နေပူရှိန်ကို အံ့တုပြီး အလုပ်သမားကဒ်လုပ်သူများ

ကျစ်ကျစ်တောက်ပူနေတဲ့ နေအရှိန်အောက်မှာ စာရွက်စာတမ်းကိုယ်စီ ကိုင်ပြီး ထီးဆောင်းကာ တချို့က ထိုင်နေကြသလို တချို့ကလည်း မတ်တပ်ရပ်ကာ တန်းစီစောင့်ဆိုင်း နေကြပါတယ်။

အဲ့လူတွေဟာ ရာချီရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလုပ်ခွင့်ရဖို့အတွက် Work Permit ကို လာရောက် သက်တမ်းတိုးကြဖို့ အတွက် စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပဲ ဖြစ်ပါတယ်။

အဲ့ဒီ ရာချီလူအုပ်ကြီးဟာ နေအပူရှိန်ကို အံတုပြီး စောင့်ဆိုင်းနေတဲ့ မြင်ကွင်း ဟာ စက်တင်ဘာလကုန်ရက်ပိုင်း ကပါ။

work permit ရဖို့ စောင့်ဆိုင်းနေသူများ

သက်တမ်းတိုးဖို့ကို ယခုနှစ် နိုဝင်ဘာလ ကစပြီး အခု အချိန်ထိ Work permit ၊ အပန်းရောင်ကဒ်၊ ပက်စပိုစ့်၊ ဗီဇာ တွေကို သက်တမ်းတိုးပေးနေပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ Work Permit ရဖို့အတွက် မနက်အာရုံတက်ချိန် (၄)နာရီ ကတည်းက တိုကင်ရဖို့ အတွက် လာရောက်စောင့်ဆိုင်းကြတဲ့ သူတွေပါ။

“ကျမက မနက် ၅ နာရီကတည်းကလာတာ။ အစောလာတော့ နံပါတ်အငယ်ရတယ်လေ။ စောစောလုပ်ပြီး စောစောပြန် ရတယ်။ သူတို့ရုံးက ၈ ခွဲမှ ဖွင့်တာ။ ၇ နာရီလောက်လာရင်လည်း ဟိုအနောက်ဆုံးက နံပါတ်ကို ရကြတယ်လေ” လို့ အသက် ၄၈ နှစ် အရွယ်ရှိ နန်းနွဲ့က ပြောပါတယ်။

တစ်ချို့ကလည်း မနက် ၂ နာရီကတည်းက လာပြီးတော့ တိုကင်နံပါတ်ကို လာစောင့်ယူကြပါတယ်။

work permit ရဖို့ စောင့်ဆိုင်းနေသူများ

ကွင်းပြင်ကျယ်ကြီးထဲမှာစောင့်ပြီး Work permit လာထုတ်တဲ့ သူကို ရုတ်တရက် ကြည့်လိုက်ရင် ပွဲအလားလို့တောင် ထင်ရောင်ထင်မှားဖြစ်ခဲ့ရပါတယ်။

ထိုင်းအစိုးရ အနေနဲ့ တရက်လျှင် ရွှေ့ပြောင်းအလုပ်သမား အယောက် ၂ ထောင်ခန့်သာ Work Permit ထုတ်ပေးတယ်လို့ သိရပါတယ်။

ဒါကြောင့် နေပူ၊ မိုးရွာ မရှောင်ဘဲ ကွင်းပြင်ထဲမှာ ထီး၊ မိုးကာ ကိုယ်စီယူဆောင်လာပြီးတော့ စောင့်ယူကြရ တယ်လို့ Work permit ကို သွားထုတ်ယူတဲ့သူတွေက ပြောပြပါတယ်။

“နေပူလည်း ဒီလိုပဲ။ မိုးရွာလည်း ဒီလိုပဲ။ ဘာအမိုးအကာမှမရှိတော့ နေပူလည်းထီးဆောင်းကြတာပေါ့။ မိုးရွာရင်လည်း တစ်ချို့က ထီးဆောင်း တစ်ချို့က မိုးကာနဲ့ပဲနေပြီး ဒီတိုင်းထိုင်စောင့်ရတာပေါ့။ သူများကလည်း အမိုးအကာတွေ မချထားပေးဘူးလေ” လို့ အသက် (၅၀) အရွယ် လုံးခမ်းက Work permit လာလုပ်တဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

