စစ်ကောင်စီ
ဘုရားထီးတင်ပွဲအတွက် PNO မှ တစ်အိမ်လျှင် ၅,၀၀၀ ကျပ် လိုက်ကောက်
သျှမ်းပြည် တောင်ကြီးခရိုင် ကျောက်တလုံးမြို့တွင် တည်ထားကိုးကွယ်ထားသည့် မဟာဝံသ ဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး ဘုရားထီးတင်ပွဲဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) သည် တစ်အိမ်လျှင် ၅,၀၀၀ ကျပ်ဖြင့် လိုက်လံကောက်နေကြောင်း သတင်းရရှိသည်။ ကျောက်တလုံးကြီးမြို့၏ မဟာဝံသဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး ကျောက်တလုံးမြို့၏ မြောက်ဘက်အရပ်ရှိ မဟာဝံသ ဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီးကို ပြီးခဲ့သည့်...
လင်းခေးမြို့နယ် လူဦးရေ စာရင်းစစ်ရာ လဝကရုံးရှိ အိမ်ထောင်စု စာရင်းထဲတွင် ပြင်ပလူ ရှိနေ
သျှမ်းပြည် လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်းတွင် စစ်ကောင်စီမှ လူဦးရေစာရင်း စစ်ဆေးရာတွင် လဝက ရုံးမှ ပါလာသည့် အိမ်ထောင်စု စာရွက်ထဲ၌ ပြင်ပလူနာမည်များ ပါရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ယခုလအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သျှမ်းပြည်တစ်ဝှမ်း လူစာရင်းများ လိုက်လံစစ်ဆေးရာတွင် လဝက အိမ်ထောင်စု...
လားရှိုး လောင်းကစားဝိုင်း ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံးဦး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ လောင်းကစားဝိုင်းရုံတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦး သေဆုံးကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညနေ ၉ နာရီတွင် လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ...
တာချီလိတ်မြို့တွင် ကားနှင့်ဆိုင်ကယ် တိုက်မိပြီး စည်ပင်ဝန်ထမ်းတစ်ဦးသေဆုံး
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် ကား နှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ စည်ပင်သာယာရေး ဝန်ထမ်း လူငယ်တစ်ဦး သေဆုံးကြောင်း သတင်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၂) ရက် ညနေပိုင်း (၆) နာရီတွင် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ၊ ဝမ်ကောင်းတရားရုံးလမ်းဆုံတွင် ကားကြီးတစ်စီး...
နမ့်ခမ်းမြို့တွင်း အရှိန်ပြင်း မောင်းနှင်လာသည့် အိမ်စီးကား နှင့် သုံးဘီးဆိုင်ကယ်တိုက်မိ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် ဆိုင်ကယ်သုံးဘီး နှင့် ဝင်တိုက်မိပြီး ကားများ ပျက်စီးသွားကြောင်း သိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် နမ့်ခမ်းမြို့ မြို့မဈေးအနီးတွင် အမည်းရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းထန်စွာဖြင့်...
RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ထပ်မံသွားမည်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နေပြည်တော်သို့ ခရီးထွက်မည်ဟု သတင်းသိရသည်။ မကြာမီ ရက်ပိုင်းအတွင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းပိုင်းများ တွေ့ဆုံဆွေးနွေးရန်...
တောင်ကြီးခရိုင် အတွင်း ဓားပြသောင်းကျန်း ပြည်သူများ လုံခြုံမှုမရှိ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် နှင့် ရပ်စောက်မြို့နယ်အတွင်းတွင် ညအချိန်အပြင် နေ့ခင်းပိုင်းမှာလည်း ဓားပြအုပ်စုများ သောင်းကျန်းနေသည့်အတွက် ဒေသခံပြည်သူများက လုံခြုံမှု မရှိဖြစ်နေကြောင်း သတင်း သိရသည်။ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်း ဓားပြအုပ်စု သောင်းကျန်းပြီး ဒေသခံပြည်သူများကို ဓားပြတိုက်ယူနေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ သိရသလောက်...
ရွှေညောင်မြို့ အမျိုးသမီးငယ်တစ်ဦး (၁၀) ရက်ကြာ ပျောက်ဆုံးနေ
သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ လှိုင်ဘုံသာ (၁) ကုန်းလှိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် (၁၀) ရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၂ နာရီဝန်းကျင်တွင် အသက် ၁၈ နှစ်အရွယ်ရှိ...
မိုင်းပန်မြို့နယ် ကျင်းပမည့် သျှမ်းအမျိုးသားနေ့ ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်း
သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့တွင် လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် သျှမ်းအမျိုးသားနေ့ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်းကြောင်း စုံစမ်းသိရသည်။ သျှမ်းအမျိုးသားနေ့ကို ပြီးခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ချိန်မှစပြီး မကျင်းပနိုင်ခြင်းမှာ ၃ နှစ်ရှိပြီး...
အမျိုးသမီးတွေ ကာယအိန္ဒြေပျက်အောင်စစ်ဆေးတဲ့ စကစ တပ်သားများ
ဆိုင်ကယ်ကို တဖြည်းဖြည်း မောင်းနှင်လာချိန်မှာ စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီး လက်နက်ကိုင်အပြည့်နဲ့ ရပ်စောင့်နေတဲ့ တပ်သားတွေကို ရုတ်တရက်မြင်လိုက်တော့ လှည့်ပြန်ဖို့ သူမတို့ ၂ ဦး စဥ်းစားခဲ့မိပါတယ်။ ဒါပေမယ့် ရွေးချယ်စရာ တခြားဖြတ်လမ်းမရှိတဲ့အတွက် စစ်ကောင်စီတပ်စောင့်တဲ့ နေရာကိုသာ စိတ်အားတင်းပြီး တည့်တည့်ဆက်မောင်းခဲ့ပါတယ်။ အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးရှိတဲ့ နေရာဟာ ရွာငံ...





