မူဆယ်မြို့ တရုတ်နှစ်သစ်ကူးချိန် သေနတ်ပစ်ဖောက် ပြည်သူနေအိမ် ထိမှန်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းတွင် တရုတ်နှစ်သစ်ကူး ကျင်းပရာ၌ သေနတ်ဖြင့် ပစ်ဖောက်သဖြင့် ပြည်သူ့နေအိမ်များ ကျည်ဆံထိမှန်မှု ရှိနေကြောင်း သတင်း သိရသည်။

ပြည်သူ့နေအိမ်ထိမှန်သည့် ကျည်

မူဆယ်မြို့ပေါ် နှင့် ကောင်းမူးတုံရပ်ကွက်အတွင်း တရုတ်နှစ်သစ်ကူး ပွဲတော် ပြုလုပ်ရာ ပြည်သူ့စစ်များ က ၉ မမ သေနတ်များကို မီးရှူးမီးပန်း နှင့်အတူ ပစ်ဖောက်သဖြင့် အနီးရှိ ပြည်သူ့နေအိမ်များကို ကျည်ဆံ ထိမှန်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်နှစ်သစ်ကူးမှာ ပြည်သူ့စစ်တွေက မီးရှူးမီးပန်းတွေ ပစ်ရင် သေနတ်အစစ်နဲ့လည်း ပစ်တယ်။ မိုးပေါ် ထောင်ပစ်တာ မဟုတ်ပဲ ၄၅ ဒီဂရီအောက်ကနေ ပစ်တာဆိုတော့ အိမ်တွေကို လာထိတယ်။ အခု ကောင်းမူးတုံ ရပ်ကွက်ထဲမှာပဲ ကျည်ထိတဲ့ နေအိမ် ၆ အိမ်ထက် မနည်းရှိတယ်။ မူဆယ်မြို့ပေါ်နဲ့ ပေါင်းရင် ၁၀ အိမ် ထက်မနည်းဘူး” ဟု ကောင်းမူးတုံ ရပ်ကွက်မှ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

မူဆယ်မြို့ပေါ်ရှိ ပြည်သူ့စစ် အဖွဲ့များ နှင့် လောပန်းများ၏ တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပနေစဥ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်နံရံ နှင့် ခေါင်မိုးပေါ်သို့ ကျည်ဆံ ထိမှန်ကြောင်းလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပြည်သူ့နေအိမ်ထိမှန်သည့် ကျည်

ယင်းကဲ့သို့ သေနတ်ကျည်ဆံ အစစ်ပစ်ဖောက်မှုတွေကြောင့် အနီးရှိ ပြည်သူများကို ကျည်ဆန်ထိမှန်မှာကို စိုးရိမ်ရကြောင်းလည်း မူဆယ်မြို့နေ အမျိုးသား တစ်ဦးက ပြောသည်။

“မီးရှူးမီးပန်းဖောက်တာ နဲ့ သေနတ်သံနဲ့ဆို သိပ်မကွဲဘူး။ ပြီးတော့ သေနတ်ကို မိုးပေါ်တည့်တည့် ၉၀ ဒီဂရီ အနေအထား နဲ့ ထောင်ပစ်တာ မဟုတ်တော့ စောင်းပြီးပစ်တာက လူကို ထိနိုင်ခြေများတယ်။ အခုက အိမ်တွေကိုပဲ ထိတယ် ဆိုပေမဲ့ လူကိုလည်း ထိနိုင်တယ်လေ။ အရမ်းအန္တရာယ်များတယ်” ဟု မူဆယ်မြို့နေ နေအိမ်အတွင်း ကျည်ဆံကျသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သေနတ်ကျည်ဆံများ ထိမှန်သည့် အိမ်နံရံ နှင့် ခေါင်မိုးများ အတွက် တာဝန်ယူ ပြင်ဆင် ဆောင်ရွက် ပေးမှုများလည်း မရှိကြောင်း အထက်ပါ မူဆယ်မြို့ခံ အမျိုးသားက ဆက်ပြောသည်။

“ပြည်သူ့စစ်တွေက သေနတ်ကိုင်တာ မဆန်းပေမဲ့ တချို့လောပန်းတွေကလည်း သေနတ်တွေ ပစ်ဖောက်တာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ ကျည်ဆံ ထိမှန်တဲ့ နေအိမ်တွေကိုတော့ ဘာမှ တာဝန်ယူပေးတာ မရှိဘူး။ ဖြစ်နိုင်ရင်တော့ တရုတ်နှစ်သစ်ကူးမှာ အရင်ကလို မီးရှူးမီးပန်းတွေ ဖောက်တာမျိုးလောက်ပဲ ဖြစ်စေချင်တယ်။ အန္တရာယ် နည်းတာပေါ့” ဟု ၎င်းက ပြောသည်။

နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့နယ်အတွင်း၌ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး ၂ နှစ်နီးပါး ကြာလာသည့် အချိန် သေနတ်ကိုင်ဆောင်သူ အရင်ကထက် ပေါများလာပြီး လောပန်းများ၏ မွေးနေ့ နှင့် အိမ်သစ်တက်ပွဲများ မှာလည်း သေနတ်ပစ်ဖောက်မှု ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းမှာလည်း မူဆယ်မြို့ မွေးနေ့ပွဲ ပါတီတစ်ခုအတွင်း သေနတ်ပစ်ဖောက်ရာ နေအိမ်အနီးရှိ ပြည်သူတစ်ဦး၏ ပုခုံးကို ကျည်ဆံရှပ်ထိမှန်ခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...