါသွားတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ဖောက်ထွင်းခံရသည့် အိမ်

အဆိုပါ တောင်ကြီးမြို့ပေါ်တွင် နေအိမ်၊ ဆိုင်ခန်းများ မကြာခဏ ဖောက်ထွင်းခံရသော်လည်း သက်ဆိုင်ရာ ရဲများက ဖမ်းဆီးဆောင်ရွက်ပေးခြင်း တစ်ကြိမ်မှမရှိခဲ့ကြောင်း သိရသည်။

“ 212 ဈေးဆိုင်ခန်းတွေ ဖောက်ခံရတုန်းကလည်း ရဲတွေက ဘာမှမလုပ်ပေးဘူး။ ရဲကိုသွားတိုင်လိုက်တိုင်း စုံစမ်းပေးမယ်နဲ့ ပြီးသွားတာပဲ။ အခု နေအိမ်ဖောက်ထွင်းခံရင် ရဲတွေက ဘာမှ မလုပ်ပေးတော့ ပြည်သူတွေက ကိုယ့်အသိစိတ် နဲ့ သတိထားနေရတယ်။ ရဲတွေက ပြည်သူတွေကို ငွေညှစ်ဖို့ စောင့်နေတယ်“ ဟု ကျောင်းကြီးစု ရပ်ကွက်ရှိ ဒေသခံ တစ်ဦး ကပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ယခုရက်ပိုင်းမှာ ရဲ နှင့် ယာဉ်ထိန်းရဲများက လိုင်စင်မဲ့ ယာဉ်များကို အချက်အလက် စစ်ဆေးမေးမြန်းပြီး အချက်အလက် မပြည့်စုံလျှင် လိုင်စင်မဲ့ ယာဉ်ဟုသတ်မှတ်ကာ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ခြိမ်းခြောက်ပြီး ငွေတောင်းခံယူမှု ပြုလုပ်နေကြောင်း တောင်ကြီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရဲ နဲ့ ယာဉ်ထိန်းရဲတွေက ဉပဒေ နဲ့ လုပ်စားနေတယ်။ လိုင်စင်အချက်လက် မပြည့်စုံရင် လိုင်စင်မဲ့ယာဉ်ဆိုပြီး ငွေတောင်းတာ။ ကားတစ်စီးကို ကျပ်ငွေ (၁၀) သိန်းအထက် တောင်းတယ်။ ပြီးတော့ ကား အမျိုးအစားပေါ် မူတည်ပြီး ဒီထက်ပိုတောင်းတာရှိတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲများ နှင့် ယာဉ်ထိန်းရဲများသည် မြို့ပေါ်တွင် နေ့တိုင်းနီးပါး နေအိမ်တွင်း ဖောက်ထွင်းနေသော သူခိုးများကို အရေးယူဆောင်ရွက်ပေးခြင်း တစ်ကြိမ်မှ မရှိခဲ့ခြင်း ပြည်သူများကိုသာ ဥပဒေဖြင့် ငွေညှစ် နေလျက်ရှိကြောင်း ဒေသခံများဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...