နေပူ၊ မိုးရွာတဲ့ကြားမှာ စောင့်ဆိုင်းရတဲ့အတွက် အခက်အခဲပေါင်းစုံ ကြုံတွေ့နေရကြောင်း၊ တချို့မှာ နေပူဒဏ်ကိုမခံနိုင်တဲ့ အတွက် မူးလဲတာတွေလည်းရှိကြောင်း နန်းနွဲ့ က ပြောပြပါတယ်။

work permit ရဖို့ စောင့်ဆိုင်းနေသူများ

” မနက်ပိုင်းက အခက်အခဲမရှိပေမယ့် နေ့လည်ပိုင်းလောက်ဆိုရင် နေကလည်းပူ၊ အနံ့သက်တွေကလည်း အစုံပဲ။ ဆေးလိပ်သောက်တဲ့သူဘေးနားနေရရင် ပိုဆိုးတယ်။ တစ်ချို့ဆို မူးတောင်မူးလဲတယ်။ မိုးရွာရင်လည်း မိုးရေထဲမှာ နေရတာ” လို့ နန်းနွဲ့က ညီးထွားရင် ပြောပြပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၂ နှစ်ကို တစ်ကြိမ် Work permit နဲ့ အပန်းရောင်ကဒ်တွေ ကို သက်တမ်းတိုးရပါပြီး သက်တမ်းတိုးတိုင်းမှာ ကျန်းမာရေး စစ်ဆေးခ နဲ့ ပွဲစားခ ပေါင်းရင် အနည်းဆုံးက ဘတ်ငွေ ၁ သောင်း (မြန်မာငွေ ကာလပေါက်စျေး ၇ သိန်းကျော် ) ကုန်ရပါတယ်။

“ သူများနိုင်ငံမှာ အလုပ်လာလုပ် ရတာလည်း မလွယ်ပါဘူး။ တစ်နှစ်အတွက် သက်တမ်းတစ်ခါ တိုးပြီးတိုင်း နောက်နှစ် အတွက် ပိုက်ဆံပိုစုနေရပြီ။ အလုပ်သမားကဒ်မရှိရင်၊ သက်တမ်းကုန်ရင်လည်း အလုပ်လုပ်ဖို့အတွက်က အဆင်မပြေဘူး “ ဟု နန်နွဲ့က ဝမ်းနည်းစွာနဲ့ ညီးတွာပြောပြပါတယ်။

အလုပ်သမားကဒ်ကို လာထုတ်တဲ့သူတွေဟာ တနေကုန် လာရောက်စောင့်ဆိုင်းရတဲ့အတွက် အလုပ်ဖျက်ပြီး လာရတော့ တနေ့သာဝင်ငွေ ထိခိုက်ကြပါတယ်။

work permit ရဖို့ စောင့်ဆိုင်းနေသူများ

“ ကျနော်က ပန်းရံလုပ်တာ။ တစ်ရက်ကို ၆၀၀ ဘတ် လောက်ရတယ်။ ကျနော်အမျိုးသမီးကတော့ အိမ်ဖော်ပေါ့။ သူတော့ တစ်ရက်ကို ၃၅၀ လောက်ရတယ်။ ဒီနေ့က ဒီကိုလာတော့ ဝင်ငွေမရတော့ဘူး။ ဒီစာအုပ်ကို ယူဖို့လည်း ပွဲစားကို ငှားလို့မရဘူးလေ” လို့ လုံးခမ်းက ပြောပြပါတယ်။

ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမားရုံးမှာ Work permit သက်တမ်းတိုးပြီး စာအုပ်လာထုတ်တဲ့သူက ၃ သိန်းရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားရုံးကြောညာချက်အရသိရပါတယ်။

လူဦးရေ ၃ သိန်းဟာ စာရင်းရရှိထားတဲ့ သူဖြစ်ပြီးတော့ စာရင်းမရရှိထားတဲ့သူတွေလည်း အများပြားကျန်နေပါသေးတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် တချို့တွေဟာ အလုပ်လက်မဲ့ဘဝ ဖြစ်နေကြသလို တချို့ အလုပ်သမားတွေဟာ လခစားကနေ နေ့စားခ အဖြစ်သာ လုပ်ကိုင်နေကြရတဲ့အတွက် Work Permit ကို သွားလုပ်ဖို့ အရမ်းခက်ခဲနေကြပါတယ်။

