စက်သုံးဆီ အကန့်အသတ် တင်းသွင်းခွင့်ရ တချို့ပန့်ဆီဆိုင် ပိတ်ထားရ

သျှမ်းပြည်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဆီတင်သွင်းခွင့် ရရှိနိုင်မှုကြောင့် တချို့ ပန့်ဆီဆိုင်များက ပိတ်ထားရကြောင်း သတင်းသိရသည်။

စက်သုံးဆီ

ယခု ဇန်နဝါရီလ တတိယပတ်အတွင်းတွင် သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ နှင့် တန့်ယန်းမြို့၊ ကျောက်မဲခရိုင် ကျောက်မဲမြို့ နှင့် သီပေါမြို့တို့တွင် စက်သုံးဆီ အကန့်အသတ်ဖြင့်သာ ရရှိသည့်အတွက် ဈေးနှုန်းတက်လာသည့်အပြင် တချို့ပန့်ဆီဆိုင်များလည်း ပိတ်ထားရကြောင်း သီပေါမြို့မှ ပန့်ဆီဆိုင်ပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဆီကုမ္ပဏီက ဆီတွေကို ပန့်ဆီဆိုင်အလိုက် အကန့်အသတ်နဲ့ပဲ ပို့ပေးနေတော့ လိုသလောက် ရောင်းလို့ မရဘူး။ စစ်ကောင်စီရဲ့ မြို့အုပ်ချုပ်ရေးကလည်း တစ်နေ့ကို ဆီဘယ်လောက်ရောင်းရလဲ ဆိုတာတွေကို လိုက်မေးတာရှိတယ်။ အခုဆို ဆီဈေးလည်း တက်နေတာ့ အချို့ ပန့်ဆီဆိုင်တွေက ပိတ်ထားရတယ်၊ ၆ လ ခွင့်တင်ပြီး ပိတ်တာက သီပေါမှာ ၆ ဆိုင်လောက်ရှိတယ်” ဟု ပန့်ဆီဆိုင် ပိတ်ထားသည့် သီပေါမှ ပန့်ဆီဆိုင် ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပန့်ဆီဆိုင်များ စက်သုံးဆီ ဝယ်ယူရရှိနိုင်ရေးအတွက် အော်ဒါတခါကို ၁၀ ရက် နီးပါး စောင့်ရပြီး လိုသလောက် ပမာဏလည်း မရသည့်အတွက် စက်သုံးဆီ ပန့်ဆီဆိုင်များက ပိတ်ထားရကြောင်း ၎င်းက ဆက်ပြောသည်။

စက်သုံးဆီ ဈေးနှုန်းများသည် ၉၂ တစ်လီတာကို (၂၂၄၀) ကျပ်၊ 95 တစ်လီတာကို (၂၃၀၀) မှ လက်ရှိတွင် ၉၂ တစ်လီတာကို (၂၅၀၀) ကျပ် ၊ 95 တစ်လီတာကို (၂၆၀၀) ဝန်းကျင်အထိ ရှိနေကြောင်းလည်း လားရှိုးမြို့မှ ပန့်ဆီဆိုင် အရောင်းဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဇယ်တစ်လီတာဆိုရင် ၂၇၀၀ ကျပ် နီးနီးရှိတယ်၊ တခြား စက်သုံးဆီ ဈေးနှုန်းတွေကလည်း တက်လာတယ်၊ စက်သုံးဆီ ကုမ္ပဏီဘက်ကလည်း ပန့်ဆီဆိုင်ကို ကြည့်ပြီး အကန့်အသတ်လောက်ပဲ ရောင်းချပေးနေတော့၊ တစ်နေ့ကို ဘယ်လောက်ပဲ ရောင်းရတယ် ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့၊ အဲ့ကြောင့်လည်း တချို့ဆိုင်က ပိတ်လိုက်တာ” ဟု လားရှိုး ပန့်ဆီဆိုင်က ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်သည် မြန်မာငွေကျပ်တန်ဖိုးများ တည်ငြိမ်မှု မရှိသည့်အပြင် တရုတ်နှစ်သစ်ကူးကာလလည်း ဖြစ်နေသည့် တွက် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း စက်သုံးဆီ ရောင်းဝယ်ရေး လေ့လာနေသူ လူငယ်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး လောင်စာဆီပြတ်လတ်မှု ကြုံခဲ့ရပြီး စက်သုံးဆီ ဈေးနှုန်းများက အဆမတန် စျေးမြင့်တက်လာခဲ့သည်။

ဇူလိုင်လဆန်းပိုင်းမှ စပြီး စက်သုံးဆီဈေးနှုန်းများသည် ၁၆၅၀ ကျပ်အထိ ကျဆင်းလာခဲ့ပြီး ယခုတစ်ဖန်တွင် ကျပ် ၃၀၀၀ နီးနီး ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...