လဲချား-တောင်ကြီးကြား စစ်ဆေးရေးဂိတ်တွင် ကျောင်းသားများထံ ငွေတောင်းခံမှုရှိနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နှင့် တောင်ကြီးမြို့ကြားရှိ ပြည်ထောင်စု လမ်းမကြီးတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ကျောင်းသားများထံ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များသည် အိမ်စီးကားများ၊ လိုင်းကားများနှင့်အတူ ပါလာသည့် ခရီးသည်များကိုလည်း စစ်ဆေးပြီး ခရီးသည်ထံများလည်း ငွေတောင်းယူမှုများ ရှိကြောင်း သိရသည်။

လဲချားမြို့ နှင့် တောင်ကြီးမြို့ ကြားရှိ စစ်ကောင်စီ ဂိတ် (၃) ခု ရှိနေပြီး အနည်းဆုံးငွေ (၆,၀၀၀) ကျပ် ရှိထားရန်လိုအပ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။

“ကျမက တောင်ကြီးကနေ ကျောင်းသွားတက်လာတာ။ လဲချားကိုပြန်တာ ကြားထဲမှာ ဂိတ် (၃) ခုရှိတယ်။ ကျမဆိုဂိတ် (၃) ခု ဖြတ်တာ ၆,၀၀၀ လောက်ကုန်သွားတယ်။ ခရီးသည်တစ်ချို့ဆိုရင် ဒီထက်အများကြီးကုန်တယ်။ စစ်လည်းစစ်ဆေးတယ်” ဟု ၎င်းက ပြောသည်။

တောင်ကြီး ၄ မိုင်ဂိတ်

ယခင်က စစ်ဆေးရေးဂိတ်များတွင် ငွေကြေးပေးရတာမရှိဘဲ လက်ရှိမှာ ငွေကြေးတောင်းလာသောကြောင့် ပြည်သူများ ခရီးသွားရန် ခက်ခဲလာကြောင်း သိရသည်။

“ကျမ ကျောင်းသွားတက်တုန်းကတော့ လမ်းမှာ စစ်ဆေးတာ သိပ်မပေးရဘူး။ အပြန်မှ ပေးရတာ။ ကားခလည်း ဈေးကြီးတယ်လေ။ ဟိုအရင် အာဏာမသိမ်းခင်ဆို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ အခုက မရတော့ဘူး” ဟု အထက်ပါ ကျောင်းသူ ကပြောသည်။

ထိုအပြင် လက်ရှိမှာ စားဝတ်နေရေးအတွက် ပြည်သူများ ခက်ခဲနေပြီး ကုန်သည်များကလည်း ကုန်ကူးသန်းရောင်းဝယ်ရန် အတွက် အမြတ်မရှိကြောင်း သိရသည်။

အလားတူ လဲချားမှ တောင်ကြီးသို့ ကုန်သွယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးကလည်း “ဘာမှ အမြတ်မကျန်ဘူး။ တောင်ကြီးကနေ ကုန်ပစ္စည်း သွားယူလာရင်လည်း ကြားထဲ လမ်းမှာ သူတို့ဂိတ်ကြေးတွေပေးရတယ်။ အသွားလည်း ပေးရ။ အပြန်လည်း ပေးရတယ်။ တစ်ခါပေးရင် ၁ သောင်းလောက်ရှိတယ်လေ။ ကားခ၊ ဆီဖိုး နဲ့ ဈေးကြီးတော့ အမြတ်မကျန်ဘူး” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဝါးရှောင်သခင်ဂိတ်၊ မြို့ဝင်မြို့ထွက်ဂိတ်များမှာ စစ်ဆေးမှု တင်းကြပ်လာပြီး ဖမ်းဆီးမှုများလည်း ရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...