စကစ က လုပ်မယ့် ရွေးကောက်ပွဲကို လူငယ်တွေ လက်မခံနိုင်

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့လက်အောက်ခံ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်း နဲ့ ဌာနဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး သက်ဆိုင်ရာ မြို့ရွာအလိုက် အိမ်ထောင်စု စာရင်းဦးရေ လိုက်လံကောက်ယူမှု ပြုလုပ်နေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရုံး

အဲ့ဒီလို ပြည်သူလူထုရဲ့ အိမ်ထောင်စု နာမည်စာရင်း လိုက်လံကောက်ယူနေတာတွေဟာ ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမယ့် စစ်ကောင်စီရဲ့ PR ရွေးကောက်ပွဲအတွက်လို့ ပြောဆိုနေကြပါတယ်။

အခုလို ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းထဲက နာမည်စာရင်းတွေကို စစ်ကောင်စီ လက်အောက်ခံ အုပ်စုတွေ ကနေ လိုက်လံကောက်ယူနေတာ နဲ့ ပတ်သက်ပြီး သျှမ်းပြည်က တက္ကသိုလ်ကျောင်းသား/ ကျောင်းသူ သျှမ်းလူငယ်တွေ မဲ ထည့်ကြမှာလား ဆိုတာနဲ့ သူတို့ရဲ့ အမြင်သဘောထား ဘယ်လိုရှိလဲ ဆိုတာကို သျှမ်းသံတော်ဆင့်မှ မေးမြန်းတင်ဆက်ထားပါတယ်။

နန်းလှတင် (တက္ကသိုလ်ကျောင်းသူ သျှမ်းလူငယ်)

ကျမတို့ကတော့ မဲ မထည့်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုရင် မဲ ထည့်လိုက်ရင်လည်း နိုင်ငံရေးကလည်း ဒီလိုပဲ ရှုပ်ထွေး ခက်ခဲနေအုံးမှာပဲ။ ပြီးတော့ အခုသူတို့ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာဆိုလည်း ကျမတို့ တက္ကသိုလ်ကျောင်းသူ အနေနဲ့လည်း အခက်အခဲတွေ အများကြီး ကြုံရတယ်။ အရင်က ကျောင်းတက်ရင် လွတ်လွတ်လပ်လပ် တက်လို့ရတယ်။ အခုကတော့ ကျောင်းတက်နေရင်လည်း နိုင်ငံအရေး အခြေအနေတွေ ရှုပ်ထွေးနေတော့ စိတ်မပျော်၊ ပြီးတော့ ကျောင်းတက်တာ၊ မတက်တာက ကြောက်စရာကြီးလို ဖြစ်နေပြီ။ ဒါကြောင့်မို့ ဒီ ၂၀၂၃ က ရွေးကောက်ပွဲမှာ မဲ မထည့်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။

ဓာတ်ပုံ – ၂၀၂၀ နိုဝင်ဘာ (၈) ရက် မိုင်းတုံမြို့နယ် အတွင်း အသက်မပြည့်ကလေးများ လူစားထိုးမဲလာပေးနေသည့်ပုံ

နန်းဆိုင်သျှန် (သျှမ်းလူငယ်)

ဒီ စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲ မထည့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေ လိုလားတဲ့ လိုချင်တဲ့ အုပ်ချုပ်သူ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မပါတော့ဘဲ နဲ့ စစ်ကောင်စီ ရဲ့ အလိုတူ အလိုပါ သူတို့ လက်အောက်ခံ အုပ်ချုပ်မှုကို မလိုချင်လို့ မဲမထည့်ချင်တာ၊ ကျမတို့ မဲ ထည့်လည်း ဘာမှမထူးဘူး။ အရင် အရပ်သား အစိုးရ အုပ်ချုပ်တဲ့ခေတ်မှာ ညရေး ညတာ ခရီးထွက်စရာရှိရင်လည်း ထွက်လို့ရတယ်။ ဘာမှ ကြောက်စရာမရှိဘူး။ အခုတော့ ညမှောင်ပြီ ဆိုတာနဲ့ ဘယ်သူမှ အိမ်ပြင်မထွက်ရဲကြတော့ဘူး။

မိုင်းလဂွန်လ (တအာင်း (ပလောင်) လူငယ်)

စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်လိုက်တာဟာ ၈၈ တုန်းက လိုမျိုး အာဏာသိမ်းမှု အဆက်ဆက် အဆင်ပြေသလို အခုလည်း အဆင်ပြေမယ်လို့ ထင်ပြီး ရွေးကောက်ပွဲကို ထပ်လုပ်လိုက်တယ် လို့ထင်တယ်။ ဒီအပေါ်မှာ ဒီမိုကရေစီ လမ်းစဥ် နဲ့ ၁၀ နှစ်လောက် သွားနေတဲ့ ပြည်သူလူထုတွေရဲ့ အမြင်တွေ နိုင်ငံရေး ရပ်တည်ချက်တွေ အသိအမြင်တွေက ပိုပြီးတော့မှ နိုးကြားလာတယ်။ ပြီးတော့ လွတ်လပ်မှုရဲ့ အရသာကို ပြည်သူလူထုတွေက သိရှိ နားလည်သွားတဲ့အခါမှာ ဒီမိုကရေစီ လမ်းစဥ်ကိုမှ လာပြီး အာဏာသိမ်း တော့ သူတို့အတွက် ဆိုးကျိုး ပိုဖြစ်စေတာပေါ့။ ပြီးတော့ နိုင်ငံတကာ နဲ့ ပြည်တွင်းပြည်ပ ဖိအားအဖက်ဖက်ကို ရုန်းထွက်နိုင်ဖို့ ဒီရွေးကောက်ပွဲကို လုပ်တယ်လို့ ကျနော်ကတော့ မြင်တယ်ဗျ။
ကျနော်အနေနဲ့လည်း ဒီရွေးကောက်ပွဲကို လုံးဝ မဲပေးမှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကိုလည်း လက်မခံဘူး၊ ကျနော်တို့ တားဆီးလို့ရသလောက် တားဆီးရမယ်။ ကျနော်တို့ မဲက သူတို့ရွေးကောက်ပွဲမှာ ထည့်လိုက်ရင် အာဏာရှင်ကို ထောက်ခံကြောင်း၊ အာဏာရှင် ဖြစ်ကြောင်း ဖော်ပြသလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော် ကတော့ ဒီရွေးကောက်ပွဲကို လက်မခံဘူး၊ မဲလည်း ထည့်မှာ မဟုတ်ဘူး။