“ကိုဗစ် ဖြစ်တော့ အလုပ်ရှင်တွေ အလုပ်ပိတ်တာတွေ ကြုံရတယ်။ နောက်ပြီးဆိုင်ပိတ်တာတွေကြောင့် ကျမတို့ အလုပ်လက်မဲ့ဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းဆိုရင် နေ့စားအနေနဲ့ပဲ ခေါ်တာများတယ်။ အလုပ်ရှင်တွေက လခစားအနေနဲ့ သိပ်မခေါ်တော့ဘူး။ သူတို့ တာဝန်မယူတော့တဲ့ သဘောမျိုးပေါ့” လို့ ချင်းမိုင်မြို့တွင် အိမ်ဖော်လုပ်နေတဲ့ မစိုးက လက်ရှိ အခြအနေကို ပြောပြလာပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေပူ၊ မိုးရွာထဲ အချိန်အကြာကြီး စောင့်ဆိုင်းပြီး သက်တမ်းတိုး လုပ်ဆောင်နေတဲ့အပေါ် ကို ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့က မကြာခဏ တောင်းဆိုခဲ့ပေမယ့် ထိုင်းအာဏာပိုင်က ဥပက္ခာပြု ကြပါတယ်။

work permit ရဖို့ စောင့်ဆိုင်းနေသူများ

“ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ သက်တမ်းသွားတိုးတဲ့ချိန်မှာဆိုရင် နေပူ၊ မိုးရွာထဲလည်း တန်းစီစောင့်ရတာပဲ။ ဒါကို ကျနော်တို့လည်း ထိုင်းအစိုးရကိုပြောဖူးတယ်။ ဘာမှ ထွေထူးပြောင်းလာတာမရှိဘူး” လို့ MAP Foundation မှ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးသူ ပီထောင်းခမ်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ် – ၁၉ ရိုက်ခတ်မှုနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကြားမှာ အလုပ်သမားကဒ်ကို အခက်အခဲမျိုးစုံနဲ့ သက်တမ်းတိုးနေကြပါတယ်။

နေပူ၊ မိုးသည်းထန်ကြား တိုင်းတပါးမှာ အလုပ်သမားကဒ် ကို ခက်ခဲစွာ ပြုလုပ်နေရပေမယ့် မိမိနေရပ်ကိုပြန်ချင်သော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် အလုပ်အကိုင်ရှားပါးမှုတွေ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ပြန်ရန် အလှမ်းဝေးနေဆဲပါ။

“ကျမ အနေနဲ့တော့ မြန်မာပြည်ပြန်နေချင်တာပေါ့။ ဒီလိုအချိန်ကာလမှာ ပြန်ဖို့ဆိုတာ ပိုအလှမ်းဝေးနေပြီ။ သူများနိုင်ငံမှာ နေဖို့ကတော့ ခက်ခဲလည်း လုပ်ရမှာပဲလေ” ဟု မစိုးက စိတ်မကောင်းစွာပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်

0
မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်လိုက်သည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ရေလမ်းကြောင်းများ ညစ်ညမ်းကာ ဒေသခံများ ခံစားနေရသည့် ဒုက္ခများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယမန်နေ့ မေလ ၃၀ ရက်တွင် "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ခရီးစဉ် (Peace Walk) ကို...

ချင်းမိုင်တွင် မူကထ စားရင်း တန်ဖိုးကြီး “ပုလဲ” ဟု ယူဆရသောအရာကို ပင်လယ်ခရုအတွင်းမှ တွေ့ရှိ

0
ချင်းမိုင်မြို့ရှိ ဈေးသည်ဇနီးမောင်နှံနှစ်ဦးသည် မိသားစုနှင့်အတူ မူကထ အကင် သွားရောက်စားသုံးစဉ် "ဟွိုင်ဝမ်" ဟုခေါ်သော ပင်လယ်ခရုအတွင်းမှ ကမ္ဘာ့အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံးစာရင်းဝင် "မီလိုပုလဲ" ဟု ယူဆရသည့် လိမ္မော်ရောင်ပုလဲတစ်လုံးကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ Siriwattana ဈေး မှ ဈေးသည်အမျိုးသမီး ချာလီတာ (Ms....