Wednesday, January 28, 2026

ကျောက်မဲမြို့နယ် တစ်နှစ်ကျော်ကြာ မြေမြှုပ်မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ကုသရန် ငွေကြေးခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဟူကျေးရွာအုပ်စု ပန်တောင်ကျေးရွာဒေသခံ တစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းနင်းမိပြီး လက်ရှိအချိန်ထိ ခွဲစိတ်ကုသမှု မပြုလုပ်ရသေးကြောင်း စုံစမ်းသိရှိရသည်။

မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသား လုံးအိန္တဂ သည်  အသက် (၅၀) ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ်ကတည်းက တောထဲ နွားသွားရှာရင်း မြေမြှုပ်မိုင်းနင်းမိကာ လက်ရှိအချိန်ထိ ခန္ဓာကိုယ်အတွင်းထဲရှိနေသည့် မိုင်းစများကို ခွဲထုတ်ရန် ခက်ခဲနေကြောင်း သိရသည်။

“သူ့ ခန္ဓာကိုယ်ထဲမှာ မိုင်းစ ဝင်ထားတာ (၃) နေရာလောက်ရှိတယ်။ ပေါင်၊ ခြေတစ်လုံး နဲ့ ခြေမျက်စိထဲမှာ မိုင်းစ တွေရှိနေသေးတယ်။ ထုတ်ယူဖို့ ခက်နေတာ။ သွားခွဲစိတ်ဖို့လည်း ပိုက်ဆံမရှိဘူးတဲ့။ အသွားအလာ၊ အိပ်ရင်လည်း တော်တော်နာတယ်တဲ့။ ခွဲစိတ်ကုသဖို့ကလည်း အနည်းဆုံး ငွေ (၁၀) သိန်းလောက်က လိုတယ်” ဟု ကျောက်မဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူတစ်ဦး က ပြောသည်။

ကျောက်မဲမြို့

လက်ရှိ လုံးအိန္တဂတို့ မိသားစုသည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲဘက်တွင် စစ်ဘေးတိမ်းရှောင်လာနေကြောင်း သိရသည်။

လုံးအိန္တဂသည် ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားချိန်က မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း သိရသည်။

ထိုသို့ မြေမြှုပ်မိုင်းနင်းမိသော်လည်း မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...