၂၀၂၀ ရွေးကောက်ပွဲကာလမှာ မဲလာထည့်သည့် ပြည်သူ

နော်ခမ်း (ကချင် လူငယ် တစ်ဦး)

၂၀၂၃ ရွေးကောက်ပွဲမှာ ဘယ်ချိန်မှာလုပ်မလဲ ဘယ်အဖွဲ့အစည်းတွေပါမလဲ ဆိုတာတော့ ကျွန်တော် အနေနဲ့တော့ စိတ်မဝင်စားဘူး။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အစိုးရကို ရွေးချယ်တင်မြှောက်တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မဖြစ်ဖို့ တားမြစ်ရမယ်။ လူပေါင်း ထောင်နဲ့ချီ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ သေချာပေါက် ဒီမိုကရေစီ နည်းကျမှာမဟုတ်ဘူး တကယ်လို့ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် ကျွန်တော်တို့ ပြည်သူတွေ ဘက် အရှုံးပဲ၊ ကျွန်တော်က ဒီလိုမြင်တာပေါ့ ရွေးကောက်ပွဲ မဖြစ်ဖို့ တားမြစ်ရမယ်။ ဒါက တော်လှန်ရေး လက်နတ်ကိုင်တွေက သဘောပေါက်ပြီးသားဖြစ်မှာပါ။

နိုင်ငံရေးလှုပ်ရှားနေတဲ့ လူငယ်ခေါင်းဆောင်တစ်ဦး

အခု စစ်ကောင်စီတွေ လုပ်ဖို့ရည်ရွယ်နေတဲ့ ရွေးကောက်ပွဲက သူတို့ ပြောရေးဆိုခွင့် ကိုယ်တိုင်က တပ်အပ်သေချာ မပြောနိုင်သေးဘူး။ အဲ့ကြောင့် ကျနော်တို့ အနေနဲ့လည်း ဒီပေါ်မှာ ဘာမှ ထင်မြင်ချက်မပြောလို သေးဘူး။ တကယ်လို့ ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုရင်လည်း အားလုံးက သိတဲ့အတိုင်း တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တာတော့ သေချာတယ်။ နောက်တချက်အနေ နဲ့ စစ်ကောင်စီတွေက ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် ဘယ်လောက်ပဲ ကြိုးစားနေပါစေ။ ရွေးကောက်ပွဲရဲ့ မျှော်မှန်း အကျိုးသက်ရောက်ချက်ကိုတော့ သေချာပြောဆိုနိုင်မှာ မဟုတ်ဘူး။ ရွေးကောက်ပွဲရလဒ်က မတိကျနိူင်ဘူး။ ၂၀၂၃ ခုနှစ်အတွင်းမှာ ပြီးချင်ပြီးမယ်။ မပြီးနိုင်လည်း ဖြစ်နိုင်တယ်။ ဘာကြောင့် လဲဆိုရင် စစ်ကောင်စီတွေကို တော်လှန်တိုက်ခိုက်နေပြီး သူတို့ မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ကလည်းများနေတယ်၊သူတို့ မနိုင် နိုင်တဲ့နေရာမှာ မငြိမ်းချမ်းတဲ့နေရာမှာ ချန်လှပ်ပြီးတော့ လုပ်မယ်ထင်တယ် ရွေးကောက်ပွဲက နေရာတိုင်း မလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲ ဖြစ်လာရင်လည်း ယောက်တိုင်းက မဲထည့်စရာ အကြောင်းမရှိဘူး၊ ဒါကတော့ ကျနော့်ရဲ့ အမြင်ပါ။

လက်ရှိ စစ်ကောင်စီပြုလုပ်နေတဲ့ သျှမ်းပြည်အတွင်းက အိမ်ထောင်စု လူဦးရေ နာမည် စာရင်းကောက်ယူ နေမှုတွေဟာ ပြည်သူအများစု ပူးပေါင်း ပါဝင်မှု မရှိကြသလို စာရင်းပေးသူအနေနဲ့လည်း ဆန္ဒအရ မဟုတ်ဘဲ ဖိအားပေးခံရမှု နဲ့ ၎င်းတို့ရဲ့ လုံခြုံရေး စိုးရိမ်ချက်တွေ ကြောင့်ပေးခြင်းသာ ဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ပြည်သူတွေ အနေ နဲ့ စစ်ကောင်စီရဲ့ လူဦးရေစာရင်း ကောက်ယူမှုကို ငြင်းဆန်ကြရန် နဲ့ မြေပြင်လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက် ဆောင်ရွက်ကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လဝက အဖွဲ့ နဲ့ အခြားမည်သည့် ဒေါက်တိုင်ကိုမဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...